Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင် မလုပ်ဘဲ ပညာရေးကို ဦးစားပေးလုပ်မယ့် အိချောပိုရဲ့ ညီမ အိသီရိချိုမောင်

$
0
0

အနုပညာပျိုးခင်းမှ စင်တင် မင်းသမီး ဖြစ်တဲ့ အိချောပိုက အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ် ရပ်တည်နေပြီး သူ့ရဲ့ ညီမဖြစ်သူ အိသီရိချိုမောင်က အစ်မလို သရုပ်ဆောင်လုပ်ဖြစ်မှာ မဟုတ်ဘဲ ပညာရေးဘက်ကိုသာ ဦးစားပေးပြီး လုပ်မယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ညီမက အနုပညာ ဝါသနာပါပေမယ့် ပညာရေးဖက်ကို ဦးစားပေးနေတော့ မလုပ်ဖြစ်ဘူး။ အစ်မ (အိချောပို) ကတော့ သမီးလုပ်ချင်ရာလုပ်ပဲ။ ညီမဘာလုပ်ချင်လဲ လုပ်ခိုင်းတယ်။ ညီမကတော့ ပညာရေးဘက်ကိုပဲ ဆက်သွားဖြစ်တော့တာပေါ့။ အစ်မကတော့ အမေလိုလည်းဖြစ်တယ်။ ညီမရဲ့ Idol ပါ” လို့ အိချောပိုရဲ့ ညီမဖြစ်သူ အိသီရိချိုမောင်က ဧရာဝတီကို ပြောပါတယ်။

ညီအစ်မ နှစ်ယောက်အတူတွဲပြီး သီချင်းတွေလုပ်ဖို့ရှိတယ်လို့ ဆိုထားဖူးပြီး ဒါနဲ့ ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။ “မလုပ်ဖြစ်ဘူး။ ညီမက ပညာရေးဘက် ပိုဦးစားပေးလိုက်တယ်။ အခု MBA လည်းတက်နေတော့ မလုပ်ဖြစ်ပါဘူး”လို့ အိသီရိချိုမောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အစ်မဖြစ်သူ အိချောပိုရဲ့မွေးနေ့နဲ့ ပတ်သက်တဲ့ အမှတ်တရကိုလည်း အခုလို ပြောပြပါတယ်။

“အရင်တုန်းကတော့ မမမွေးနေ့ ဆိုတာလောက်ပဲ ဖြစ်ခဲ့တယ်။ နောက်ပိုင်းကြာလာတဲ့ အချိန်၊ ကိုယ်ကလည်း အသက်ကြီးလာတဲ့အချိန်လေးမှာ အစ်မက အရာရာဖြစ်နေတာ။ ကိုယ့်အတွက် အရာရာပဲ။ အမေ မစောင့်ရှောက်ပေးနိုင်တဲ့ အရာတွေမှာ အစ်မက စောင့်ရှောက်ပေးတယ်။ အမေ မအားတဲ့အချိန်တွေမှာ အစ်မကဘေးမှာ နေပေးတယ်”

“အစ်မအတွက် အချိန်ဆိုတာက အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ သမီးအတွက်ဆို အမြဲအချိန်ပေးတယ်။ ပြောရမယ်ဆိုရင် ညီမရုံးသွားတဲ့အချိန် သူရှိနေရင် သမီးအတွက် အဝတ်အစားကအစ သူထုတ်ပေးတယ်။ အဲဒီလို အစ်မမျိုးဆိုတော့ သူ့မွေးနေ့က ကိုယ့်မွေးနေ့ထက်တောင် ပိုပျော်မိပါသေးတယ်။ အစ်မဆိုပေမယ့် အမေအတိုင်းပဲ။ ပြောမယ့်သာပြောတာ ကိုယ်က အရမ်းဆိုးတယ်။ မွေးနေ့မတိုင်ခင် ညက ဆုတောင်းပေးရင်းနဲ့တောင် သူပြောတာနားမထောင်ဘဲနဲ့ ပြန်ခံပြောမိသေးတယ်”

