ဂန္တဝင်စွယ်စုံရ အနုပညာရှင်ကြီး ဖခင်(ဦး) တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ်၂၀ ပြည့် အထိမ်းအမှတ်နဲ့ ကျေးဇူးရှင်မိခင်ကြီး ဒေါ်ချစ်စံပယ် ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်ကို ရည်စူးပြီး သရုပ်ဆောင် နေလနဲ့ အဆိုတော် ရွှေရည်သိန်းတန် မိသားစုက ကုသိုလ်ဖြစ် သိက္ခာထပ် အလှုတော် မင်္ဂလာကို ဇန်နဝါရီလ ၁၁ ရက်နေ့က တာမွေမြို့နယ်ရှိ မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
သမီးဖြစ်သူ ရွှေရည်သိန်းတန်နဲ့ မိသားစုက ဖခင်ကြီး တွံတေးသိန်းတန်နဲ့ မိခင်ကြီးဒေါ်ချစ်စံပယ်တို့အတွက် ဒေါက်တာရွှေမန်း ဦးသူရိယ (အစိုးရဓမ္မာစရိယ) [မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်] ဆရာတော်ဘုရားကြီးအား ကံထပ်၊သိက္ခာထပ် အလှုမင်္ဂလာနဲ့တကွ သံဃာတော်အပါး (၁၁) ပါးအား ဆွမ်း၊သင်္ကန်း၊လှုဖွယ်အစုံ ဆပ်ကပ်လှုဒါန်းခဲ့ပါတယ်။
Image may be NSFW.
Clik here to view.
ဖခင်ဖြစ်သူအတွက် အလှူပြုလုပ်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး သမီးဖြစ်သူ ရွှေရည်သိန်းတန်က ဧရာဝတီကို အခုလိုဆိုပါတယ်။
“ပထမတော့ ရွှေရည် စဉ်းစားထားတာက နှစ် ၂၀ ပြည့် အမှတ်တရ စတိတ်ရှိုးလေး လုပ်မယ်ပေါ့။ နောက်တော့ စဉ်းစားတာက ငါဘာလုပ်ချင်တာလဲပေါ့။ အဖေ့ကို ကုသိုလ်ရစေချင်တယ်။ ကုသိုလ်ရတာတွေ လုပ်ပေးချင်တယ်။ နောက်တခုက ရွှေရည်တို့ အားကိုးရာမဲ့သွားတာ နှစ်၂၀ရှိသွားပြီပေါ့နော်”
Image may be NSFW.
Clik here to view.
“ဒါကြောင့် ဖေဖေနဲ့မေမေတို့ ရှိစဉ်ကတည်းက သိက္ခာထပ်အလှုတွေလုပ်ခဲ့တဲ့ ဆရာတော်ကြီးကို မေမေတို့ ဖေဖေတို့ကိုယ်စား သိက္ခာထပ်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ လုပ်ဖြစ်ပါတယ်”လို့ ရွှေရည်သိန်းတန်က ဧရာဝတီကို ပြောပါတယ်။
သမီးဖြစ်သူ ရွှေရည်သိန်းတန်က ဖခင်ဖြစ်သူ တွံတေးသိန်းတန်လိုပဲ မြန်မာတေးသီချင်းများစွာကို သီဆိုပြီး အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။
The post တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ်၂၀ ပြည့် သိက္ခာထပ်အလှူပေးခဲ့တဲ့ ရွှေရည်သိန်းတန် appeared first on ဧရာဝတီ.