Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွေးရပ်မြေ ကလေးဆေးရုံ သွားပြီး ခရစ္စမတ် ဆုတောင်းပေးခဲ့တဲ့ Jennifer Lawrence

$
0
0

ဟောလိဝုဒ်မင်းသမီး Jennifer Lawrence ဟာ ယခုနှစ်မှာ ကျရောက်ခဲ့တဲ့ ခရစ်စမတ်နေ့ မတိုင်မီ အကြိုတရက်မှာ သူ့ကို မွေးဖွားခဲ့ရာ ကန်တက်ကီပြည်နယ်၊ လူးဝစ်ဗီလီမြို့မှာရှိတဲ့နော်လ်တန် ကလေးဆေးရုံကို သွားရောက် လည်ပတ်ခဲ့ပြီး ခရစ္စမတ် ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အော်စကာဆုရှင်မင်းသမီးဟာ ခရစ္စမတ်ပိတ်ရက်မှာ အဲဒီဆေးရုံကို ရောက်လာခဲ့ပြီးတဲ့နောက် နာမကျန်းဖြစ်နေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်မင်းသမီး Lawrence ဟာ လူးဝစ်ဗီလီမြို့ရဲ့ Marine Toys for Tots ကုမ္ပဏီနဲ့အတူ ဆေးရုံကို ရောက်လာခဲ့တာဖြစ်ပြီး Facebook ပို့စ်တခုမှာ သူ့ရဲ့ ခရီးစဉ်အကြောင်းနဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

အဲဒီ ပို့စ်မှာ “အချိန်ဆိုတာ ကျနော်တို့မှာ ရှိတဲ့ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုပါ။ တနေ့မှာ ၁၄၄၀ မိနစ် ရှိပါတယ်။ လူးဝစ်ဗီလီမြို့ဖွား၊ အကယ်ဒမီဆုရှင် မစ္စ Jennifer Lawrence ဟာ နော်လ်တန်ကလေးဆးရုံမှာ ကလေးတွေကို လာကြည့်ဖို့ တနေ့တာကို ကုန်ဆုံးခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အဲဒီ ပို့စ်အရဆိုရင် Lawrence နဲ့ သူ့ရဲ့ မိသားစုဟာဆေးရုံရဲ့ ကင်ဆာကုသဆောင်နဲ့ အထူးကြပ်မတ် ကုသဆောင်တို့ကို သွားရောက်လည်ပတ်မှုအတွင်း နာမကျန်းဖြစ်နေတဲ့ ကလေးတွေဆီကို အရုပ်တွေပေးအပ်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင်ဆေးရုံဟာ သူတို့ရဲ့ Instagram စာမျက်နှာမှာလည်း မင်းသမီး Lawrence လာရောက်လည်ပတ်ခဲ့တဲ့ ဓာတ်ပုံကိုလည်း မျှဝေခဲ့ပြီး အခြားသတင်းမီဒီယာတချို့ကလည်း Twitter မှာ ဓာတ်ပုံအချို့ကိုမျှဝေခဲ့ပါတယ်။

Entertainment Weekly ရဲ့အဆိုအရ ဒါဟာ မင်းသမီးရဲ့ခြောက်ကြိမ်မြောက် ခရစ်စမတ်အကြိုခရီးစဉ် ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာ သူနဲ့ သူ့မိသားစုဟာ Jennifer Lawrenceဖောင်ဒေးရှင်းနှလုံး အထူးကြပ်မတ် ကုသဆောင် ဆောက်လုပ်မှုအတွက် ဆေးရုံကို ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့ပါသေးတယ်။

Courier-Journal ရဲ့အဆိုအရ အဲဒီဒေါ်လာ ၇၈ သန်းတန် အဆောက်အဦဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးမယ်လို့ ခန့်မှန်းရပါတယ်။ မင်းသမီးက “ကျမရဲ့ မိသားစုနဲ့ ကျမဟာ အဲဒီဆေးရံုံကို သွားရောက် လည်ပတ်တဲ့အချိန်မှာ ထူးခြားတဲ့ကလေးတော်တော်များများနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ ခွန်အားနဲ့ သတ္တိကလေးစားလောက်စရာပါ” လို့ ပြောဆိုခဲ့ပါတယ်။

Ref:etcanda

The post မွေးရပ်မြေ ကလေးဆေးရုံ သွားပြီး ခရစ္စမတ် ဆုတောင်းပေးခဲ့တဲ့ Jennifer Lawrence appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...