အဆိုတော် Nicki Minaj ဟာ “Angry Birds 2” ရုပ်ရှင်အသစ်မှာ အသံသရုပ်ဆောင်မယ်လို့ သိရပါတယ်။ သူဟာ Sony Pictures နဲ့ Columbia Pictures တို့ ပူးပေါင်းထုတ်လုပ်မယ့် အဲဒီ့ “The Angry Birds Movie 2” အန်နီမေးရှင်းရုပ်ရှင်မှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်မှာဖြစ်တယ်လို့ ကိုယ်တိုင်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Jason Sudeikis, Josh Gad, Bill Hader, Danny McBrideနဲ့ Peter Dinklage တို့နဲ့အတူ ပါဝင်လာမှာပါ။
“Angry Birds” ရဲ့နောက်ဆက်တွဲရုပ်ရှင်မှာပါဝင်လာမယ့် Minaj ရဲ့ဇာတ်ရုပ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ သူဟာ အန်နီးမေးရှင်းရုပ်ရှင်တွေမှာ ပါဝင်ရတဲ့ အသံ သရုပ်ဆောင် အလုပ်နဲ့တော့ စိမ်းတဲ့သူ မဟုတ်ပါဘူး။ အရင်တုန်းကလည်း “Ice Age: Continental Drift” ဆိုတဲ့ ရုပ်ရှင်မှာ ဆင်မလေး Steffie အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ သူဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း “The Other Woman” နဲ့ “Barbershop 3” တို့လိုမျိုး ဟာသဇာတ်မြူးရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါသေးတယ်။
ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ ၁၀ ကြိမ်တိတိ ပါဝင်ခဲ့တဲ့ Minaj ဟာ အခုနှစ်သြဂုတ်လမှာ သူ့ရဲ့နောက်ဆုံး စတူဒီယိုအယ်လ်ဘမ် “Queen” ကိုဖြန့်ချိခဲ့ပါသေးတယ်။ အဲဒီအယ်လ်ဘမ်ဟာ Billboard 200 မှာ နံပါတ် ၂ နေရာကိုရာက်ရှိခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် Rap အဆိုတော်ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း “The Nicki Wrld Tour” ဆိုတဲ့နယ်လှည့်ဖျော်ဖြေပွဲကိုလည်း ပြုလုပ်ဦးမှာဖြစ်ပါတယ်။
“The Angry Birds Movie 2” ရုပ်ရှင်ကိုတော့ Thurop Van Orman နဲ့ John Rice တို့က ရိုက်ကူးမှာပါ။ နာမည်ကျော် Angry Bird ဗီဒီယိုဂိမ်းဖြန့်ချိခဲ့တဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ၊ အမေရိကန်နိုင်ငံမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ရုံတင်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဟာ ကုန်ကျစရိတ် ဒေါ်လာ ၇၃ သန်းရှိခဲ့ပြီး ဝင်ငွေ ဒေါ်လာ သန်း ၃၅၀ ရရှိခဲ့ပါတယ်။
Ref: aceshowbiz
The post “Angry Birds 2” ရုပ်ရှင်မှာ အသံသရုပ်ဆောင်မယ့် Nicki Minaj appeared first on ဧရာဝတီ.