Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပြိုင်ပွဲအတွင်း စည်းမျဉ်းများ ချိုးဖောက်တယ်လို့ ထုတ်ပြန်ခံရတဲ့ အလှမယ် ရွှေအိမ်စည်

$
0
0

ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက ပိုလန်နိုင်ငံ၊ Kyrnica-Zdroj မြို့မှာ Miss Supranational 2018 အလှမယ်ပြိုင်ပွဲကိုပြုလုပ်ခဲ့ပြီး ၁၀ ဦးမြောက် Miss Supranational အဖြစ် Puerto Rico အလှမယ် Valeria Vazquez က သရဖူကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Miss Supranational 2018 သရဖူ ရရှိခဲ့တဲ့ အလှမယ် Valeria Vazquez

ဆင်စွယ်ရောင်ဂါဝန်နဲ့ လှပနေခဲ့တဲ့ အလှမယ် Valeria ဟာ စင်ပေါ်မှာ တောက်ပနေခဲ့ပြီး လှပမှု၊ ကျက်သရေရှိမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှုတို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုပဲ အလှမယ်ဘွဲ့ရရှိတာနဲ့ ထိုက်တန်ခဲ့တာကိုတွေ့ရပါတယ်။ ပွဲမကျင်းပမီ ကတည်းက ဆုရမယ်လို့ နာမည်ထွက်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီပွဲကို National Costume ပြိုင်ပွဲနဲ့ စတင်ခဲ့ပါတယ်။ အကောင်းဆုံး National Costume ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေထဲကနေ ပြိုင်ပွဲဝင် ၉ ဦးကိုကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ မက္ကဆီကို၊ ရုရှား၊ ကိုရီးယား၊ ဗီယက်နမ်၊ ဂွါတီမာလာ၊ လာအို၊ အင်ဒိုနီးရှား၊ ပနားမားနဲ့ဟတီမယ်တွေ ပါဝင်ကြပါတယ်။

အဲဒီအထဲမှာ ပါဝင်တဲ့ ဗီယက်နမ် အလှမယ် နာမည်က Minh Tu Nguyen ဖြစ်ပြီး မော်ဒယ်လောကမှာ သူကအောင်မြင်ပြီးသားလူတယောက် ဖြစ်ပါတယ်။ ပွဲစဉ်တလျှောက်လုံးမှာ သူဟာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး တကယ့်ကိုပဲ အဆင့်အတန်းရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ပြိုင်ဆိုင်ခဲ့တာကိုတွေ့ရပါတယ်။

ပြိုင်ပွဲမှာ ဆက်ပြီးတော့ အံ့သြလောက်စရာ အလှအပတွေနဲ့ ရေကူးဝတ်စုံပြိုင်ပွဲကို ဆက်လက် ကျင်းပပါတယ်။ အဲဒီနောက်တော့ ပြိုင်ပွဲဝင်တွေထဲကနေ ထိပ်တန်း ၂၅ ဦးစာရင်းကို ကြေညာပါတယ်။ အဲဒီထဲမှာ ဗင်နီဇွဲလား၊ မယ်လာရုဇ်၊ ရုရှား၊ မော်ရစ်ရှ၊ နယ်သာလန်၊ ပိုတာရီကို၊ အီကွေတိုရီယာ ဂူနီယာ၊ ဖိလစ်ပိုင်၊ ယူကရိန်း၊ ဆိုဗက်ရီပတ်ဘလစ်၊ အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျ၊ မက္ကဆီကို၊ ပါကစ္စတန်၊ ရိုမေးနီးယား၊ ဗီယက်နမ်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ဒိန်းမတ်၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ပိုလန်နဲ့မြန်မာနိုင်ငံတို့က အလှမယ်တွေ ပါဝင်ကြပါတယ်။

ထိပ်တန်း ၃ ဦးထဲမှာပါဝင်တဲ့ အင်ဒိုနီးရှား အလှမယ်နာမည်က Wilda Situngkir ဖြစ်ပါတယ်။ Miss Supranational ရရှိတဲ့ အလှမယ်နဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့ အလှမယ်လည်းဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက်လုံးမှာလည်း ပရိသတ်ရဲ့ အားပေးမှုကိုတော်တော်လေးရရှိခဲ့တာပါ။ မယ်စကြာဝဠာပြိုင်ပွဲတွေမှာဆိုရင် အစဉ်အလာကြီးတဲ့ ဖိလစ်ပိုင်နိုင်ငံကနေ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ အလှမယ်ကတော့ Jehza Huelar ဖြစ်ပါတယ်။ သူ့ရဲ့မျက်ဝန်းထဲက ကြင်နာမှုတွေကို မြင်တွေ့ရမှုက သူ့ရဲ့ အားသားချက်ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ နံပါတ် ၂၁ နေရာမှာ ရှိနေခဲ့သူက မြန်မာနိုင်ငံက အလှမယ် ရွှေအိမ်စည်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုပွဲမှာတော့ သူဟာ အလှမယ်တယောက်ရဲ့ ဆွဲဆောင်မှုနဲ့ ကျက်သရေပျောက်ဆုံးနေတယ်လို့ ဝေဖန်ခံခဲ့ရသူပါ။

အလှမယ် ရွှေအိမ်စည်ဟာ Top 25 ရဲ့ နောက်ဆုံးအဆင့်ကနေမှာသာ ကပ်ပါလာခဲ့ပြီး စင်ပေါ်မှာ တင်ဆက်မှုနဲ့ အရယ်အပြုံး နည်းတဲ့ ပုံစံကြောင့် ဒိုင်တွေ အကြိုက်မတွေ့ခဲ့ပုံ ရပါတယ်။ ပြိုင်ပွဲအတွင်းမှာလည်း သူ့ရဲ့ကြီးကြပ်သူကို အသိမပေးဘဲ ပွဲတခုကို မတက်ဘဲနေခဲ့ပြီး ပြိုင်ပွဲတာဝန်ရှိသူတွေကို လေးစားမှု မပြခဲ့သလို အခန်းထဲမှာ ဆေးလိပ်သောက်ပြီး အလှမယ်တွေရဲ့ စည်းမျဉ်းကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

လှပတဲ့ မိန်းကလေးတဦးဖြစ်ပေမယ့် မြန်မာနိုင်ငံကိုယ်စားပြု မော်ဒယ်တဦးဆီကနေ ဒီလိုရလဒ်မျိုးတွေ မျှော်လင့်မထားခဲ့ဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ အခုတော့ ၂၀၁၈ ခုနှစ်အတွက် Miss Supranational ပွဲကတော့ ပြီးဆုံးခဲ့ပါပြီ။

ဆုရရှိသွားတဲ့သူတွေဟာလည်း တကယ့်ကိုပဲ ဆုနဲ့ ထိုက်တန်လို့ရရှိခဲ့တာလို့ ထောက်ခံသူတွေရော၊ ဝေဖန်သူတွေကပါ ဆိုကြပါတယ်။ တနည်းအားဖြင့် ဆုရရှိမှုနဲ့ပရိသတ်အားပေးမှု တထပ်တည်း ထပ်တူကျခဲ့ပါတယ်။

Ref: globalbeauties

The post ပြိုင်ပွဲအတွင်း စည်းမျဉ်းများ ချိုးဖောက်တယ်လို့ ထုတ်ပြန်ခံရတဲ့ အလှမယ် ရွှေအိမ်စည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...