Quantcast
Viewing all articles
Browse latest Browse all 7343

ရည်းစားထားရင် ပရိသတ်တွေကို အသိပေးမှာပါလို့ပြောတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင် အရွယ်ကတည်းက ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်းဟာ အရွယ်ရောက်လာပြီးတဲ့နောက် ပိုပြီးလှလာတာကို တွေ့ရသလို အွန်လိုင်းမှာ ထွက်နေတဲ့ သတင်းတွေကို ပရိသတ်တွေ စိတ်ပူသွားတဲ့အတွက် တောင်းပန်တယ်လို့ ဆိုပါတယ်။

“အွန်လိုင်းမှာ သတင်းလေးတခု တက်လာတာကြောင့် စိတ်ပူသွားကြတာ ရှိတယ်။ စိတ်ပူသွားခဲ့ကြတဲ့အတွက်လည်း တောင်းပန်ပါတယ်။ ညီမကို အဲ့လိုမျိုးဖြစ်တိုင်းဖြစ်တိုင်း ပရိသတ်တွေက ညီမကို ဘယ်လောက် ချစ်တယ်။ စေတနာထားကြပေးကြတာကို သိခွင့်ရလို့ ပိုပြီးလည်း ပျော်တယ်။ သတင်းတွေထွက်တဲ့ အပေါ် မိဘတွေက အပြည့်အဝနားလည်မှုရှိတယ်။ ညီမ အကြောင်းဆိုရင်လည်း သူတို့ကသူများတွေထက် ပိုသိတယ်။ မိသားစုကလည်း သုံးယောက်ပဲ ဆိုတော့ တိုင်တိုင်ပင်ပင်နဲ့ နေဖြစ်တယ်”လို့ ယွန်းယွန်းက ဆိုပါတယ်။

ယွန်းယွန်းကို မိဘတွေက ကားလက်ဆောင်ဝယ်ပေးတဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။

“မေမေက ညီမကားမောင်းတတ်သွားလို့ ကားဝယ်ပေးတာ။ သွားဝယ်တဲ့နေ့က ၂၅ ရက်နေ့ ဖြစ်နေတော့ ခရစ္စမတ် အမှတ်တရလို ဖြစ်သွားတာပါ။ ချစ်သူထားဖို့ဆိုပြီး အစီအစဉ်တော့မရှိပါဘူး။ ချစ်ရတဲ့သူတွေ့ရင်တော့ ထားမှာပါ။ ရည်းစားထားရင်တော့ ပရိသတ်ကို အသိပေးမှာပါ”လို့ ယွန်းယွန်းက ပြောပါတယ်။

ယွန်းယွန်းကတော့ သူ့ကိုဝန်းရံပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တယောက်ဖြစ်လို့ ဒီအချစ်တွေအပေါ် အခွင့်အရေး မယူသင့်ဘူးလို့လည်း သူက ဆိုပါတယ်။

“ဝန်းရံပေးကြတဲ့ ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ သမီး ဒီ့ထက်ပိုပြီးတော့ လိမ်လိမ်မာမာနေပါ့မယ်၊ လိမ်လိမ်မာမာနေတယ်ဆိုတာကလည်း ပရိသတ်တွေက သူတို့ချစ်တဲ့အနုပညာရှင်တွေဆိုရင် ဘယ်လိုပဲမြင်မြင်ချစ်နေကြတာပဲလေ။ ငါဘယ်လိုနေနေ ချစ်နေကြတာပဲ ဆိုပြီးတော့လည်း အခွင့်ကောင်း မယူသင့်ဘူးလို့ထင်တယ်” လို့ပြောပါတယ်။

ယွန်းယွန်းက အခုလက်ရှိမှာ အသက် ၁၈ နှစ်ကျော်ခဲ့ပါပြီ။ ယွန်းယွန်းက “တိမ်မင်းသမီး ဒဏ္ဍရီ” ရုပ်ရှင်ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် အကယ်ဒမီဆု ရရှိခဲ့သူ ဖြစ်ပါတယ်။

The post ရည်းစားထားရင် ပရိသတ်တွေကို အသိပေးမှာပါလို့ပြောတဲ့ ယွန်းယွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...