လတ်တလော အမျိုးသမီး ပရိသတ်တွေရဲ့ သဘောအကျဆုံး အကြည့်တွေနဲ့ ပရိသတ်ကို စိုးမိုးနိုင်ထားနိုင်တဲ့ ဒေါင်းက “လိပ်ပြာစံအိမ်” ဇာတ်ကားကြီးမှာ နိုင်ငံခြား ဒါရိုက်တာနဲ့ အချိန်ယူဆွေးနွေးမှုတွေ လုပ်ပြီးမှ သေချာ ရိုက်ခဲ့ရတယ်လို့ မီဒီယာတွေကို ပြောပါတယ်။
“ကျနော်က ‘လိပ်ပြာစံအိမ်’မှာ ရှေးခေတ်က ဓာတ်ပုံဆရာတယောက်၊ ဓာတ်ပုံနဲ့ ပတ်သက်ရင် အရမ်းရူးသွပ်တယ်။ အဲ့ခေတ်က အရမ်းခက်ခဲတယ်၊ ရှုပ်ထွေးတယ်။ အသက်ဝင်တဲ့ ဓာတ်ပုံတပုံ ရဖို့ အများကြီးရင်းနှီးရတယ်။ အဲ့နောက်ကွယ်က အခြေအနေတွေနဲ့ ကျနော်ကာရိုက်တာကို တည်ဆောက်ထားပါတယ်”လို့ ဒေါင်းက ပြောပါတယ်။
“နိုင်ငံခြား ဒါရိုက်တာနဲ့ ရိုက်ရတာ ဘာသာစကား မတူဘူး၊ သူတို့ လိုချင်တာကို ကျနော်တို့ ဇာတ်လမ်း မရိုက်ခင် အချိန်ယူဆွေးနွေးရတယ်။ ရိုက်ကွင်းရောက်တော့လည်း သူတို့က သရုပ်ဆောင်နေသလိုမျို းမဖြစ်စေချင်ဘူး။ ကျနော်ကလည်း အဲ့လိုမျိုးကိုကြိုက်တယ်။ အဲ့တော့ အလုပ်လုပ်လို့ ပိုကောင်းတယ်။ ဇာတ်ညွှန်းဖတ်ပြီးတော့မှ ဒီဇာတ်ကောင်ရဲ့ စိတ်ခံစားချက်နဲ့ ဒီနေရာမှာ ဘယ်လိုစိတ်မျိုးရှိမလဲ ဆိုတဲ့အရာတွေကို ကျနော်တို့ ကြိုပြီးတော့ စိတ်ကူးယဉ်လို့ရတယ်”
“အဝတ်အစားတွေစီစဉ်တဲ့ အခါမှာလည်း ဒီအခန်းမှာ ဘာအရောင်တွေ သုံးမလဲ။ ဒီ Location က ဘယ်လို Location လဲ ဆိုတာသိဖို့ လိုတယ်။ အဲ့ Location ပေါ် မူတည်ပြီး ကျနော်က အဝတ်အစားပိုင်းကို လုပ်ရတာပေါ့။ ‘လိပ်ပြာစံအိမ်’မှာတော့ ပြင်ဆင်ပေးထားတော့ ကာရိုက်တာအတွက်ပဲ ပြင်ဆင်ရတာပေါ့”လို့ ဒေါင်းက ဆိုပါတယ်။
သရုပ်ဆောင် ဒေါင်းက သူ့ရဲ့ ပုံတွေကို Facebook မှာ မိန်းကလေးတိုင်းလိုလို Share နေကျတဲ့ အပေါ် “ပုံတွေ Share ကြတဲ့ ကောင်မလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်”လို့ ဒေါင်းက ပြောပါတယ်။
“ကျနော် ဓာတ်ပုံ ရိုက်ရင် ကင်မရာကို မကြည့်ဘူး။ ကျနော် သူတို့တွေကို ကြည့်လိုက်တယ်။ ပုံတွေ Share ကြတဲ့ ကောင်မလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်။ ကျနော် ကံကောင်းတယ်လို့ပဲ ကျနော် ယူဆပါတယ်။ ကျနော့်ကို ယုံကြည်စွာနဲ့ အားပေးကြတဲ့အတွက် ကျနော်အများကြီး ကြိုးစားပါမယ်”လို့ ဒေါင်းက ပြောပါတယ်။
“၂၀၁၉ မှာလည်း ကျနော်အတွက် စိန်ခေါ်မှုရှိတဲ့ ကာရိုက်တာတွေကိုပဲ ရွေးချယ်ထားတယ်။ နှစ်သစ်ဆိုတာ ဒိုင်ယာရီ စာအုပ်တအုပ် ကုန်ဆုံးတဲ့ အချိန်ပေါ့။ ကိုယ့်ဒိုင်ယာရီလေးတွေကို ပြန်ဖက်တိုင်း ပျော်ရွှင်မှုရပါစေလို့”လို့လည်း ဒေါင်းက ဆိုပါတယ်။
သရုပ်ဆောင် ဒေါင်းကတော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာလည်း ပါဝင် သရုပ်ဆောင်ထားပြီး ပရိသတ်တွေက အားပေးကြတဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။
“ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေ အားပေးကြတယ်ဆိုတာ ကျနော်ချစ်တဲ့သူတွေကို ပေးချင်တဲ့ ဖန်တီးမှု၊ စိတ်ခံစားချက် အဲ့ဒါတွေ ရင်ထဲထိရောက်တယ် ဆိုရင်ကျနော် သရုပ်ဆောင်တယောက် အနေနဲ့ သရုပ်ဆောင်ပြခွင့်ရတာ တန်ဖိုးရှိသွားတာပေါ့။ ကျနော့်ကို တန်ဖိုးထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်အကြည့်တွေကို မိန်းကလေးတွေ သဘောကျတာက ကျနော် မောင်မောင်ကြီးအနေနဲ့ ဒီလိုမျိုးကြည့်ပြီး ဒီလိုမျိုးခံစားချက်နဲ့ သရုပ်ဆောင်လိုက်တယ်။ သူတို့ရင်ထဲ ထိရောက်သွားတယ်ဆိုရင် ကျနော်သရုပ်ဆောင်တယောက် အနေနဲ့ တန်ဖိုးရှိတာပေါ့”လို့ ဒေါင်းက ဆိုပါတယ။
ဒေါင် းပါဝင်ထားတဲ့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းကနေ ပြသနေပြီး ဒေါင်းပါဝင်ထားတဲ့ “လိပ်ပြာစံအိမ်” ဇာတ်ကားကြီးကတော့ ၂၀၁၉ မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။
The post “ကျနော့် ပုံတွေ Share ကြတဲ့ ကောင်မလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” appeared first on ဧရာဝတီ.