Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ ကမ္ဘာကျော်များ

$
0
0

၂၀၁၈ ခုနှစ်ဟာ နယ်ပယ်အသီးသီးက နာမည်ကျော်ထင်ရှားသူတွေ တဖြုတ်ဖြုတ်ကြွေလွင့်ရတဲ့ နှစ်တနှစ်လို့တောင် ပြောလို့ရပါတယ်။ အသက်အရွယ်နဲ့ ရောဂါဝေဒနာတွေကြောင့် ကြွေလွင့်ရသူတွေရှိသလို ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေကြောင့် ကြွေလွင့်ရသူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့ကြတဲ့ ကမ္ဘာကျော်များကို အောက်မေ့နှမြောတသဖွယ် ဖော်ပြပေးလိုက်ပါတယ်။

(၁) Avicii

ကမ္ဘာလှည့်ဖျော်ဖြေမှုတွေနဲ့ နာမည်ကျော်တဲ့ DJ နဲ့ Producer တဦးဖြစ်သူ Avicii ဟာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၂၈ နှစ်သာ ရှိသေးပြီး ဂီတနဲ့ ပတ်သက်ပြီး ပါရမီရှင်တဦးလည်းဖြစ်တာကြောင့် ဂီတလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုပဲ ဖြစ်ပါတယ်။

(၂) Dolores O’Riordan

The Cranberries Band ရဲ့ Vocal ဖြစ်တဲ့ Dolores O’Riordan ကတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ်သာရှိသေးပြီး သူမ သီဆိုခဲ့တဲ့ Zombie သီချင်းကတော့ လက်ရှိအချိန်အထိ အောင်မြင်နေဆဲပဲဖြစ်ပါတယ်။

(၃) Kate Spade

နာမည်ကျော် Kate Spade Brand ကို တည်ထောင်ခဲ့တဲ့ Katherine Noel Valentine Brosnahan ကတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ တကမ္ဘာလုံးက ပျိုမေတွေဟာ သူမရဲ့နာမည်ကျော် Kate Spade Brand လက်ကိုင်အိတ်တွေကို သည်းသည်းလှုပ်ဖြစ်နေချိန်မှာ သူမဟာ စိတ်ကျရောဂါနဲ့ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာပဲ ဖြစ်ပါတယ်။

(၄) Sridevi Kapoor

နာမည်ကျော် ဘောလိဝုဒ်မင်းသမီးကြီး Sridevi ကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်သာရှိသေးပြီး အိန္ဒိယဘာသာစကားမျိုးစုံနဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

(၅) Stan Lee

Marvel Comics ရဲ့ဖခင်ကြီး Stan Lee ကတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး Hulk, Thor, X-Men နဲ့ Spider-Man ဇာတ်ကောင်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။

(၆) Stephen Hawking

ကမ္ဘာမှာ အထင်ရှားဆုံးဖြစ်တဲ့ ရူပဗေဒ သိပ္ပံပညာရှင် Stephen Hawking ကတော့ ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့အဖိုးတန် ရှာဖွေတွေ့ရှိချက်တွေဟာဆိုရင် လူသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေပဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Kate Spade

ကမ္ဘာကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး “Sridevi (ဆရီဒေဝီ)” နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်

ပင့်ကူလူသားနဲ့ အခြားစူပါဟီးရိုးတွေရဲ့ ဖန်တီးရှင်ကြီး Stan Lee ကွယ်လွန်ပြီ

Ref : www.thisisinsider.com

The post ၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ ကမ္ဘာကျော်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...