Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်ကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟာသစစ်စစ်တွေ ပြက်သွားမယ်

$
0
0

တနှစ်မှာ တခါ ပြုလုပ်ကျင်းပလျက်ရှိတဲ့ နှင်းဆီအဖွဲ့သားများရဲ့ နှင်းဆီအငြိမ့်ဟာ မကြာခင်မှာဆိုရင်တော့ “နှင်းဆီပုဝါခြုံတဲ့လက်” ဆိုတဲ့အမည်နဲ့ ကျင်းပတော့မှာဖြစ်ပြီး ပရိသတ်ကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟာသစစ်စစ်တွေကို ပြက်သွားမယ်လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

“ပြက်လုံးကို ဆောင်ရန်ရှောင်ရန် ဆိုတာထက် ပရိသတ်ဘက်ကနေ ကိုယ်စားပြုပြီးတော့ အပြုသဘောဆောင်တဲ့ ပြက်လုံးတွေ ရှိမယ်။ ပရိသတ်ကို ရယ်မောပျော်ရွှင်နိုင်တဲ့ Pure ဟာသပေါ့နော်။ ဟာသစစ်စစ်လေးတွေလည်း ပြက်သလို ဝေဖန်အကြံပြုတဲ့အနေနဲ့ ပြက်လုံးပုံစံလေးတွေလည်း ပြက်ဖို့ရှိပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ပရိသတ်တွေအနေနဲ့တော့ ပြက်လုံးများကို တဲ့တိုးအိုးပေါက်ပြောမှ သဘောကျကြတဲ့သူများရှိသလို တစိမ့်စိမ့်တွေးပြီး ရယ်ရတာကို သဘောကျတဲ့သူများလည်း ရှိတဲ့အတွက် ၂ခုလုံးကို မျှတအောင် ဖျော်ဖြေတင်ဆက် သွားမယ်လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

“ပရိသတ်တွေမှာက လူအမျိုးမျိုး စိတ်အထွေထွေပေါ့။ အကြိုက်ချင်းတော့ မတူကြဘူး။ တချို့ကတော့ တဲ့တိုးအိုးပေါက် ဟောဟောဒိုင်းဒိုင်းပြောမှ ဝါးခနဲ ရယ်တဲ့ ပရိသတ် ရှိတယ်။ အဓိကကတော့ ကျနော်တို့က အစွန်းမရောက်ဖို့ လိုတာပေါ့နော်။ အောက်လုံးကြီးပဲပြက်နေတော့လည်း ကြာကြာနားထောင်တော့ အဆင်မပြေဘူး”

“ပရိသတ်ကို တစိမ့်စိမ့်ရယ်ရအောင် ပြောနေပြန်တော့လည်း တဲ့တိုးအိုးပေါက်ကြားချင်တဲ့ ပရိသတ်ကရှိနေပြန်ရော၊ အဲဒါကြောင့် ၂ခုကိုမျှပြီးတော့ ဖျော်ဖြေတင်ဆက်မယ်ဆိုရင်တော့ အားလုံးအတွက် အဆင်ပြေမှာပါ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

တချို့သောပြက်လုံးများမှာ ပရိသတ်အားလုံးလည်း သိတဲ့လူတဦးတယောက်ကို ရည်ညွှန်းပြီး ပြက်တဲ့အခါမျိုးမှာ အနည်းငယ်အစွန်းရောက်ပြီး ကာယကံရှင် မကြိုက်တဲ့ကိစ္စများကိုတော့ ဆင်ခြင်ရမှာဖြစ်တယ်လု့ိဆိုပါတယ်။

“ကျနော်တို့ပြောလိုက်တဲ့ လူပုဂ္ဂိုလ်တယောက်က ပရိသတ်တွေသိတဲ့ လူဖြစ်မှ ရယ်မှာဆိုတော့ ပြောမိတယ်။ တခါတလေကျရင်လည်း ကိုယ်ကချစ်လို့ပြောပေမယ့် နည်းနည်း အစွန်းရောက်သွားတယ်ဆိုရင်လည်း ကာယကံရှင်မကြိုက်တဲ့ အနေအထားလေးတွေ ဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့နော်။ အဲဒါမျိုးလေးတွေတော့ နောက်ပိုင်းတော့ ဆင်ခြင်ရမှာပေါ့” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ယခုနှစ် ၁၃ ကြိမ်မြောက်ပြုလုပ်တဲ့ “နှင်းဆီပုဝါခြုံတဲ့လက်” အငြိမ့်ကိုတော့ ဇန်နဝါရီလ ၁၁ရက်နေ့ နဲ့ ၁၂ရက်နေ့များမှာ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ၂ရက်တာ ကပြဖျော်ဖြေသွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကိုတော့ ၁သိန်း ၊ ၅သောင်း ၊ ၃သောင်း ကျပ်ဖြင့် ဝယ်ယူကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

“နှင်းဆီပုဝါခြုံတဲ့လက်” ကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ကျင်းပတာဖြစ်ပြီး နှင်းဆီအဖွဲ့သားများဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ နေတိုး၊ ထွန်းထွန်း၊ ရဲလေးနှင့် ပင်တိုင်မင်းသမီးများဖြစ်ကြတဲ့ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ မိုးယုစံတို့က ပါဝင်ကပြ ဖျော်ဖြေသွားမှာဖြစ်ပြီး Channel K ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

The post ပရိသတ်ကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟာသစစ်စစ်တွေ ပြက်သွားမယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...