မင်းသား Liam Hemsworth နဲ့ အဆိုတော် Miley Cyrus တို့ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာလက်ထပ်ခဲ့ကြတဲ့ အနုပညာရှင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့တွေနဲ့ နီးစပ်သူတွေ၊ သူတို့ရဲ့ သူငယ်ချင်း Conrad Carr တင်ခဲ့တဲ့ Instagram ပို့စ်တွေမှာ ကြည့်မယ်ဆိုရင် တကယ့်ကိုပဲ ကြင်စဦး ဇနီးမောင်နှံအသွင် မြင်ခဲ့ရပါတယ်။
လက်ထပ်ခဲ့ပြီဆိုတဲ့ အကြောင်းကို တရားဝင်ကြေညာတာမျိုး မရှိခဲ့ပေမယ့် မကြာသေးမီကပဲ လက်ထပ်ပွဲ အခမ်းအနားလို့ ယူဆရတဲ့ပွဲတခုမှာ နှစ်ဖက် အသိုင်းအဝန်း စုံစုံလင်လင်တွေ့ရှိခဲ့ရပါတယ်။
သူတို့ရဲ့သူငယ်ချင်း Conrad တင်တဲ့ ဓာတ်ပုံတွေထဲမှာ ဆိုရင်တော့ Liam ကို ပွဲတက် ဝတ်စုံနဲ့ မြင်တွေ့ရသလို Miley ကိုတော့ ဆင်စွယ်ရောင်ဝတ်စုံ ဝတ်ဆင်ထားတာကိုမြင်တွေ့ရပါတယ်။ အဲဒီပုံတွေထဲက တခုမှာ Miley ရဲ့ မိခင် Tish က ဂျင်းန်ဘောင်းဘီနဲ့ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားခဲ့ပြီး Liam ရဲ့ အကို Thor မင်းသား Chris Hemsworth ကိုလည်း ဂျာကင်အောက်မှ ဟာဝိုင်အီတီရှပ်နဲ့ ပွဲတက်လာခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။
သူတို့နှစ်ဦးဟာ ဧည့်သည်တော်တွေကို တောင်ပိုင်းဆန်တဲ့ အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး တန်နန်ဆီပြည်နယ်၊ ဖရန်ကလင်းမြို့မှာရှိတဲ့ သူတို့ရဲ့ အိမ်ကို Big Shake ရဲ့ Hot Chicken ကို မှာယူခဲ့ကြပါသေးတယ်။ တခြားနောက်ထပ်သေချာတဲ့ သက်သေတခုကတော့ Miley ရဲ့ ညီမဖြစ်တဲ့ အဆိုတော် Noah Cyrus ကလည်း လက်ထပ်ပွဲ ကျင်းပခဲ့တယ်လို့ ထင်စရာရှိတဲ့ ပွဲပြီးတဲ့နောက် အရက်မူးနေခဲ့တဲ့ ဗီဒီယိုကိုလည်း Instagram မှာ တင်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ပြီဆိုတဲ့အကြောင်းကို ဒီနေ့အထိ တရားဝင် ထုတ်မပြောသေးပေမယ့် အခုတွေ့မြင်ရတဲ့ သက်သေတွေအရဆိုရင် သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပြီးမြောက်ခဲ့ပြီဆိုတာ ရာနှုန်းပြည့် သေချာနေပါတယ်။
Ref: asiaone
The post ခရစ္စမတ်ကို အတူ ဖြတ်သန်းခဲ့ကြတဲ့ Liam Hemsworth နဲ့ Miley Cyrus appeared first on ဧရာဝတီ.