“ဒါပေမဲ့ သူက ညီမရဲ့ Idolပဲပေါ့။ သူက အရမ်းသည်းခံတတ်တယ်။ အရမ်းသည်းခံတဲ့နေရာမှာ သူ့ကို မမှီဘူး။ ညီမကတော့ တခုခုဆိုတာနဲ့ စိတ်ဆိုး၊ စိတ်ကောက်တတ်တယ်။ သူကတော့ အရမ်းလူကြီးဆန်တယ်။ သူ့မျက်နှာကြည့်ပြီးလည်း စိတ်ဆိုးနေလား၊ မဆိုးနေလား မသိရဘူး။ သူ့လိုစိတ်ထားထားဖို့ သမီးအများကြီး ကြိုးစားရဦးမယ်။ သူက တခုခုဆို မဖြစ်ဖြစ်အောင် လုပ်တယ်။ တခုခုကို ဇောက်ချပြီးလုပ်တယ်။ ရှုတင်တွေ၊ အလုပ်တွေနဲ့လည်း အရမ်းပင်ပန်းနေတဲ့အချိန်ဆိုတာ ရှိတယ်”လို့ အိသီရိချိုမောင်က ဆိုပါတယ်။

ဆက်လက်ပြီးလည်း “ဒါပေမဲ့ သူ့ကိုယ်သူ Strong ဖြစ်အောင်လုပ်တယ်။ သူလုပ်တဲ့ အလုပ်၊ သူဝါသနာပါတဲ့ အလုပ်ကိုလုပ် အဲလောက်ထိ ဇွဲကောင်းတယ်ဆိုတာကြီးက သမီးအတွက် Idol အနေနဲ့ပဲ အတုယူရတယ်”လို့ အိသီရိချိုမောင်က ပြောပါတယ်။

အိချောပိုက ညီမဖြစ်သူကို အနုပညာအလုပ်တွေ မလုပ်စေချင်ကြောင်းလည်းဆိုပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ပြောတာပေါ့။ ပြောတယ်ဆိုတာက မမက ညီမကသူ့ထက်စာရင်နုတယ်။ သူ့လို စိတ်ဓာတ်က မခိုင်ဘူး။ မခိုင်တော့ ငယ်လေး မလုပ်နဲ့၊ အရမ်းပင်ပန်းလိမ့်မယ်။ အရမ်းကြိုးစားရတယ်။ မမတို့လိုပဲ ကြိုးစားတဲ့သူတွေ အများကြီး၊ အများကြီးပဲ။ အဲဒီထဲမှာမှ ကိုယ်က အရမ်းကြီးကို ကြိုးစားမှဖြစ်တာလို့လည်း မမက အဲဒီလိုအမြဲပြောတယ်”

“အောင်မြင်မြင်၊ မအောင်မြင်မြင်၊ လူဆိုတာစိတ်ဓာတ်မာမှ လုပ်လို့ရတာ။ အနုပညာလို့ ဆိုပေမယ့် အနုပညာသမား အားလုံးက စိတ်ဓာတ်မာကြောတယ်။ အဲဒီလိုမာမှလည်း လုပ်လို့ရတာလို့လည်း အမြဲပြောတယ်”လို့ အိသီရိချိုမောင်က ဆိုပါတယ်။

အစ်မဖြစ်သူ အိချောပို အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း အိသီရိချိုမောင်က အခုလို ဆိုပါတယ်။ “အစ်မကို ချစ်သူရသွားမှာ မစိုးရိမ်ပါဘူး။ အစ်မက မိသားစုကို အချစ်ဆုံးဆိုတာလည်း သိနေတာပဲလေ။ မမကို မွေးနေ့လက်ဆောင်အနေနဲ့ ပြောချင်တာလေးက မမအမြဲ ပျော်ရွှင်ပါစေ။ သမီးတို့မိသားစုကို ဒီထက်မက ပိုချစ်ပေးပါ။ မိသားစုဝင် အချင်းချင်းလည်း စည်းစည်းလုံးလုံးနဲ့ အမြဲရှိချင်ပါတယ်”လို့ အိသီရိချိုမောင်က ဧရာဝတီကို ပြောပါတယ်။

The post သရုပ်ဆောင် မလုပ်ဘဲ ပညာရေးကို ဦးစားပေးလုပ်မယ့် အိချောပိုရဲ့ ညီမ အိသီရိချိုမောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...