Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကလေးပုံမှာ Sad React ပေးတာကို အမေတယောက်အနေနဲ့ စိတ်မကောင်းဘူး”

$
0
0

မိခင်တယောက်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးက ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ သားဖြစ်သူနဲ့ ဓာတ်ပုံတွေ တင်တဲ့အခါ Sad React ပေးတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“Sad React လုပ်တာ သိပ်အဓိပ္ပာယ် မရှိဘူး။ စတာကလည်း မင်္ဂလာဆောင်လိုက်လို့ စိတ်မကောင်းကြဘူး။ နောက်သလိုလိုနဲ့ ဘာလို့အခုထိ Sad React ပေးနေတာ အဓိပ္ပာယ်သိပ်မရှိဘူး။ ညီမဆိုတာ ဆိုရှယ်မီဒီယာနဲ့ အလုပ်လုပ်နေတဲ့ လူတယောက် ညီမကိုလည်း ထိခိုက်တယ်။ ညီမ Image ကိုလည်း တော်တော် ထိခိုက်တယ်။ ဘာလို့လဲဆိုတော့ Entertainment မှာနေတဲ့ သူတယောက်က ညီမ Page ကို ဝင်ကြည့်ပြီး ဘာလို့ Sad React ပေးနေတာလဲလို့ မေးနေတဲ့ သူတွေ အများကြီးရှိတယ်”

“အဲ့လိုမျိုးကြတော့ ညီ Status တင်လိုက်တယ်။ သားသားလေးပါတဲ့ ပုံတွေမှာ Sad React မပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါသည်။ တကယ်တော့ ကလေးပုံတွေမှာ Sad React ပေးတာကို ညီမ မကြိုက်ပါဘူး။ Comment မှာရေးပြီး ရယ်စရာပြောတာက ဘာပြဿနာမှ မရှိပါဘူး။ ညီမပုံကို ညီမသည်းခံနိုင်တယ်။ ကလေးပုံမှာ Sad React ပေးတာကို အမေတယောက်အနေနဲ့ စိတ်မကောင်းဘူး”လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

“သူတို့က ပြောတယ်။ Sad React လေးကို ဘာလို့ အကြီးအကျယ် ပြဿနာ လုပ်နေတာလဲ။ ညီမက အင်တာနက်မှာ ဆိုရှယ်မီဒီယာနဲ့ အလုပ်လုပ်နေတာဆိုတော့ ညီမအတွက် ထိခိုက်တယ်။ အဲဒီအတွက် Sad React များ မပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ မရိုင်းရင်ပြီးရော Comment ပေးတာလည်း လက်ခံပါတယ်”လို့ ယွန်းဝတီလွင်မိုးက ဆိုပါတယ်။

ယွန်းဝတီလွင်မိုးကတော့ လတ်တလောမှာ အွန်လိုင်းကနေ ဗီဒီယိုတွေ တင်ဖြစ်နေပြီး အပျော်သဘောနဲ့ ရိုက်ပြီးတင်ဖြစ်နေတာလို့ ဆိုပါတယ်။ ကိုယ်တိုင်က မိခင်တယောက် ဖြစ်လာတဲ့အတွက်လည်း မိဘနေရာကို ပိုခံစားတတ်လာတဲ့ ယွန်းဝတီလွင်မိုးက ဒါနဲ့ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“မိဘကို ကိုယ်ချင်းစာပြီး နားလည်လာတယ်။ ညီမက ဒါတောင် မိဘကျေးဇူးပြန်ဆပ်ချင်တာကြောင့် ကိုယ့်ဟာကိုယ် ပိုက်ဆံရှာတယ်။ မုန့်ဖိုးတွေ ဘာတွေတောင ်မတောင်းဘူး။ မိဘကျေးဇူးကိုလည်း အရမ်းပြန်ဆပ်ချင်တယ်။ ကိုယ်လည်း မိဘတယောက် ဖြစ်လာချိန်မှာ မိဘကျေးဇူး နားလည်လာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သားလေးလည်း ကြီးလာရင် နားလည်စေချင်တယ်”လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ်အတွင်းက လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးအနေနဲ့ သားလေးကို သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သြဂုတ်လ (၇) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သား Liam ကတော့ နိုင်ငံခြားမှာ မွေးခဲ့တာကြောင့် ကျောင်းတက်လို့ရတဲ့ အရွယ်ရောက်လာတဲ့အခါ နိုင်ငံခြားမှာ ကျောင်းတက်ဖို့အတွက် အခက်အခဲ ရှိမှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံမှာပဲ ထားဖို့ စဉ်းစားထားတယ်လို့လည်း သိရပါတယ်။

The post “ကလေးပုံမှာ Sad React ပေးတာကို အမေတယောက်အနေနဲ့ စိတ်မကောင်းဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...