Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ City FM (၁၇) နှစ်ပြည့် Annual Music Award ပွဲ

$
0
0

City FM ရေဒီယိုရဲ့ (၁၇) နှစ်ပြည့် Annual Music Award ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ မင်းဓမ္မလမ်း၊ MCC ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး၊ တောင်းဆိုမှု အများဆုံး၊ ရေပန်း အစားဆုံး စတဲ့ ဂီတဆုပေါင်း ၁၀ ဆုတို့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ် တေးစီးရီး သီဆိုသူ အမျိုးသားဆုကို ဖိုးသောကြာ (နဂါးနီ တေးစီးရီး)၊ မြန်မာသံစဉ် တေးစီးရီး သီဆိုသူ အမျိုးသမီးဆုကို ရွှေယမင်းဦး (အလှူကြီးပေးတဲ့အိမ် တေးစီးရီး)တို့နဲ့ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဖိုးသောကြာက နဂါးနီ တေးစီးရီးနဲ့ပဲ “ရောင်းအားအကောင်းဆုံး မြန်မာသံစဉ် တေးစီးရီး ထုတ်လုပ်သူဆု”ကို ရရှိခဲ့ပါတယ်။

ရောင်းအားအကောင်းဆုံး တေးစီးရီး သီဆိုသူဆုနဲ့ ထုတ်လုပ်သူဆုတို့ ရရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖိုးသောကြာ

“ကျနော်အများကြီး မပြောတော့ပါဘူး။ အရမ်းလည်း ဝမ်းသာတယ်။ အရမ်းလည်း ပျော်ပါတယ်။ ဒီဆုက ကျနော်ရဲ့ ခင်ပွန်းကြီး ၁၀ ပါးက ပေးတဲ့ဆုလို့ပဲ သိမှတ်ထားပါတယ်။ ကျေးဇူးတင်ထိုက်သူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ “နဂါးနီ” တေးစီးရီးနဲ့ ရောင်းအား အကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး သီဆိုသူဆုနဲ့ ထုတ်လုပ်သူဆုတို့ ရရှိခဲ့တဲ့ ဖိုးသောကြာက ပြောပါတယ်။

ဆက်လက်ပြီး ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတူဒီယိုတေးစီးရီ သီဆိုသူ အမျိုးသားဆုကို ကြေညာခဲ့ရာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က “Sai Sai is Sai Sai” တေးစီးရီးနဲ့ ရရှိခဲ့ပြီး ရောင်းအား အကောင်းဆုံး စတူဒီယို တေးစီးရီး သီဆိုသူ အမျိုးသမီးဆုကိုတော့ အဆိုတော် အိုင်းရင်းဇင်မာမြင့်က “MAR” တေးစီးရီးနဲ့ ရရှိခဲ့ပါတယ်။

ဒါ့အပြင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က “Sai Sai is Sai Sai” တေးစီးရီးနဲ့ပဲ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး စတူဒီယို တေးစီးရီ ထုတ်လုပ်သူဆုကိုပါ ရရှိခဲ့ပါတယ်။

“၁၇ နှစ်ပြည့်ပွဲမှာ ကျနော် ဆုရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ၁၇ နှစ်လုံးလုံး ပရိသတ်အားကိုးနဲ့ မိုက်ခွင့်ရအောင် ဆက်မိုက်ခွင့်ရအောင် အားပေးနေတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်ကစပြီးတော့ ကျနော့် Rap သီချင်း၊ Hip Hop သီချင်းတွေကို ယုံယုံကြည်ကြည်နဲ့ ထုတ်လွှင့်ပေးတဲ့ City Fm ကို ကျေးဇူးတင်ပါတယ်။ ကျနော့် Sai Sai is Sai Sai ထဲမှာ ပါဝင်တဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပွဲမှာ ကျေးဇူးတင်စကား ဆိုပါတယ်။

သီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆု ရရှိခဲ့တဲ့ နီနီခင်ဇော်

City FM ရေဒီယိုမှာ ၂၀၁၈ ခုနှစ်အတွင်း သီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသား တေးသံရှင်ဆုကို အဆိုတော် ရွှေထူးက ရရှိခဲ့ပြီး အမျိုးသမီး တေးသံရှင်ဆုကိုတော့ အဆိုတော် နီနီခင်ဇော်က ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၈ အတွင်း ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသား အဆိုရှင်ဆုကို “ကိုယ်စောင့်နတ်” သီချင်းပိုင်ရှင် ဖိုးပြည့်က ရရှိခဲ့ပြီး ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသမီးဆု ကိုတော့ ကေကေမိုးက ရရှိခဲ့ပါတယ်။

City FM ရဲ့ တေးဂီတ ဆုချီးမြှင့်ပွဲကိုတော့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှု အားပေးခဲ့ကြပြီး အခုလို ကြီးကျယ် ခမ်းနားတဲ့ပွဲကြီးကို City FM က နှစ်စဉ် ကျင်းပလာခဲ့တာ အခုဆိုရင် ၁၇ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

City FM (၁၇) နှစ်ပြည့် Annual Music Award ပွဲမှာ ဆုရရှိခဲ့သူများ စာရင်း

(၁) ရောင်းအားအကောင်းဆုံး မြန်မာသံစဉ် တေးစီးရီး သီဆိုသူ အမျိုးသား – ဖိုးသောကြာ (နဂါးနီ)
(၂) ရောင်းအားအကောင်းဆုံး မြန်မာသံစဉ် တေးစီးရီး သီဆိုသူ အမျိုးသမီး – ရွှေယမင်းဦး (အလှူကြီးပေးတဲ့အိမ်)
(၃) ရောင်းအားအကောင်းဆုံး စတူဒီယိုတေးစီးရီ သီဆိုသူ အမျိုးသား – စိုင်းစိုင်းခမ်းလှိုင် (Sai Sai is Sai Sai)
(၄) ရောင်းအားအကောင်းဆုံး စတူဒီယို တေးစီးရီး သီဆိုသူ အမျိုးသမီး ဆု – အိုင်းရင်းဇင်မာမြင့် (MAR)
(၅) ရောင်းအားအကောင်းဆုံး မြန်မာသံစဉ် တေးစီးရီး ထုတ်လုပ်သူဆု – ဖိုးသောကြာ (နဂါးနီ)
(၆) ရောင်းအားအကောင်းဆုံး စတူဒီယို တေးစီးရီ ထုတ်လုပ်သူဆု – စိုင်းစိုင်းခမ်းလှိုင် (Sai Sai is Sai Sai)
(၇) သီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသားတေးသံရှင်ဆု – ရွှေထူး
(၈) သီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသမီးတေးသံရှင်ဆု – နီနီခင်ဇော်
(၉) ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသားအဆိုရှင်ဆု – ဖိုးပြည့်
(၁၀) ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသမီးအဆိုရှင်ဆု – ကေကေမိုး

The post အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ City FM (၁၇) နှစ်ပြည့် Annual Music Award ပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်