တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အဓိက ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသနေတဲ့ ဒရာမာတွေမှာ ပြီးခဲ့တဲ့ နှစ်လောက်ကစလို့ ပရိသတ်ဆွဲဆောင်နိုင်မှုနှုန်း ကျဆင်းလာခဲ့ပါတယ်။ ေ အာင်မြင်မှု အကန့်အသတ်တွေနဲ့ ပရိသတ်တွေကို ထူးခြားဆန်းကြယ်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ အခုပိုပြီး ဆွဲဆောင်လာရပါတယ်။
SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေပြီး မင်းသမီး ဂျန်နာရာ ပါဝင်ထားတဲ့ ထူးခြားဆန်းကြယ်အချိန် ကာလတခုမှာ ဇာတ်အိမ်တည်ထားတဲ့ “The Last Empress” ဇာတ်လမ်းတွဲဟာ အခုတော့ ၂၀၁၈ ခုနှစ်အတွက် လူကြည့်နှုန်း အများဆုံး ဖြစ်လာခဲ့ပါတယ်။ အဲဒီရုပ်ရှင်မှာ ဧကရာဇ်တပါးရဲ့ မိဖုရားဖြစ်လာခဲ့ပြီးနောက် လူသတ်မှုတခုမှာ ပါဝင်ခဲ့တဲ့ အဆိုတော်တဦးအဖြစ် ပါဝင်ထားပါတယ်။
အဲဒီဒရာမာမှာ ပါဝင်တဲ့ ဇာတ်လမ် းအကြောင်းအရာတွေမှာဆိုရင် ပရိသတ် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေ၊ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေ၊ ကလဲ့စားချေတဲ့ ဇာတ်ကွက်တွေကြောင့် ပရိသတ်ကို အံ့သြသင့်စေခဲ့ပါတယ်။
စာရေးဆရာ ကင်ဆွန်းအို့ရဲ့အရေးအသား ညက်ညောမှုကြောင့် လူကြည့်နှုန်း တဖြည်းဖြည်းတက်လာခဲ့တာ ဖြစ်ပါတယ်။ အခု လတ်တလော ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တို့မှာ ထုတ်လွှင့်နေတဲ့ အဲဒီဒရာမာဟာ နောက်ဆုံး ထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာဆိုရင် လူကြည့်နှုန်း ၁၇ ဒဿမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ MBC TV ကနေ ထုတ်လွှင့်ခဲ့တဲ့ “Return” ဇာတ်လမ်းတွဲဟာ လူကြည့်နှုန်း ၁၇ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ စီးပွားရေးအရရော ဝေဖန်သူတွေရဲ့ သုံးသပ်ချက်အရရော အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာတော့ “Mr. Sunshine,” “My Mister,” “Encounter,” “Misty” နဲ့ “Sky Castle” တို့ ပါဝင်ပါတယ်။
အခုလိုမျိုး လူကြည့်နှုန်း တဖြည်းဖြည်း ကျဆင်းလာတာဟာ ပရိသတ်အကြိုက်နဲ့ ရုပ်သံလိုင်းရဲ့ တင်ဆက်မှု ထပ်တူ မကျတော့သလို၊ တင်ဆက်ပုံ တမူထူးခြားမှု နည်းပါးလာတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ကိုရီးယားမှာရှိတဲ့ လူငယ်တွေက ပုံစံအသစ်တွေနဲ့ အကြောင်းအရာ အသစ်တွေအတွက် ကေဘယ်လ် ချန်နယ်တွေဘက်ကို အာရုံလှည့်လာကြပါတယ်။ အလွယ်ကူဆုံးနဲ့ ဈေးအချိုဆုံးဖြစ်တဲ့ သာမန် ရုပ်သံလိုင်းတွေက နဂိုမူရင်းအတိုင်း ဇာတ်လမ်းတွဲတွေကို တင်ဆက်နေတာကြောင့် ပရိသတ်အားပေးမှု နည်းလာတာလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
Ref : Yonhap
The post ၂၀၁၈ ခုနှစ်အတွင်း လူကြည့်နှုန်းအများဆုံး ကိုရီးယား ဒရာမာ “The Last Empress” appeared first on ဧရာဝတီ.