Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သမ္မတဟောင်း အိုဘားမားရဲ့ အကြိုက်ဆုံးရုပ်ရှင်စာရင်းမှာ ပါဝင်ခဲ့တဲ့ “Burning”

$
0
0

အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ၂၀၁၈ ခုနှစ် တနှစ်တာမှာ အကြိုက်ဆုံး စာအုပ်၊ သီချင်း၊ ရုပ်ရှင်စာရင်းတွေ ဖော်ပြခဲ့ရာ နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ရခဲ့သလို ဆန်ခါတင် စာရင်းဝင်ခဲ့တဲ့ ကိုရီးယားရုပ်ရှင် “Burning” ပါဝင်ခဲ့ပါတယ်။

ကိုရီးယားဒါရိုက်တာ လီချန်ဒေါင် ရိုက်ကူးထားတဲ့ “Burning” ရုပ်ရှင်မှာ မင်းသား ယူအာအင်း၊ စတီဗင်ယွန်၊ မင်းသမီး ဂျောင်ဆိုဂျယ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Box Office မှာ ဝင်ငွေ ၆ ဒဿမ ၆ သန်း ကျော်ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb Rating (7.7) ရရှိထားပါတယ်။

နာမည်ကျော် ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ “Cannes, Palme d’Or, Blue Dragon Film Award, Grand Bell Award” စတဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဆန်ခါတင်စာရင်း တင်သွင်းခံရပြီး Grand Bell Award မှာတော့ “အကောင်းဆုံး ရုပ်ရှင်ဆု”ကို ရယူထားတဲ့ ဇာတ်ကားကောင်းတကောင်းပါ။

မင်းသား ယူအာအင်းရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားတွေကို ဝေဖန်လေ့ရှိတဲ့ Esquire US မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံး သရုပ်ဆောင် ၁၃ ယောက် စာရင်းမှာ နံပါတ် ၈ နေရာ ချိတ်ခဲ့ပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရဆုံး ရုပ်ရှင်ဇာတ်ကား ဆန်းစစ်ဝေဖန်ရေး Website တခုဖြစ်တဲ့ Douban ကလည်း ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာမှာ ပေါ်ပြူလာအဖြစ်ဆုံး မင်းသားစာရင်းကို ရွေးချယ်ရာမှာ မင်းသား ယူအာအင်းက နံပါတ် ၁၀ နေရာရခဲ့ပါသေးတယ်။

၂၀၁၈ ခုနှစ်အတွင်း သမ္မတဟောင်း အိုဘာမား အကြိုက်ဆုံးရုပ်ရှင်တွေထဲမှာ နိုင်ငံခြားဘာသာစကားပြော ၃ ကားဖြစ်တဲ့ “Roma”, “Shoplifters” တို့နဲ့အတူ “Burning” ရုပ်ရှင်ပါဝင်ခဲ့သလို နောက်ထပ် အိုဘားမား အကြိုက်ဆုံး ရုပ်ရှင်တွေကတော့ “Annihilation”, “Black Panther”, “BlacKkKlansman”, “Blindspotting”, “The Death of Stalin”, “Eighth Grade”, “If Beale Street Could Talk”, “Leave No Trace”, “Minding the Gap”, “The Rider”, “Support the Girls” နဲ့ “Won’t You Be My Neighbor” တို့ပဲဖြစ်ပါတယ်။

Ref: Yoo Ah In International Fans Community

The post သမ္မတဟောင်း အိုဘားမားရဲ့ အကြိုက်ဆုံးရုပ်ရှင်စာရင်းမှာ ပါဝင်ခဲ့တဲ့ “Burning” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...