Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက် ၃၅နှစ်ပြည့်သွားပြီဖြစ်တဲ့ ထွန်းထွန်း(Examplez)

$
0
0

အဆိုတော်တယောက်အနေနဲ့ သာမက သရုပ်ဆောင်တယောက်အနေနဲ့ပါ ပရိသတ်ရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့ ထွန်းထွန်း(Examplez) ကတော့ ယနေ့ဒီဇင်ဘာလ ၂၄ရက်နေ့မှာ အသက် ၃၅နှစ်ပြည့်လို့သွားခဲ့ပါပြီ။

“မွေးနေ့ကတော့ ၁၉၈၃ ခုနှစ်မွေးတာဆိုတော့ အခုဆိုရင် ၃၅ နှစ်ပြည့်တာပါ။ လူလတ်ပိုင်းကိုတောင် ကျော်လာပြီပေါ့။ လူကြီးပိုင်းထဲကို ရောက်လာခဲ့ပြီပေါ့။ အဓိကကတော့ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးနဲ့ပတ်သက်ပြီး လိုက်စားဖြစ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့ စနစ်တကျတည်ဆောက်ဖြစ်တယ်။ ဒါပါပဲ။ တခြားဟာကတော့ မိဘကို စိတ်ချမ်းသာအောင် ထားပေးတယ်။ တခြားကိုယ်လုပ်ချင်တာလေးတွေကို ကြိုးစားပြီးလုပ်တယ်” လို့ ထွန်းထွန်း(Examplez) က ပြောပါတယ်။

အသက်ကြီးလာတာနဲ့အမျှ မိသားစုကို ပိုဂရုစိုက်ဖြစ်ပြီး ငယ်ငယ်ကလို မဆိုးတော့ဘဲ အလုပ်ကိုလည်း ပိုပြီး ဝိရိယရှိရှိနဲ့ လုပ်ကိုင်လာပြီဖြစ်တယ်လို့ ပြောပါတယ်။

“မိသားစုပဲ။ အဖေအမေက အဓိကပဲ။ အရင်ကလည်း အဓိကကျခဲ့တယ်။ အခုလည်းအဓိကကျတယ်။ အဖေအမေကို ဂရုစိုက်နိုင်ဖို့က ကိုယ်တိုင်ကကျန်းမာနေမှဖြစ်မှာဆိုတော့ ကျန်းမာရေးကို လိုက်စားတယ်။ အလုပ်ကို အချိန် အတိအကျနဲ့ ဝိရိယရှိရှိနဲ့ လုပ်လာတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

မွေးနေ့မှတော့ ထူးထူးခြားခြားအစီအစဉ်အနေနဲ့ ဘာမှလုပ်ဖို့မရှိဘဲ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးတည်ငြိမ်လာ ခဲ့ပြီလို့ ပြောပါတယ်။

ထွန်းထွန်းကတော့ သူ့ရဲ့မွေးနေ့မနက်မှာပင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် တနှစ်ကျော်ကြာတွဲလာခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြတ်စဲတဲ့အကြောင်းကို ပြောပြထားတာကိုလည်း တွေ့ရပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မီဒီယာများအနေနဲ့ မေးမြန်းခြင်းမပြုဖို့အတွက်လည်း ပြောထားပါတယ်။

သူလက်ခံထားတဲ့ အချစ်နဲ့ပတ်သက်ပြီးတော့လည်း “ဘယ်လိုပဲဖြစ်ဖြစ်ချစ်တာကတော့ ကောင်းတာပေါ့။ မုန်းတာမှ မဟုတ်တာနော်။ ငြိမ်းငြိမ်းချမ်းချမ်းကြင်ကြင်နာနာနဲ့ ချစ်နေရတဲ့မိသားစုအချစ်မျိုး။ သမီးရည်းစားအချစ်မျိုးက အရမ်းကောင်းပါတယ်” လို့ထွန်းထွန်းက ပြောပါတယ်။

မကြာခင်မှာလည်း နှင်းဆီအဖွဲ့နဲ့အတူ “နှင်းဆီပဝါခြုံတဲ့လက်”အငြိမ့်ကို ကပြဖျော်ဖြေသွားဖို့ရှိပြီး ဒီပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

“နှင်းဆီကတော့ ကျနော့်အတွက် မိသားစုအိမ်လိုပါပဲ။ ကျနော်ရုပ်ရှင်တွေ မရိုက်ဘဲ ဝေလေလေဖြစ်နေတဲ့ အချိန်မှာတောင် ပရိသတ်နဲ့အဆက်ပြတ်မှာစိုးလို့ အငြိမ့်ကဆိုပြီး ကျနော့်ဒဏ်တွေ တော်တော်ခံထားရတာ”

“ကျနော်ကတော်တော်ဆိုးခဲ့တာ။ အခုချိန်ထိ လက်တွဲခေါ်တယ်။ အလုပ်လုပ်ခွင့်ရတယ်။ ကျနော့်အတွက် ဘုရားပေးတဲ့ဆုပဲ။ ဒီအလုပ်ကို တန်ဖိုးလည်းထားတယ်။ မြတ်လည်မြတ်နိုးပါတယ်” လို့ ထွန်းထွန်း(Examplez)က ပြောပါတယ်။

ထွန်းထွန်း(Examplez) ကတော့ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများဆက်တိုက် ရိုက်ကူးလျက်ရှိပြီး သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများအနေနဲ့လည်း ရုံတင်ပြသလျက်ရှိပါတယ်။

The post အသက် ၃၅နှစ်ပြည့်သွားပြီဖြစ်တဲ့ ထွန်းထွန်း(Examplez) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...