Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၉ ခုနှစ်မှာ အယ်လ်ဘမ်သစ်ဖြန့်ချိမည်ဟု Rihanna အတည်ပြု

$
0
0

အဆိုတော် Rihanna ဟာ ၂၀၁၉ ခုနှစ်မှာ အယ်လ်ဘမ်အသစ်ဖြန့်ချိတော့မယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုလိုက်ပါတယ်။

သူ့ရဲ့နှုတ်ခမ်းနီကြော်ငြာတခုမှာ Instagram အသုံးပြုသူတဦးက “ဘယ်တော့လောက် အယ်လ်ဘမ်အသစ်ကို ဖြန့်ချိမှာလဲ။ အယ်လ်ဘမ်အသစ်ဖြန့်ချိမယ့် ရက်အတိအကျ သိခွင့်ရှိမလား” ဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ အဆိုတော် Rihanna က “၂၀၁၉” လို့ ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

အခုမကြာမီထွက်ရှိတော့မယ်လို့ဆိုတဲ့ အယ်လ်ဘမ်ဟာ သူ့အတွက်တော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဋ္ဌမမြောက် အယ်လ်ဘမ် “ANTI” ပြီးတဲ့နောက် ပထမဆုံးဖြန့်ချိမယ့်အယ်လ်ဘမ်လည်းဖြစ်လာမှာပါ။

သူက စတူဒီယိုထဲကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့အကြောင်း အခုနှစ်အတွင်းမှာပဲကြေညာခဲ့ပေမယ့် အတူပူးတွဲ သီဆိုသူနဲ့ သီချင်းစာရင်းအပါအဝင် အယ်လ်ဘမ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မသိရှိရသေးပါဘူး။

သူ့ရဲ့ အသံပိုင်းဆိုင်ရာ ပရိုဂျူဆာ Kuk Harrell က သူ့ရဲ့ Instagram တိုက်ရိုက်ဗီဒီယိုမှာ R9 လု့ိခေါ်တဲ့ အယ်လ်ဘမ်ဟာ အရမ်းကို ထူးခြားကောင်းမွန်တဲ့အကြောင်းပြောထားပါတယ်။

“ANTI” အယ်လ်ဘမ်ဟာ ၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ အကောင်းဆုံး Urban Contemporary အယ်လ်ဘမ်နဲ့ အကောင်းဆုံး အသံသွင်းယူမှုဆုတို့အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီ့အယ်လ်ဘမ်ဟာ Rihanna ရဲ့ ဒုတိယမြောက် နံပါတ် ၁ ပွဲဦးထွက်နဲ့ အဌမမြောက် ထိပ်တန်း အယ်လ်ဘမ် ၁၀ ခုစာရင်းထဲရောက်ခဲ့ပါတယ်။

သူဟာ အခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ “Ocean’s 8” ရုပ်ရှင်မှာ Met Gala ပွဲက ရတနာကို ခိုးယူဖို့ အခြား အမျိုးသမီး ၇ ဦးနဲ့အတူ ပါဝင်လှုပ်ရှားနေတဲ့ ဟက်ကာတဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် Super Bowl ပွဲချိန်ဝက်ဖျော်ဖြေမှုအတွက် ကမ်းလှမ်းခံခဲ့ရပေမယ့် အမေရိကန်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ကြမ်းကြုတ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒူးထောက်ဆန္ဒပြခဲ့ပြီးနောက် အမေရိကန်ဘောလုံးပြိုင်ပွဲကနေ ဖယ်ရှားခံခဲ့ရတဲ့ Colin Kaepernick ကိုထာက်ခံတဲ့အနေနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

Ref:variety

The post ၂၀၁၉ ခုနှစ်မှာ အယ်လ်ဘမ်သစ်ဖြန့်ချိမည်ဟု Rihanna အတည်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...