Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိလာမယ့် Animation ရုပ်ရှင်များ

$
0
0

၂၀၁၈ ခုနှစ်ဟာ Animation ရုပ်ရှင်ကောင်းတွေ ထွက်ရှိခဲ့တဲ့ နှစ်တနှစ်ဖြစ်ခဲ့ပြီး “Spider-Man: Into the Spider-Verse” ဟာလည်း အကောင်းဆုံး Animation အဖြစ် ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ်လိုပဲ ၂၀၁၉ ခုနှစ်မှာလည်း Animation ရုပ်ရှင်တွေ ဆက်လက် ထွက်ရှိလာမှာဖြစ်ပြီး Animation ရုပ်ရှင် ကြိုက်နှစ်သက်သူတွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) How to Train Your Dragon: The Hidden World

၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ထွက်ရှိလာမယ့် Dreamworks Animation Studio ရဲ့ Animation ရုပ်ရှင်ဖြစ်ပြီး Universal Pictures ကနေ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ အခု The Hidden World မှာတော့ ကမ္ဘာအသစ်တခုကို ရှာဖွေ့တွေရှိမှုနဲ့အတူ နောက်ဆက်တွဲ အန္တရာယ်တွေကိုပါ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ How to Train Your Dragon ရဲ့ တတိယမြောက် နောက်ဆက်တွဲ Animation ရုပ်ရှင်တကားလည်းဖြစ်ပါတယ်။

(၂) Wonder Park

Spain နိုင်ငံရဲ့ Animation Studio တခုဖြစ်တဲ့ Ilion ကနေ ထုတ်လုပ်ပြသမယ့် ရုပ်ရှင်ဖြစ်ပြီး Paramount Pictures ကနေ ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့မှာ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ကလေးမလေးတယောက်ဟာ စွန့်ပစ်ထားတဲ့ တိရိစ္ဆာန်ရုံတခုကို ရှာဖွေ့တွေ့ရှိသွားတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီးIlion Studio အနေနဲ့ Spain နိုင်ငံ အတွင်းမှာရော ကမ္ဘာအနှံ့မှာပါ အောင်မြင်မှုရရှိဖို့ မျှော်လင့်ထားပါတယ်။

(၃) The Secret Life of Pets 2

Animation ရုပ်ရှင်ကြိုက်နှစ်သက်သူတွေ ပြောစမှတ်တွင်ခဲ့ရတဲ့ ရုပ်ရှင်တကားဖြစ်ပြီး ၂၀၁၉ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ ပြင်သစ်အခြေစိုက် Animation Studio ဖြစ်တဲ့ Illumination Mac Guff အနေနဲ့ စတင်ပြသတော့မှာလည်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ဖူးတဲ့ The Secret Life of Pets ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၈၇၅ မီလီယံ အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ Animation မှာရော ဘယ်လိုအောင်မြင်မှုတွေကို ရယူဦးမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

(၄) Toy Story 4

ဒါရိုက်တာ Josh Cooley ရိုက်ကူးထားပြီး Disney-Pixar Studio ကနေ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ Toy Story ရုပ်ရှင်တွေဟာ တကားထက်တကား ဇာတ်အိမ် ခိုင်မာမှုတွေနဲ့အတူ ကြည့်ရှုသူ ပရိသတ်ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ခဲ့တာတွေချည်းပါ။ အခုဇာတ်လမ်းမှာတော့ Woody ရဲ့ တဖက်သတ် ချစ်ကြိုက်နေရတဲ့ Bo Peep ဟာ ပျောက်ဆုံးသွားခဲ့လို့ လိုက်လံရှာဖွေတဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

(၅) The Lion King

MPC studio ကနေ ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ စတင်ပြသတော့မှာဖြစ်ပြီး Walt Disney ကနေ ဖြန့်ချိမှာလည်းဖြစ်ပါတယ်။ ငယ်ဘဝရဲ့ အမှတ်တရတွေထဲမှာ The Lion King (1994) ဟာ ကျန်ရှိခဲ့သလိုပဲ အခု The Ligon King ဟာလည်း တစုံတခုကို ရရှိစေမှာဖြစ်ပြီး Animation ရုပ်ရှင်အဖြစ် ပြန်လည်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Ref: www.cartoonbrew.com

The post ၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိလာမယ့် Animation ရုပ်ရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...