Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အချိန်တိုတွင်း Instagram မှာ Follower ၁ သန်း ရရှိခဲ့သူအဖြစ် Kang Daniel မှတ်တမ်းဝင်

$
0
0

နာမည်ကျော် Kpop အမျိုးသားအဆိုတော်အဖွဲ့ Wanna One မှ အဖွဲ့ဝင် Kang Daniel ဟာ လူမှုကွန်ရက် မီဒီယာတခုဖြစ်တဲ့ Instagram မှာ Follower ၁ သန်းကျော်လွန်ရရှိခဲ့ပြီးဖြစ်ပါတယ်။

သူဟာ ဇန်နဝါရီလ ၂ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၃ နာရီမှာ ပရိသတ်တွေကို အကောင့်သစ်နဲ့ ပထမဆုံးပို့စ် တင်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီလ ၂ ရက် ကိုရီးယားစံတော်ချိန် ည ၂ နာရီ ၃၅ မိနစ်အချိန်မှာပဲ သူ့ရဲ့ အကောင့်မှာ Follower ပြုလုပ်သူ ၁ သန်းကျော်သွားခဲ့ပါတယ်။

အဲဒီပမာဏကို ကြာချိန် ၁၁ နာရီနဲ့ ၃၅ မိနစ်အတွင်းရရှိခဲ့တာဖြစ်ပြီး အရင်က အချိန်တိုအတွင်း Follower ၁ သန်းအမြန်ဆုံးရရှိထားတဲ့ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်ရဲ့ စံချိန်ကိုကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ Instagram အကောင့်မှာ Follower ၁ သန်းကို အချိန် ၁၂ နာရီအကြာမှရရှိခဲ့တာဖြစ်ပါတယ်။

သူပါဝင်လှုပ်ရှားခဲ့တဲ့ Wanna One အဖွဲ့ရဲ့ Swing အင်တာတိန်းမန့်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာပဲ အဆုံးသတ်ခဲ့ပြီဖြစ်ပြီး အဖွဲ့ဟာ အခုလထဲနောက်ဆုံးထားပြီး အဖွဲ့လိုက် လှုပ်ရှားမှုတွေကို အဆုံးသတ်မှာဖြစ်ပါတယ်။

“Therefore” လို့ နာမည်ပေးထားတဲ့ သူတို့ရဲ့ နောက်ဆုံး ဖျော်ဖြေပွဲကိုတော့ ဆိုးလ်မြို့မှာရှိတဲ့ Gocheok Sky Dome မှာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်အထိ ကျင်းပဖို့ရှိနေပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရအရဆိုရင် သူနဲ့ တဖွဲ့တည်းသား Yoon Ji Sung ရဲ့ တကိုယ်တော်ပွဲဦးထွက် ပြီးတဲ့နောက် Kang Daniel ကလည်း တကိုယ်တော်ပွဲဦးထွက်လုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။

Kang ဟာ ၂၀၁၇ ခုနှစ်မှာ Mnet ကနေ ကျင်းပခဲ့တဲ့ Produce 101 အစီအစဉ်ကနေတဆင့်ပေါက်ဖွားလာခဲ့ Wanna One အဖွဲ့ရဲ့အဆိုတော်အဖြစ် လူသိများလာသူပါ။ အဖွဲ့ထဲမှာ အဖွဲ့ဝင် အဖြစ် ၁၁ ယောက်ပါဝင်ကြပါတယ်။

အဖွဲ့ဝင် ၁၁ ယေက်လုံးဟာလည်း အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်းမှာ တကိုယ်တော်လှုပ်ရှားမှုတွေအတွက် ပြင်ဆင်နေကြပြီလည်း ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် Kang ဟာ MMO အင်တာတိန်းမန့်ရဲ့ လက်အောက်ကဖြစ်ပြီး ဘူဆန်မြို့သားတဦးဖြစ်ပါတယ်။

Ref: kpopherald

The post အချိန်တိုတွင်း Instagram မှာ Follower ၁ သန်း ရရှိခဲ့သူအဖြစ် Kang Daniel မှတ်တမ်းဝင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...