Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Bird Box”ရုပ်ရှင် နောက်ဆက်တွဲ ထွက်လာမည်ဟု ဒါရိုက်တာ အရိပ်အမြွက်ပြောဆို

$
0
0

“Bird Box” ဒါရိုက်တာ Susanne Bier က Netflix ရဲ့အောင်မြင်မှုကြောင့် အထူးအံ့သြသင့်ခဲ့ရပြီး နောက်ဆက်တွဲဇာတ်လမ်း ရိုက်ဖို့လည်း စဉ်းစားထားပြီးဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

ကမ္ဘာပျက် ကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်အောင်ပေးရတဲ့ မိခင်တဦးအဖြစ် မင်းသမီး Sandra Bullock ပါဝင်ထားတဲ့ အဲဒီ့ရုပ်ရှင်ဟာ ခရစ်စမတ်ကာလ မတိုင်မီ ဖြန့်ချိခဲ့တဲ့အချိန်မှာပဲ တော်တော်လေးကို နာမည်ရခဲ့ပြီး Netflix ရဲ့ လူကြည့်နှုန်းစံချိန်တွေကို ချိုးဖျက်နိုင်ခဲ့တာ တွေ့ရပါတယ်။

အဲဒီရုပ်ရှင်ဟာ နာမည်ကျော်ကြားရုံသာမက မင်းသမီး Bullock ရဲ့ မျက်နှာကို အဝတ်စည်းထားတဲ့ ဇာတ်ကောင်ကို မူတည်ပြီး အွန်လိုင်းပေါ်ကနေတဆင့် စိန်ခေါ်မှုတွေ၊ နောက်ပြောင်မှုတွေ ပြုလုပ်လာတဲ့အထိကို တော်တော်လေးအောင်မြင်သွားခဲ့ပါတယ်။

အဲဒီစိန်ခေါ်မှုတွေမှာဆိုရင် ပရိသတ်တွေက နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့နေရာမှာ မျက်လုံးကိုအဝတ်နဲ့ စည်းပြီး လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ အခုလိုမျိုး သူ့ရဲ့သည်းထိတ်ရင်ဖိုရုပ်ရှင်ရဲ့ ကြောက်ခမန်းလိလိအောင်မြင်မှုကြောင့် အံ့သြထိတ်လန့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် နောက်ဆက်တွဲရုပ်ရှင် ရိုက်ဦးမှာလား ဆိုတဲ့ အမေးကိုတော့ သူက “ကျမတို့ ဆွေးနွေးပြီးပါပြီ။ အရမ်းရယ်ရပါတယ်။ လူတွေက နောက်ဆက်တွဲရိုက်မှာလားဆိုပြီး မေးတာတွေကို ဖတ်ရတဲ့အခါ ကျမတို့ဆွေးနွေးပြီးပြီလို့ပဲ ပြောပါရစေ။ ဒါကြောင့် အခုကစပြီး ပျော်ပျော်နေလို့ရပါပြီ” လို့ ပြောဆိုထားပါတယ်။

အခုလအစောပိုင်းမှာ Netflix ပိုင်ရှင်တွေဟာ “Bird Box” စိန်ခေါ်မှုကို မလုပ်ကြဖို့ ပရိသတ်တွေကို သတိပေးတဲ့ ကြေညာချက်တခုကိုလည်း ထုတ်ပြန်ခဲ့ရပါသေးတယ်။

Ref: aceshowbiz

The post “Bird Box” ရုပ်ရှင် နောက်ဆက်တွဲ ထွက်လာမည်ဟု ဒါရိုက်တာ အရိပ်အမြွက်ပြောဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...