ဟောလိဝုဒ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အခမ်းနားဆုံး ရုပ်ရှင်လုပ်ငန်းများရဲ့ မြို့တမြို့ဖြစ်ပြီး ထင်ပေါ်ကျော်ကြား အောင်မြင်မှုတွေကို ပိုင်ဆိုင်ချင်တဲ့ ရုပ်ရှင်သရုပ်ဆောင်တယောက်အတွက် ဘာမဆိုဖြစ်သွားနိုင်တဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာ့ရုပ်ရှင်လုပ်ငန်းမြို့တော်ကြီးရဲ့ လူသိနည်းတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။
(၁) ဟောလိဝုဒ်မှာ ကုန်ကျစရိတ်အများဆုံးနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ “Pirates Of The Caribbean : At World’s End” ဖြစ်ပြီး ဒေါ်လာ ၃၀၀ မီလျံကို အသုံးချရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
(၂) “The Jazz Singer” ဆိုတဲ့ ရုပ်ရှင်ကတော့ ၁၉၂၇ ခုနှစ်မှ ာရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပြီး အဲဒီရုပ်ရှင်ဟာ ပထမဆုံး အသံစနစ်ကို စတင်အသုံးပြုခဲ့တဲ့ ရုပ်ရှင်တကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်အတွက် ဒေါ်လာ ၄၂၂၀၀၀ အသုံးချခဲ့ရ ပါတယ်။
(၃) HOLLYWOOD ဆိုတဲ့စာလုံးကို ၁၉၂၃ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၂၁၀၀၀ အသုံးချခဲ့ပါတယ်။ ဒါ့အပြင် ဟောလိဝုဒ်ရဲ့ ပထမဆုံး ရုပ်ရှင် Studio ကတော့ Warner Brothers ဖြစ်ပြီး ၁၉၁၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
(၄) ဟောလိဝုဒ်မှာ ပထမဆုံး စတင်ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ကတော့ ၁၉၁၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “In Old California” ဖြစ်ပြီး အဲဒီရုပ်ရှင်ရဲ့ ကြာမြင့်ချိန်ဟာ ၁၇ မိနစ်သာ ကြာမြင့်ပါတယ်။
(၅) ၁၉၂၃ ခုနှစ်မှာတော့ ဟောလိဝုဒ်တမြို့လုံးကို တုန်လှုပ်ချောက်ချားစေခဲ့တဲ့ ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက်၂၄ နှစ်အရွယ် မင်းသမီးတဦးဖြစ်တဲ့ Peg Entwistle ဟာ HOLLYWOOD စာလုံးရဲ့ H နေရာကနေ မိမိကိုယ်ကို ခုန်ချသတ်သေသွားခဲ့ပါတယ်။ ယနေ့အချိန်ထိ တော်တော်များများသော လူတွေ ယုံကြည်ကြတာကတော့ သူမရဲ့ ဝိညာဉ်ဟာ အဲဒီ H စာလုံးနေရာမှာ ခြောက်လှန့်နေဆဲ ဆိုတာပါပဲ။
(၆) အောင်မြင်လာတဲ့ ရုပ်ရှင်လုပ်ငန်းတွေနဲ့အတူ ဟောလိဝုဒ်ကနေတဆင့် အနုပညာအရရော ငွေကြေးအရပါ ကျော်ကြားမှုရရှိခဲ့တဲ့ရုပ်ရှင်တွေကတော့ “Avatar , Titanic နဲ့ Lord of the Rings : The return of the King” စတဲ့ ရုပ်ရှင်တွေပဲဖြစ်ပါတယ်။
(၇) ၂၀၁၄ခုနှစ် စစ်တမ်းတွေအရ Robert Downey Jr. ဟာ ဒေါ်လာ ၇၅ မီလျံနဲ့အတူ ဝင်ငွေအများဆုံး မင်းသားတဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ David O. Selznick ကတော့ သူပြောဆိုရမယ့် ဒိုင်ယာလော့ခ် “Frankly my dear , I don’t give a damn” ကြောင့် ဒေါ်လာ ၅၀၀၀ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ခဲ့ရပါတယ်။
(၈) မိတ်ကပ်အတွက် ကုန်ကျစရိတ်အများဆုံး အသုံးပြုခဲ့တဲ့ ရုပ်ရှင်ကတော့ Planet of the Apes ဖြစ်ပြီး ဒေါ်လာ ၁မီလျံအသုံးချခဲ့တာလည်းဖြစ်ပါတယ်။
Ref: www.alux.com
The post ဟောလိဝုဒ်ရုပ်ရှင် မြို့တော်ရဲ့ လူသိနည်းတဲ့ အကြောင်းအရာများ appeared first on ဧရာဝတီ.