Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Bird Box”စိန်ခေါ်မှု မလုပ်ကြဖို့ Netflix သတိပေး

$
0
0

Netflix အခပေး ရုပ်သံဝက်ဘ်ဆိုက်ကနေ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့တဲ့ မင်းသမီး Sandra Bullock ပါဝင်သရုပ်ဆောင်ထားတဲ့ “Bird Box” ရုပ်ရှင်ထဲကလို စိန်ခေါ်မှုတွေမလုပ်ကြဖို့ သတိပေးချက်တခု ထုတ်ပြန်လိုက်ပါတယ်။

အင်တာနက်သုံးစွဲသူတွေဟာ “Bird Box Challenge” လို့ခေါ်တဲ့ စိန်ခေါ်မှုကို လုပ်ဆောင်နေကြပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေလို မျက်လုံးကို အဝတ်စည်းပြီး နေ့စဉ်လုပ်ကိုင် ဆောင်ရွက်ရတဲ့ အရာတွေကို ပြုလုပ်ကြရတာပဲ ဖြစ်ပါတယ်။

Netflix က “ဒါကိုပြောရမယ်လို့ မယုံကြည်နိုင်ပါဘူး။ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ဒီ Bird Box Challenge နဲ့ သင့်တို့ ကိုယ်ကို ထိခိုက်မှုမဖြစ်ပါစေနဲ့။ ဒါက ဘယ်လိုစတင်ခဲ့သလဲဆိုတာ ကျနော်တို့မသိပါဘူး။ သဘောကျ နှစ်ခြိုက်ကျ တာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ Boy နဲ့ Girl က ၂၀၁၉ ခုနှစ်အတွက် ဆုမွန်ကောင်းတခု တောင်းထားပါတယ်။ အဲဒါကတော့ အဲဒီ ရုပ်ပြောင်ပုံတွေကြောင့် ခင်ဗျားတို့ကို ဆေးရုံမရောက် စေချင်တာပါ” လို့ ဇန်နဝါရီလ ၃ ရက်နေ့မှာပဲ Twitter မှာတင်ခဲ့တာပါ။

ရုပ်ရှင်ထဲမှာ Malorie (မင်းသမီး Bullock) ၊ သူ့ရဲ့ကလေးတွေဖြစ်တဲ့ Boy နဲ့ Girl တို့ဟာ မျက်လုံးကို အဝတ်စည်းပြီး မြစ်ကြောင်းတခုထဲစုန်ဆင်းပြီး မျက်လုံးနဲ့ မြင်တွေ့ရင် ကိုယ့်ကိုယ်ကို သတ်သေစေနိုင်တဲ့ သဘာဝလွန်သတ္တဝါတွေရဲ့ ရန်ကနေကာကွယ်ဖို့ သစ်တောတခုကို ရှာဖွေပုံပါဝင်ပါတယ်။

Netflix ရဲ့အဆိုအရ “Bird Box” ရုပ်ရှင်ဟာ ဖြန့်ချိပြီး ပထမဆုံး ၇ ရက်အတွင်း လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပျက် ခေတ်လွန် သည်းထိတ်ရင်ဖို ဒရာမာဟာ Josh Malerman ရေးသားတဲ့ နာမည်တူ ဝတ္ထုကိုအခြေခံထားပြီး ဒါရိုက်တာ Susanne Bier ကရိုက်ကူးခဲ့တာပါ။ Netflix ကနေ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တကမ္ဘာလုံးကို ဖြန့်ချိပြသခဲ့ပါတယ်။

Ref: asiaone

The post “Bird Box” စိန်ခေါ်မှု မလုပ်ကြဖို့ Netflix သတိပေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...