Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Along with the Gods”တတိယမြောက်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ သေချာသွားတဲ့ D.O

$
0
0

ကမ္ဘာတဝှမ်းက ရုပ်ရှင်ကြည့်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ “Along with the Gods” ရုပ်ရှင်ဟာ နာမည် ကျော် webtoon တခုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အတွဲလေးတွဲထိ ရိုက်ကူးထုတ်လုပ်မယ် ပြောထားတဲ့အတိုင်း ၂၀၁၇ ခုနှစ်အကုန်ပိုင်းမှာ “Along with the Gods: The Two Worlds” နဲ့ ၂၀၁၈ ခုနှစ် နွေရာသီမှာ “Along with the Gods: The Last 49 Days” တို့ကို ရုံတင်ပြသနိုင်ခဲ့ပြီး ဝင်ငွေ အမြောက်အမြား ရရှိခဲ့ပါတယ်။

နောက်ထပ် ထပ်မံထွက်ရှိမယ့် တတိယမြောက်နဲ့ စတုတ္ထမြောက်ကိုတော့ ဆက်တိုက်ရိုက်ကူးထုတ် လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အဆုံးသတ်နိုင်မယ့်လို့ မျှော်လင့်ထားတဲ့အကြောင်း ဒါရိုက်တာ ကင်ယုံဟွာက ဆိုပါတယ်။ သတင်းကောင်းကတော့ နိုင်ငံတကာက Kpop ချစ်သူတွေမျှော်လင့်ထားတဲ့အတိုင်း နာမည်ကျော် EXO အဖွဲ့က D.O (Do Kyung Soo) ကို နောက်ထွက်မယ့်ရုပ်ရှင်မှာ ထည့်သွားမယ့်အကြောင်း အတည်ပြုပေးခဲ့ပါတယ်။

“နောက်ထွက်မယ့် Along with the Gods ရုပ်ရှင်တွေမှာ D.O ပါဖို့ သေချာသွားပါပြီ။ ကျတော်သူနဲ့ မနေ့ကပဲ စကားပြောဖြစ်ခဲ့ကြတယ်။ သူကလည်း လက်ခံခဲ့တယ်”လို့ ဆိုပါတယ်။

ဒါရိုက်တာ ကင်ယုံဟွာ၊ EXO အဖွဲ့က D.O (Do Kyung Soo)

“Along with the Gods” ခေါင်းစဉ်အောက်ကနေ ထွက်ရှိမယ့် နောက်ထပ်ကားတွေ ခပ်စိပ်စိပ်ထွက်လာမယ့် အကြောင်းကတော့ ရင်းနှီးမြှုပ်တဲ့ ကုမ္ပဏီ ပြောင်းသွားတာကြောင့်ပါ။ ယခင် CJ ENM မဟုတ်တော့ဘဲ Lotte Entertainment နဲ့ အတူပူးပေါင်း ရှေ့ဆက်လုပ်ဆောင်မှာပါ”

“ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီပြောင်းသွားတော့ အချိန် မဆွဲဘဲ ခပ်မြန်မြန် လှုပ်ရှားရတော့မယ်ဆိုတာ သိလိုက်တယ်။ ခုချိန်မှာတော့ နောက်ကြောင်း ပြန်လှည့်စရာလည်း မရှိပါဘူး။ ရှေ့ဆက်ဖို့ပဲ ရှိတယ်။ တာဝန်တွေပိုကြီးလာတယ်လို့ တွေးတာထက် ပိုရင်ခုန်စိတ်လှုပ်ရှားလာရတယ်ပဲ တွေးထားလိုက်တယ်” လို့ ဒါရိုက်တာ ကင်ယုံဟွာက ဆိုပါတယ်။

လတ်တလော ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ “Along with the Gods” ရုပ်ရှင်အသစ်ကို တရုတ်ပြည်မကြီးမှာပါ ပြသနိုင်ဖို့ စဉ်းစားနေကြတဲ့ အချက်ပါ။ ဒါရိုက်တာ ကင်ယုံဟွာကတော့ ဒီရုပ်ရှင်တင် မကဘဲ ကိုရီးယား ရုပ်ရှင်တိုင်းကို နိုင်ငံတကာမှာ ကောင်းမွန်တဲ့ စံချိန်တွေနဲ့ ပြသနိုင်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

တတိယမြောက် ထွက်ရှိလာတော့မယ့် “Along with the Gods” ရုပ်ရှင်အသစ်မှာ ယခင် ဟဂျန်းဝူ၊ လီဂျွန်ဂျေး၊ ဂျူးဂျီဟွန်းနဲ့ မက်ဒွန်ဆောက်တို့အပြင် D.O လည်း ပြန်လည် ပါဝင်တော့မှာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေ စိတ်လှုပ်ရှား ရင်ခုန်နေကြတော့မှာပါ။

ဆက်စပ် သတင်းလင့်ခ်သေခြင်းရဲ့ အခြားတဖက် (သို့မဟုတ်) “Along with the Gods”

Ref : Soompi

The post “Along with the Gods” တတိယမြောက်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ သေချာသွားတဲ့ D.O appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...