Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၉ ပထမဆုံးရက်ကို လှုပ်ခတ်သွားခဲ့တဲ့ Kai နဲ့ Jennie တို့ရဲ့ Dating သတင်း

$
0
0

၂၀၁၉ ရဲ့ ပထမဆုံးနေ့ ဇန်နဝါရီလ ၁ ရက်က ထွက်လာတဲ့ သတင်းတပုဒ်က Kpop ချစ်သူတွေကြား လှုပ်ခတ် သွားခဲ့ပါတယ်။ နာမည်ကြီး EXO အဖွဲ့ရဲ့ Kai နဲ့ တက်သစ်စနာမည်ကျော် BlackPink အဖွဲ့က Jennie တို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းပါ။

Dispatch သတင်းဌာနရဲ့ ထုံးစံအတိုင်း နှစ်တနှစ်ရဲ့ ပထမဆုံးရက်မှာ နာမည်ကြီး အနုပညာရှင်တွေရဲ့ Dating သတင်းတွေကို တင်လေ့ရှိသလို ၂၀၁၉ မှာတော့ မထင်မှတ်တဲ့ စုံတွဲတတွဲကို ချပြလိုက်နိုင်ပါတယ်။ ၂၀၁၈ နိုဝင်ဘာတုန်းက Kai နဲ့ Jennie တို့နှစ်ယောက် ပြင်သစ်နိုင်ငံ၊ ပါရီကို သီးခြား အနုပညာခရီးစဉ်တွေနဲ့ သွားခဲ့ကြရင်း ချိန်းတွေ့ခဲ့ကြတဲ့ပုံတွေကို ချပြလိုက်ပေမယ့် အစပထမမှာတော့ ပရိသတ်တွေ ဝေခွဲမရ ဖြစ်ခဲ့ကြပါသေးတယ်။

Dispatch က တင်သမျှ သတင်းတိုင်းကို မယုံကြည်ရပေမယ့် သူတို့တင်လိုက်လို့ ပရိသတ်သိသွားပြီး ဝန်ခံလိုက်ရတဲ့ အနုပညာစုံတွဲတွေလည်း အများကြီး ရှိပါတယ်။ သတင်းစထွက်ထွက်ချင်းမှာ နှစ်ဖက်အေဂျင်စီတွေက အတည်မပြုသေးတာမို့ ပရိသတ်တွေလည်း ယုံကြည်ရခက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ Kai နဲ့ Jennie တို့ရဲ့ Dating သတင်းကို SM Entertainment ဘက်က အတည်ပြုပေးလိုက်ပါပြီ။

“Kai နဲ့ Jennie တို့ တယောက်ကို တယောက် သဘောကျနေကြတာ အမှန်ပါပဲ” လို့ SM Entertainmnet က အတိုချုံး အတည်ပြုပေးခဲ့တာပါ။ Jennie ရဲ့ YG Entertainment ဘက်ကတော့ “အခုထွက်နေတဲ့ ကောလာဟလ သတင်းတွေက အမှန်ပဲလားဆိုတာ မသိသေးပါဘူး။ ကျနော်တို့ဘက်က စုံစမ်းနေဆဲပါ” လို့ ဆိုပါတယ်။

ဒီဇင်ဘာလ အစောပိုင်တုန်းကလည်း ဟာဝိုင်အီက ပြန်လာတဲ့ Kai က Jennie နေတဲ့ အဆောင်ကို ညဘက်ကြီး လက်ဆောင်လာပေးတာကိုလည်း နောက်ယောင်ခံ ဓာတ်ပုံရိုက်နိုင်ခဲ့ကြပါသေးတယ်။ Kai ရဲ့ Instagram မှာ တင်ထားတဲ့ Haneul ပန်းခြံထဲက ပုံဆိုရင် Jennie ရိုက်ပေးထားတာလို့ ထင်ကြေးပေးခံနေရပြန်ပါတယ်။

ကုတ်အင်္ကျီ အထူတွေဝတ်၊ မာဖလာပတ်ပြီး ပုံဖျက်ထားလို့ မရိပ်မိကြဘူး ထင်ပေမယ့် Dispatch ကတော့ သူတို့ နှစ်ယောက် ညဘက်ကြီး ပန်းခြံထဲမှာချိန်းတွေ့ရင်း လက်ချင်းချိတ်၊ ဓာတ်ပုံတွေ ရိုက်နေကြတာကို မှတ်တမ်းတင် နိုင်ခဲ့တဲ့ပုံတွေက သက်သေခံနေပါတယ်။

Kai နဲ့ Jennie တို့နှစ်ယောက် Dating သတင်း ထွက်လာပြီးနောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ Instagram ပုံတွေအောက်မှာ ဒီဆက်ဆံရေးကို လက်ခံပေးတဲ့ သူတွေရဲ့ မှတ်ချက်စကားတွေရော၊ လက်မခံနိုင်တဲ့သူတွေရဲ့ မှတ်ချက်စကားတွေပါ မြင်တွေ့ကြရမှာပါ။

Ref: Soompi

The post ၂၀၁၉ ပထမဆုံးရက်ကို လှုပ်ခတ်သွားခဲ့တဲ့ Kai နဲ့ Jennie တို့ရဲ့ Dating သတင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...