Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသမီးရုပ် မဟုတ်လို့ သရုပ်ဆောင် မလုပ်ချင်တဲ့ Bobby Soxer

$
0
0

Rap သီချင်းတွေ သီဆိုရင်း ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer (ထက်ထက်)တို့ ချစ်သူနှစ်ယောက်မှာ လွှမ်းပိုင်က ဇာတ်ကားတွေကို သရုပ်ဆောင်နေပြီး Bobby Soxer ကတော့ ဘယ်နေရာကနေ ရိုက်ရိုက်လှတယ်ဆိုတဲ့ ယုံကြည်ချက် မရှိတာကြောင့် ဇာတ်ကားတွေ မရိုက်ဖြစ်ဘူးလို့ ဆိုပါတယ်။

“ချစ်သူလို သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် မရှိဘူး။ မင်းသမီးရုပ် မဟုတ်ဘူး။ ဘယ်နေရာကနေ ရိုက်ရိုက်လှတယ်ဆိုတဲ့ ယုံကြည်ချက်လည်း မရှိဘူး။ သရုပ်ဆောင်တယ်ဆိုတာက Talent တခုပဲလေ။ အဲ့လိုမျိုး Talent က ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိဘူး။ ကိုယ့်ရဲ့အင်တာဗျူးတွေကြည့်ပြီး ဆိုက်ကိုတွေ ဝင်နေတာ”

“ရုပ်ရှင်ရိုက်တယ်ဆိုတာက အမှတ်တရတွေဘာတွေ လုပ်လို့ မကောင်းဘူးပေါ့။ ရုံတွေကအပြိုင်တွေဆိုတော့ Team Work ညီတဲ့ အလုပ်တခုကို ဝင်မနှောက်တဲ့ သဘောပါ။ ကိုလွှမ်းပိုင်က ထက်ထက် သရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာရော ပိုတော်တော့ အကြံပေးတာမျိုးသိပ်မရှိပါဘူး။ များသောအားဖြင့်ကတော့ သူလုပ်တာတွေကို ကြိုက်တယ်။ ကြည့်တယ်”လို့ Bobby Soxer က ပြောပါတယ်။

ကိုယ်တိုင် သရုပ်ဆောင်လုပ်နေတဲ့ လွှမ်းပိုင်က ချစ်သူဖြစ်သူ Bobby Soxer ကိုလည်း ဇာတ်ကားတွေ ရိုက်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

“သူ့ကို သရုပ်ဆောင်ဖို့ ပြောပါတယ်။ သူကိုက ဝါသနာ မပါဘူးလေ။ အရင်က ကိုလူမင်းနဲ့ “အာရွှီးတဲ့ ကိုကို” တို့တော့ ရိုက်တယ်။ ကျနော်က သူ့ကိုရိုက်လို့ပြောတယ်။ သူက အဲ့လိုမျိုးမရိုက်ဘူး။ သူရိုက်ရတာ မကြိုက်ဘူးတဲ့။ ကျနော်ကတော့ ပြောတယ် ရိုက်ပါလို့။ ထက်က ဘာပဲဖြစ်ဖြစ် ပြောပြပေးတယ်။ ဒီနေရာလေးမှာ ပြောင်းလိုက်ရင် ကောင်းမယ်။ အဲ့လောက်ပါပဲ။ သူကတော့ ပြောင်းလဲသွားတာ မရှိဘူး။ ပြောင်းလဲသွားတာ ဂိမ်းတွေလိုက်ဆော့တယ်။ သီချင်းတွေ မလုပ်ဘူး”လို့ လွှမ်းပိုင်က ပြောပါတယ်။

အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer (ထက်ထက်)

ချစ်သူသက်တမ်း ကြာမြင့်လာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ နားလည်မှုကို အထူးတလည်တည်ဆောက်ခြင်းမရှိဘူးလို့ Bobby Soxer က အချစ်ရေးနဲ့ ပတ်သက်လို့ ပြောပါတယ်။

“ထက်တို့ နှစ်ယောက်က နားလည်မှုကို အထူးတလည်ကြီး တည်ဆောက်တာထက် များသောအားဖြင့် ထက်နဲ့ ကိုလွှမ်းပိုင်နဲ့က အကြိူက် လုံးဝမတူဘူး။ မတူပေမယ့် ကြီးကြီးမားမားတွေကိုတော့ နားလည်ပေးဖြစ်တော့ နှစ်ကြာလာတာနဲ့အမျှ နားလည်မှုကို အထူးတလည် တည်ဆောက်စရာ မလိုအောင် ဖြစ်လာတာပေါ့။ သူကပြောင်းလဲသွားတာ ဘာမှ မရှိဘူး။ အရင်တုန်းက အတိုင်းပဲ”လို့ Bobby Soxer က ပြောပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer ကိုတော့ “နှုတ်မဆက်ချင်ဘူး”သီချင်းနဲ့ ပရိသတ်တွေ သိရှိလာခဲ့ကြပါတယ်။ အခုဆိုရင် လွှမ်းပိုင်က တေးစီးရီး အယ်ဘမ်လ်များ ထွက်ရှိထားပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါတယ်။ ထက်ထက်ကတော့ ဂီတတွေကိုသာ လုပ်နေကာ သူတို့ နှစ်ယောက်တွဲ သီချင်းများကလည်း ပရိသတ်ကြားမှာ အကြိုက်တွေ့ခဲ့ကြပါတယ်။

The post မင်းသမီးရုပ် မဟုတ်လို့ သရုပ်ဆောင် မလုပ်ချင်တဲ့ Bobby Soxer appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...