Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အပြင်စီးပွားရေး အနေနဲ့ ငွေတိုးချထားတဲ့ သရုပ်ဆောင် စင်သီယာ

$
0
0

ဗီဒီယိုလောက ပျက်ယွင်းသွားတာနဲ့ အမျှ ရုပ်ရှင်လောကသားများ ကားရိုက်ကူးမှုများ ယခင်ကလို မရှိကြတော့တဲ့အတွက် အနုပညာအလုပ် တခုတည်းနဲ့သာ ရပ်တည်နေကြတဲ့သူများ ထိခိုက်မှုများ ရှိခဲ့ကြပါတယ်။

အဲဒီထဲမှ ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်များဖြစ်ကြတဲ့ ဒေါ်ဒယ်ဘီနဲ့ စင်သီယာတို့ သားအမိ နှစ်ဦးကတော့ အပြင်စီးပွားရေးအနေနဲ့ ငွေတိုးများချထားပေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျမတို့ အနုပညာသမားတွေက ဒီတခုတည်းနဲ့ ရပ်တည်လို့ မရဘူး။ ဘေးနားကနေ အလုပ်လေး တခုခု ထားသင့်တယ်ပေါ့နော်။ အဲဒါမှလည်း အဆင်ပြေမှာ။ ကျမတို့ အနုပညာအလုပ်က ရိုက်လိုက် ကုန်လိုက်နဲ့ မစုဖြစ်ဘူး။ ကျမအနေနဲ့က ကျမအမေက အရှေ့ကနေ တံတိုင်းကြီးလိုရှိနေလို့ တခြားစီးပွားရေးလေးလည်းရှိနေတော့ ကျမအတွက်က အဆင်ပြေတယ်”

“တချို့တွေဆို ဒီအနုပညာအလုပ်နဲ့ မိသားစုလိုက် ရပ်တည်နေရင် ဘယ်လိုမှ အဆင်မပြေဘူး။ ကျမတို့ကျတော့ အချိန်မပေးနိုင်တော့လေ။ အနုပညာအလုပ်ကလည်း အမြန်ထပြေးရတာတွေဘာတွေရှိတော့ ဆိုင်တွေဘာတွေ ဖွင့်ဖို့ကလည်း အဆင်မပြေဘူး။ ကျမတို့တတ်နိုင်တာလေးနဲ့ ငွေတိုးချထားတာတို့ ဘာတို့တော့ လုပ်ထားတာပေါ့”လို့ ဇာတ်ပို့ သရုပ်ဆောင် စင်သီယာက ပြောပါတယ်။

ဗီဒီယို ဇာတ်ကားများ ရိုက်ခဲ့ရစဉ်က ကားရိုက်မပြတ်ဘဲ အချိန်ပြည့်လိုလို ရိုက်နေရပြီး အခုချိန်မှာတော့ ကားရိုက် နည်းသွားတာကြောင့် အိမ်မှာနေရတဲ့ အချိန်တွေက ပိုများလာတဲ့အတွက် အရင်လိုပြန်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်လို့ စင်သီယာက ပြောပါတယ်။

“ဗီဒီယိုရှိတုန်းကဆို ဝက်ဝက်ကွဲခေါ်ရိုက်ကြတယ်။ ဟိုဘက်ကရိုက်လိုက် ဒီဘက်ကရိုက်လိုက်နဲ့ အထုပ်ဆွဲပြီး ပြေးနေရိုက်နေကြတာ။ အခုကျတော့ နည်းနည်းကျဲသွားတော့ အိမ်မှာနေရတဲ့ရက်တွေက များလာတော့ ပျင်းလာတယ်။ စားလိုက်သောက်လိုက်နဲ့ ဝိတ်လည်း တက်လာတယ်။ အရင်ကဆို နေမကောင်းဖြစ်တာတောင် ပြေးရိုက်နေရတာ။ နားရက် မရှိဘူး။ အဲဒီလိုလေး ပြန်ရိုက်ချင်တယ်။ အဲဒီလိုလေးပြန်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်” လို့ စင်သီယာက ပြောပါတယ်။

စင်သီယာကတော့ အသက် ၁၆ နှစ်အရွယ်ကတည်း အနုပညာအလုပ်ကို လုပ်ကိုင်လာခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူကလည်း သူမနဲ့အတူ သရုပ်ဆောင်အလုပ်ကို တွဲဖက်လုပ်ကိုင်လာခဲ့တာကြောင့် သားအမိ နှစ်ယောက်ဖြစ်တဲ့အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

“အသက် ၁၆ နှစ်ကတည်းက အနုပညာအလုပ်လုပ်လာတာဆိုတော့ ၁၂ နှစ်၊ ၁၃ နှစ် ရှိသွားပြီ။ ကိုယ့်ကိုယ်ကိုယ် အားမရသေးဘူး။ ကျမကိုယ် ကျမ ညံ့သေးတယ်လို့ ထင်တယ်။ မတော်သေးဘူး။ တော်နေလို့ရှိရင် စင်သီယာဆိုတဲ့ နာမည်တလုံးနဲ့ ဖြစ်နေမှာပေါ့။ မတော်သေးတဲ့အတွက် အခုထက်ထိ ကြိုးစားနေတယ်”

“အနုပညာဆိုတဲ့ ပညာကြီးက သေသွားရင်တောင် ကုန်ဦးမှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ လူပေါင်းအများကြီးရှိတာ တယောက်နဲ့တယောက် အိုက်တင်ချင်းတူတာမှ မဟုတ်တာ။ ဒီပညာကကုန်မှာ မဟုတ်တဲ့အတွက် ဆည်းပူးချင်တယ်”လို့ စင်သီယာက ပြောပါတယ်။

လတ်တလောမှာတော့ စင်သီယာက “ကြောက်ကြောက်ကြောက် ၂” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ဒီကားပြီးရင်တော့ ကားရိုက် မရှိသေးတာကြောင့် အိမ်မှာနားနေရတယ်လို့ သိရပါတယ်။

The post အပြင်စီးပွားရေး အနေနဲ့ ငွေတိုးချထားတဲ့ သရုပ်ဆောင် စင်သီယာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...