Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ “Aquaman”ရုပ်ရှင် ထိပ်ဆုံးက ရပ်တည်လျက်ရှိ

$
0
0

“Aquaman” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းမှာ ရုံစတင်ခဲ့တာ ဖြစ်ပေမယ့် မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ထိပ်ဆုံးမှာရှိနေဆဲဖြစ်ပါတယ်။

အာရှနွယ်ဖွား ဒါရိုက်တာ James Wan ရိုက်ကူးခဲ့တဲ့ အဲဒီ ရုပ်ရှင်ဟာ ဒေသတွင်းမှာ ရုံဝင်ငွေ ဒေါ်လာ ၃၀ ဒဿမ ၇ သန်းရရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၂၅၉ ဒဿမ ၇ သန်းနဲ့ ပထမဆုံးနေရာကို တတိယသီတင်းပတ်မြောက်အဖြစ် ဆက်ယူထားဆဲပါ။

နိုင်ငံတကာမှာတော့ မင်းသား Jason Momoa ပါဝင် သရုပ်ဆောင်ထားတဲ့ DC စူပါဟီးရိုး ရုပ်ရှင်ဟာ ဒေါ်လာ ၅၆ ဒဿမ ၂ သန်းထပ်ဆောင်း ရရှိခဲ့လို့ အခုအထိဆိုရင် ကမ္ဘာတဝန်းကနေ ဝင်ငွေစုစုပေါင်း ဒေါ်လာ သန်း ၉၄၀ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

Warner Bros. ရဲ့ “The Dark Knight Rises” ရုပ်ရှင်ဟာ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့ပြီး ဖြစ်လို့ အခု “Aquaman” ရုပ်ရှင်ဟာ DC ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်နေရာကို သိမ်းပိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကံကောင်းသွားတာက ရေဘုရင်ကြီး “Aquaman” ရုပ်ရှင်ဟာ ၂၀၁၉ နှစ်အဆန်းပိုင်းမှာ တကယ့်ကိုပဲ လူကြည့်များတဲ့ ရုပ်ရှင်တွေနဲ့ ထိပ်တိုက်မတွေ့ခဲ့တာပါပဲ။ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဖြန့်ချိခဲ့တဲ့ သည်းထိတ်ရင်ဖို “Escape Room (2019)” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ ၁၈ သန်းရရှိခဲ့ပြီး နံပါတ် ၂ နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

တတိယနေရာမှာရှိနေတာက “Mary Poppins Returns” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၁၅ ဒဿမ ၈ သန်း ရှိခဲ့ပါ တယ်။ ၂၀၁၉ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာ ၈ ခုဝင်ခဲ့ပေမယ့် ကံမကောင်း ချင်တော့ တခုမှမရခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ တာပါ။ “Spider-Man: Into The Spider-Verse” ကာတွန်းရုပ်ရှင်ကတော့ ခန့်မှန်းချေ ဒေါ်လာ ၁၃ သန်း ရရှိခဲ့ပြီး စတုတ္ထနေရာမှာ ရှိနေခဲ့ပါတယ်။

(၇၆) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပြီလို့ သတင်းထွက်ပြီးနောက်ပိုင်း လက်မှတ်ရောင်းအား တော်တော်လေးတက်လာခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အခုတော့ အကောင်းဆုံးကာတွန်းရုပ်ရှင်ဆုကို ရရှိခဲ့ပြီဖြစ်ပါတယ်။ “Bumblebee” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ ၁၂ ဒဿမ ၈ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

Ref: aceshowbiz

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ “Aquaman” ရုပ်ရှင် ထိပ်ဆုံးက ရပ်တည်လျက်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...