Quantcast
Viewing all articles
Browse latest Browse all 7343

“သီးလေးသီး” က ဘယ်သူ့ အလံတိုင်အောက်မှာမှ မဝင်ဘူးဆိုတဲ့ စိန်သီး

ထိမိတဲ့ ပြက်လုံးများနဲ့ တင်ဆက်လေ့ရှိတဲ့ “သီးလေးသီး”အငြိမ့်အဖွဲ့ကတော့ ဘယ်သူ့ အလံတိုင်အောင်မှာမှ မဝင်ဘဲ ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို ဝေဖန်ထောက်ပြလျက်ရှိတယ်လို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ စိန်သီးက ဧရာဝတီကို ပြောပါတယ်။

“သီးလေးသီးကတော့ အမြဲတမ်း ထူးခြားနေတာပဲ။ သီးလေးသီးကတော့ ဘယ်သူ့အလံတိုင်အောက်မှာမှ မဝင်ဘူး။ ဘာပဲဖြစ်ဖြစ်ကောင်းတာလုပ်ရင် ကောင်းတာပြောမှာပဲ။ ဆိုးတာလုပ်ရင် ဆိုးတာလို့ပဲပြောမှာပဲ။ ကျနော်တို့ရဲ့ လက်ရှိအခြေအနေအရ ဆိုးတာတွေကို လမ်းမှန်ပေါ်ရောက်အောင် ပြောရမယ့်တာဝန်က ကျနော်တို့တာဝန်။ ဘယ်သူ့အလံတိုင်အောက်မှာမှ မရှိဘူး”လို့ စိန်သီးက ပြောပါတယ်။

“ကောင်းရင် ကောင်းတဲ့အတိုင်းပြောသလို ဆိုးရင်ဆိုးတဲ့အတိုင်း ဝေဖန်ထောက်ပြဖို့အတွက်က သီးလေးသီး တာဝန်ပါခင်ဗျ”လို့ စိန်သီးက ဆိုပါတယ်။ အခုနောက်ပိုင်းမှာ သီးလေးသီး အဖွဲ့အနေနဲ့ ယခင်ကလောက် လှုပ်လှုပ်ရှားရှား မရှိတာနဲ့ ပတ်သက်ပြီးလည်း စိန်သီးက အခုလိုဆိုပါတယ်။

“ငြိမ်နေတာတော့ မဟုတ်ဘူး။ နယ်ပွဲတွေ များနေလို့ပါ။ အရင်တုန်းက သီးလေးသီးကိုက ခိုးကူးခွေတွေရှိတယ်လေ။ ဒီနေ့ကရင် မနက်ဖြန်ထွက်နေတာလေ။ အခုကျတော့ ကျနော်တို့က ရိုက်ခွင့်မပေးထားဘူး။ ခိုးကူးခွေကလည်း မထွက်ဘူးဆိုတော့ သီးလေးသီးကို ငြိမ်နေတယ်လို့ ထင်ကြတာ။ နယ်ပွဲတွေ ကျနော်တို့ ကနေပါတယ်။ ရန်ကုန်ပွဲကတော့ နည်းတယ်” လို့ စိန်သီးက ပြောပါတယ်။

လက်ရှိမှာတော့ သီးလေးသီးအနေနဲ့ ရန်ကုန်မှာဖျော်ဖြေပွဲနည်းပါးပြီး နယ်ပွဲများ ကနေပြီး ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ စိန်သီးကတော့ မကြာခင်မှာ ရိုက်ကူးတော့မယ့် ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါသေးတယ်။

“ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့က ပြင်ဆင်ရမှာတော့ အများကြီးပဲပေါ့။ ကျနော်တို့ မြန်မာနိုင်ငံကတော့ အခုမှ စတာတော့ မဟုတ်ဘူး။ နိုင်ငံတကာကို ထိုးဖောက်ရမယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြင်ဆင်ရမှာတွေ အများကြီး ရှိတယ်။ ကြိုးစားရမယ့် တာဝန်ကတော့ ကျနော်တို့ တာဝန်ပဲ”

“တိုက်ခိုက်တာတွေ ဝေဖန်တာတွေတော့ ရှိမှာပဲ။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ ရိုက်တဲ့လူတွေပဲလည်း မပြီးဘူး။ ဇာတ်ညွှန်းရေးတဲ့ သူတွေအနေနဲ့လည်း မပြီးဘူး။ နားလည် တတ်ကျွမ်းတဲ့သူတွေ အကုန်လုံးကို အကြံဉာဏ်တွေ တောင်းပြီးတော့ ဒီဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်မယ်ဆိုရင်တော့ အောင်မြင်တဲ့ ဇာတ်ကားကောင်းဖြစ်မယ်လို့ ကျနော်ထင်ပါတယ်” လို့ စိန်သီးက ပြောပါတယ်။

“ဗိုလ်ချုပ်ရုပ်ရှင်” ရိုက်ကူးမှုကိုတော့ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပြီး ဝေဖန်မှုများရှိလာခဲ့ရင်လည်း ကြိုးစားမှု လိုအပ်နေသေးတဲ့အတွက်လို့ ပြောလို့ရတယ်လို့ ဆိုပါတယ်။

“ကျနော်ကတော့ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တယ်။ ရိုက်တဲ့သူကလည်း အကောင်းဆုံး ရိုက်မှာပဲလေ။ သရုပ်ဆောင်တဲ့သူကလည်း အကောင်းဆုံး သရုပ်ဆောင်မှာပဲလေ။ ဒါကိုမှ ဝေဖန်တယ်ဆိုရင် ကျနော်တို့ဘက်က အပြစ်တွေလို့လည်း ပြောလို့ရတယ်။ ကြိုးစားမှုလိုသေးတယ်လို့လည်း ပြောလို့ရတယ်” လို့ စိန်သီးက ပြောပါတယ်။

သီးလေးသီးအဖွဲ့တော့ အချိန်ကာလတခုအကြာ နိုင်ငံရေးခိုလှုံခွင့်ဖြင့် ပြည်ပနိုင်ငံသို့ သွားရောက်နေထိုင်ခဲ့ရပြီး လက်ရှိ အစိုးရ လက်ထက်ရောက်တဲ့ အချိန်မှာတော့ မြန်မာနိုင်ငံသို့ပြန်ရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။

The post “သီးလေးသီး” က ဘယ်သူ့ အလံတိုင်အောက်မှာမှ မဝင်ဘူးဆိုတဲ့ စိန်သီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...