Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက် ၂၉ နှစ်ပြည့်မွေးနေ့မှာ သီလရှင် ဝတ်မယ့် အဆိုတော် ပိုပို

$
0
0

ယခု လတ်တလော ဖက်ရှင်အလန်းများ၊ ဆံပင်ပုံစံအလန်းများနဲ့ တွေ့လာရတဲ့ အဆိုတော် ပိုပိုကတော့ ယခုနှစ်မှာ ကျရောက်မယ့် အသက် ၂၉ နှစ်ပြည့် မွေးနေ့မှာ ပထမဆုံး သီလရှင် ဝတ်ဖို့ရှိတယ်လို့ ပြောပါတယ်။

“ပထမဆုံး ဝတ်မှာပါ။ ငယ်ငယ်တုန်းက ကတုံးတုံးရမှာ ရှက်လို့ သီလရှင် မဝတ်ချင်ဘူး။ ပိုပို့ ဆံပင်က အရှည်ကြီးပဲလေ။ တင်ပါးထိရောက်တယဆိုတော့ ဆံပင်ကို အရမ်းကြိုက်တဲ့ထဲမှ ာပါတယ်။ နောက်ပိုင်းကျတော့ အတ္တတွေ နည်းနည်းလျော့လာပြီးတော့ သီလရှင်ဝတ်ဖို့ စိတ်ကူးရှိလာတာ။ ဘဝမှာ ချက်ချင်းသေသွားမလားဆိုတာ မပြောနိုင်ဘူးလေ။ မယ်သီလရှင် ဝတ်ခဲ့ဖူးတယ် ဆိုတော့ ကုသိုလ်လည်း ရတယ်” လို့ ပိုပိုက ပြောပါတယ်။

အခုလက်ရှိ လုပ်ထားတဲ့ ဆံပင်နဲ့ MTV တပုဒ် ရိုက်ပြီးပါက ဆံပင်ညှပ်မှာဖြစ်ပြီး သြင်္ကန်ပြီးရင် ဆံပင်အတို ညှပ်ပြီး အသက် ၂၉ နှစ်ပြည့်မွေးနေ့မှာတော့ စစ်ကိုင်းဘက်မှာ မယ်သီလရှင်ဝတ်ဖို့ စိတ်ကူးထားတယ်လို့ ပြောပါတယ်။

“အခုဆံပင်လေးနဲ့ MTV တပုဒ်လောက် ရိုက်လိုက်မယ်။ ပြီးရင် ဆံပင်ညှပ်မယ်။ သြင်္ကန်ပြီးသွားရင် ဆံပင်အတိုလေးနဲ့ တွေ့မှာပေါ့နော်။ ပြီးရင် မယ်သီလရှင် ဝတ်မယ်။ ပိုပြီးတော့ လှမလားလို့ ကတုံးလေးနဲ့ နေမလားလို့။ မယ်သီလရှင်က အသက် ၂၉ နှစ်ပြည့်ရင် ဝတ်ဖို့ စိတ်ကူး ရှိပါတယ်။ လောလောဆယ်တော့ စစ်ကိုင်းကို သဘောကျပါတယ်။ သာသနာ့ နယ်မြေလည်းဖြစ်တော့ အေးလည်းအေးချမ်းတယ်။ ဒါပေမဲ့ မရွေးရသေးဘူး။ စစ်ကိုင်းမှာ ဝတ်ချင်တယ်” လို့ ပိုပိုက ပြောပါတယ်။

လတ်တလောမှာတော့ နယ်ရှိုးပွဲတွေ အများအပြားကို ဆိုနေရပြီး “ရှပ် 4 ချစ်သူ” လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲလည်း ရိုက်နေတယ်လို့ သိရပါတယ်။

“လတ်တလောကတော့ နယ်ရှိုးတွေများနေတာ။ ရှိုးဆိုတယ်။ ရှပ် 4 ချစ်သူ ဇာတ်လမ်းတွဲလေးရိုက်နေတယ်ဆိုတော့ မအားဘူးဖြစ်နေတာ။ သီချင်းလုပ်ဖို့အတွက်ကို။ အားတဲ့အချိန်ကို မနည်းယူနေရတယ်။ ရှပ် 4 ချစ်သူက ဟာသကားလေးပါ။ ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ မတူတဲ့ ပုံစံနဲ့ ပိုပို့ကို မြင်ရမှာပါ။ ဖက်ရှင်တွေကတော့ အမိုက်စားတွေပဲ။ တကားလုံး ကိုယ်တယောက်တည်း လန်ထွက်နေတာ” လို့ ပိုပိုက ပြောပါတယ်။

သရုပ်ဆောင်လုပ်နေတာနဲ့ ပတ်သက်ပြီးတော့ ဝါသနာပါပြီး အကြောင်းတရား တိုက်ဆိုင်ပြီး ရိုက်ချင်တဲ့ ကာရိုက်တာရှိပါက လုပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

“သရုပ်ဆောင်လုပ်တာနဲ့ ပတ်သက်ပြီးတော့ မပြောတတ်သေးပါဘူး။ နီးကပ်လာမှ ကိုယ့်ရဲ့ကံကြမ္မာက ဘာဖြစ်လာမလဲဆိုတာ မပြောတတ်ဘူး။ တကယ်လို့ ကိုယ့်ကို ကမ်းလှမ်းလာမယ်ဆိုရင်တော့ လုပ်ဖြစ်မှာပါ။ ကိုယ်ကြိုက်တဲ့ ကာရိုက်ဆိုရင် ရိုက်ဖြစ်မှာပါ။ ဝါသနာကတော့ ပါပါတယ်” လို့ ပိုပိုက ပြောပါတယ်။

သီချင်းအသစ်ထွက်ဖို့အတွက်လည်း ကိုယ်ပိုင် စတူဒီယိုလေးတခု ဖန်တီးနေပြီး သီချင်းခွေအသစ်အနေနဲ့လည်း ယခင်ကထွက်ခဲ့တဲ့ သီချင်းများနဲ့မတူညီတဲ့ ကွာလတီ ၊ မတူညီတဲ့သီချင်းများကို ပရိသတ်အား ပေးလိုတာကြောင့် အရင်ကထက်အချိန်ယူပြီး လုပ်ဖြစ်နေတယ်လို့ ပိုပိုက ပြောပါတယ်။

“နောက်ထပ်တခွေကိုလည်း သီချင်းကအစ သေသေချာချာလေးအချိန်ယူပြီးတော့ ကောင်းကောင်းမွန်မွန်လုပ်ချင်တယ်။ နောက်တခွေက ပရိသတ်တွေကို အရှေ့ကအခွေတွေနဲ့မတူတဲ့ ကွာလတီတခု၊ မတူတဲ့သီချင်းတွေကို ပေးချင်တော့ ဖြည်းဖြည်းချင်းစီပဲ ဒီတခေါက်တော့ သွားမယ်ပေါ့။ အရင်ကဆို တနှစ်ကို တခွေထွက်တယ်။ အခုတော့ တနှစ်ခွဲလောက်မှ တခွေထွက်မယ်” လို့ ပိုပိုက ပြောပါတယ်။

ပိုပိုကတော့ ပရိသတ်ကြိုက်နှစ်သက်တဲ့ သီချင်းခွေများစွာ ထွက်ရှိထားပြီး သီချင်းအသစ်များလည်း အမြဲတမ်းဖန်တီးနေတဲ့ သူတယောက်ဖြစ်ပါတယ်။

The post အသက် ၂၉ နှစ်ပြည့်မွေးနေ့မှာ သီလရှင် ဝတ်မယ့် အဆိုတော် ပိုပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...