Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်အလုပ်အပြင် သီချင်းတွေပါ ဆိုတော့မယ့် ထက်အောင်ရှိုင်း

$
0
0

သရုပ်ဆောင်ပိုင်းမှာ နာမည်ရစပြုလာတဲ့ သရုပ်ဆောင် ထက်အောင်ရှိုင်းက မကြာခင်မှာ တေးသီချင်းတွေလည်း သီဆိုမယ်လို့ ပြောပါတယ်။

“၂၀၁၉ မှာ ကျနော့်ရဲ့ပုံစံသစ်၊ ပရိသတ်ကို လုံးဝ ထင်မထားတဲ့ ပုံစံအသစ်ကို ချပြချင်တာရယ်၊ သီချင်းဆိုတဲ့အလုပ်ကို ငယ်ငယ်ကတည်းက လုပ်ချင်ခဲ့ပြီး လုပ်မပြသေးတာပဲ ရှိတာ။ တနေ့ လုပ်ကိုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ မျှော်လင့်ချက် ရှိခဲ့တယ်။ အဲဒါကြောင့် အခုလုပ်မယ့် “9 Dreams Show” မှာ စဆိုဖြစ်တာပါ။၂၀၁၉ မှာ ကျနော့် ပုံစံအသစ်၊ သီချင်းအသစ် စလုပ်ပါပြီ”လို့ ထက်အောင်ရှိုင်းက ဧရာဝတီကို ပြောပါတယ်။

ထက်အောင်ရှိုင်းက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာလုပ်မယ့် 9 Dream Show မှာ နာမည်ကြီး အဆိုတော်များနဲ့အတူ ပထမဆုံးအကြိမ် သီချင်း ပါဝင်သီဆိုမှာ ဖြစ်ပါတယ်။

“ပထမဆုံးဆိုရမယ့် ရန်ကုန် Show အတွက်ရော၊ အတူဆိုရမယ့် နာမည်ကြီး၊ ဝါရင့် စီနီယာ အနုပညာရှင်ကြီးတွေကြောင့် အများကြီးကြိုးစားရမှာပါ။ အများကြီး ရင်ခုန်၊ ဝမ်းသာပါတယ်”လို့ ထက်အောင်ရှိုင်းက ဆိုပါတယ်။ ထက်အောင်ရှိုင်းက သီချင်း ၃ ပုဒ် သီဆိုမှာဖြစ်ပြီး ကိုယ်ပိုင်သီချင်း အသစ်စက်စက် ၂ ပုဒ်ပါဝင်မယ်လို့ သိရပါတယ်။

“အရင်ကနယ်ပွဲတွေ လိုက်ဆိုဖြစ်တဲ့အခါ အခုပွဲစီစဉ်တဲ့ အစ်ကိုတွေ အစ်မတွေနဲ့ အလုပ်တွဲလုပ်ဖူးပါတယ်။သူတို့ ကမ်းလှမ်းမှုနဲ့ပဲ တွဲလုပ်ဖြစ်တာပါ။ ကျနော်က အရင်ကတည်းက သီချင်းကို ဝါသနာပါတယ်။ သီချင်းဆိုဖို့လည်း အစီအစဉ်ရှိတဲ့အတွက် ကိုယ်ပိုင်သီချင်းရှိထားမှ ဖြစ်မယ်ဆိုပြီး ပြင်ဆင်ထားတာလေးပါ။ အခုဒီပွဲမှာတော့ ဒီသီချင်းလေးတွေ ဆိုလိုက်ရင်ကောင်းမယ်ဆိုပြီး စီစဉ်ဖြစ်တာပါ”

“ပထမ ဝါသနာက သရုပ်ဆောင်၊ အဲဒီနောက်မှ အဆိုတော်ဖြစ်တဲ့အတွက် သရုပ်ဆောင်အလုပ်ကိုတော့ပိုပြီး ဦးစားပေးလုပ်ဆောင်ဖြစ်မှာပါ”လို့ ထက်အောင်ရှိုင်းက ပြောပါတယ်။

“မကြီးစန်းနဲ့ သူ၏ ချစ်သူများ”ဇာတ်ကားနဲ့ သရုပ်ဆောင်ဘဝခဲ့တဲ့ ထက်အောင်ရှိုင်းက လတ်တလော လက်ခံရိုက်ကူးဖြစ်နေတဲ့ ဇာတ်ကားတွေအကြောင်းကိုလည်း ခုလိုပြောပြပါတယ်။

“ခိုင်သင်းကြည်နဲ့ ‘ပုရိသ’ဆိုတဲ့ဇာတ်ကား ရိုက်ကူးနေတယ်။ အဲဒါလေးက ဟာသပုံစံလေးပေါ့။ ပြီးရင်နောက်တကားက စစ်ကားရိုက်ရမယ်။ ကိုယုန်လေးတို့နဲ့ ရိုက်ခဲ့တဲ့ ‘Special -9 ‘ မှာ တုန်းကကျတော့ အထူးရဲ အနေနဲ့။ အဲဒီမှာက သေနတ်တွေနဲ့ ပစ်ခတ်ပြေးလွှားပြီးတော့ စစ်တိုက်ရတာ။ အခုရိုက်မယ့် နောက်တကားကတော့ စစ်မတိုက်ရဘဲနဲ့ စစ်သားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ကား။ ဖိုက်တင်ကားစစ်စစ်ကိုတော့ ကျနော်ကြိုက်တယ်။ ရိုက်လည်းရိုက်ချင်တယ်။ ရိုက်ဖို့ အခွင့်အရေးလည်းရချင်တယ်”

“ငယ်ငယ်လေးကတည်းက အက်ရှင်ကားတွေကြည့်ရတာ ကြိုက်တာ။ ဇာတ်ကြမ်း၊ ဒရာမာ၊ အက်ရှင်ကား ရိုက်ကြည့်ချင်တယ်”လို့ ထက်အောင်ရှိုင်းက ဆိုပါတယ်။ သရုပ်ဆောင်မှုအပိုင်းမှာ ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲကိုလည်း အခုလိုပြောပြပါတယ်။

“ငိုရတာတို့၊ Ro ရတာတို့ဆိုရင် ကျနော်အခက်တွေ့ပြီ။ အပြင်မှာလည်း မရိုတတ်လို့ ရည်းစားနဲ့ ခဏ၊ ခဏ ကွဲတာ။ အဲဒီသရုပ်ဆောင်ကွက်တွေဆို ကျနော့်အတွက် ခက်ခဲစေတယ်”လို့ ထက်အောင်ရှိုင်းက ဧရာဝတီကိုပြောပါတယ်။

The post သရုပ်ဆောင်အလုပ်အပြင် သီချင်းတွေပါ ဆိုတော့မယ့် ထက်အောင်ရှိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)