Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝေဖန်ခဲ့သူတွေကပါ ပြန်လည်ချီးကျူးခဲ့ရတဲ့ Blackpink အဖွဲ့ရဲ့ ကြော်ငြာ

$
0
0

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Shopee ရဲ့ အွန်လိုင်းကြော်ငြာတခုဟာ ပါဝင်တဲ့ ကိုရီးယားမိန်းကလေး အဆိုတော်အဖွဲ့ Blackpink ရဲ့ အဝတ်အစားပုံစံကြောင့် တော်တော်လေး ဝေဖန်ခံခဲ့ရပါတယ်။

အဲဒီ ကြော်ငြာထဲမှာ Blackpink အဖွဲ့ဟာ လျှပ်ပေါ်လော်လီတယ်လို့ ဝေဖန်သူတွေကဆိုတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့တာကြောင့် Maimon Herawati အမျိုးသမီးကနေ အစပြုပြီးတော့ အဲဒီကြော်ငြာကို ဖြုတ်ချပေးရေး လက်မှတ်ထိုး တောင်းဆိုတာတွေ စခဲ့ပါတယ်။

အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှား ရုပ်သံလွှင့် ကော်မရှင်ကလည်း ကြော်ငြာထုတ်လွှင့်မှုတွေအတွက် ရုပ်သံဌာန ၁၁ ခုကို သတိပေးစာပေးပို့ပြီး အချက်အလက်တွေ ဖန်တီးတဲ့နေရာမှာ သတိထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ အဲဒီအငြင်းပွားဖွယ် ကြော်ငြာပြဿနာဖြစ်ပွားပြီး ၁ လလောက်ကြာပြီးတဲ့အခါ Shopee ဟာ ကြော်ငြာအသစ်တခုကို ဖန်တီးမှုကောင်းကောင်းနဲ့ ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ Blackpink အဖွဲ့ပဲ ပါဝင်ထားတဲ့ အဲဒီကြော်ငြာမှာ အဖွဲ့ရဲ့ အဝတ်အစားတွေက နည်းနည်းပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ အရင်တုန်းက ရုပ်သံကြော်ငြာနဲ့ မတူတာက အဖွဲ့ရဲ့ ခြေထောက်တွေကို ဖော်ပြရမယ့်အစား ခါးအောက်ပိုင်းက စလို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပုံနဲ့ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။

အဲဒီကြော်ငြာဟာ အွန်လိုင်းနဲ့ သတင်းစာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် တုံ့ပြန်မှုတော်တော်များများ ရရှိခဲ့ပါတယ်။

Twitter အသုံးပြုသူတဦးက “Shopee ရဲ့ ကြော်ငြာအသစ်ဖန်တီးသူဟာ အိုင်ကျူ ၂၉၉ လောက်ရှိတယ်” လို့ပြောဆိုသလို တခြားတဦးကတော့ “ဖက်ရှင်အမြင်က တော်တော်လေးကောင်းတယ်။ ဆက်ဆံရေးအမြင်ဘက်ကနေ ကြည့်မယ်ဆိုရင် အေဂျင်စီကကောင်းတယ်။ မက်ဆေ့ချ်ပေးချင်တာလည်း ကောင်းတယ်။ Shopee မှာ ဈေးဝယ်ကို ငါ့ကို စိတ်ဝင်စားစေ တယ်” လို့ ဖော်ပြရေးသားခဲ့ကြပါတယ်။

Shopee ရဲ့ နိုင်ငံလုံးဆိုင်ရာ Brand မန်နေဂျာ Rezki Yanuar ကတော့ ဖန်တီးမှုမှာ အကန့်အသတ် မရှိဘူးဆိုတာကို ပြသဖို့အတွက် ကုမ္ပဏီက အဲဒီကြော်ငြာကို ပြန်လည်တည်းဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အရင် အငြင်းပွားဖွယ်ကိစ္စကြောင့် e-commerce ကုမ္ပဏီတွေအနေနဲ့ ပိုမိုကောင်းမွန်ဖို့ သင်ကြားပေးခဲ့တာဖြစ်ပြီး အမြင်တွေ ထပ်ပြောတာမျိုး၊ အချေအတင် အငြင်းခုံဖြစ်ကြတာမျိုး မလိုအပ်ဘဲ လူတိုင်းဟာ ကုမ္ပဏီရဲ့ ဖန်တီးမှုတန်ဖိုးတွေကို နားလည်သဘောနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

Ref: asiaone

The post ဝေဖန်ခဲ့သူတွေကပါ ပြန်လည်ချီးကျူးခဲ့ရတဲ့ Blackpink အဖွဲ့ရဲ့ ကြော်ငြာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...