Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထင်ထားတာထက် ဝင်ငွေပိုကောင်းတဲ့ “The Upside” ရုပ်ရှင်

$
0
0

ရုပ်ရှင်ရုံဝင်ငွေစာရင်း စောင့်ကြည့်လေ့လာသူတွေကတော့ “The Upside” ရုပ်ရှင်ရဲ့ ရုံဝင်ငွေကြောင့် အထူးအံ့သြခဲ့ရပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ ထိပ်တန်းဝင်ငွေအကောင်းဆုံး ရုပ်ရှင်နေရာကို “Aquaman” ရုပ်ရှင်လက်ထဲကနေ ပြန်ယူနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

မင်းသား Kevin Hart နဲ့ Bryan Cranston တု့ိ ခေါင်းဆောင် ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ အကြောသေရောဂါသည် ဘီလျံနာကြီးတဦးကို စောင့်ရှောက်ဖို့ နောက်ကြောင်း မရှင်းတဲ့သူတဦးကို ငှားရမ်းခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ပြင်သစ်ရုပ်ရှင် “Les Intouchables” ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

“The Upside” ရုပ်ရှင်ဟာ ရုံတင်နိုင်ဖို့အတွက် ခက်ခဲတဲ့လမ်းကို လျှောက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေနဲ့ ကြုံခဲ့ရတဲ့ Harvey Weinstein ရဲ့ Weinstein ကုမ္ပဏီက ထုတ်လုပ်တဲ့ ရုပ်ရှင်မို့လို ဂယက်ရိုက်မှုထဲမှာ ပါဝင်ခဲ့ပါတယ်။

အသက်ပြည့်မှကြည့်လို့ ရတဲ့ ရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပေမယ့် ဒါရိုက်တာ Neil Burger က အသက် ၁၃ နှစ်အထက် ကလေးတွေပါ ကြည့်လို့ရတဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးခဲ့ပါတယ်။

“Aquaman” ရုပ်ရှင်ကတော့ နံပါတ် ၂ နေရာမှာ ရောက်သွားခဲ့ပြီး မင်းသား Jason Momoa ပါဝင် သရုပ်ဆောင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ဖြန့်ချိတာ စတုတ္ထသီတင်းပတ်မြောက်လာတဲ့ အချိန်မှာပဲ ဝင်ငွေ ဒေါ်လာ ၁၇ သန်းရရှိခဲ့ပါတယ်။

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာတော့ ဒေါ်လာ ၂၈၇ သန်းရခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ တကမ္ဘာလုံးဝင်ငွေစာရင်း အရဆိုရင် ၂၀၁၂ မှာဖြန့်ချိခဲ့တဲ့ “The Dark Knight Rises” ရုပ်ရှင် နောက်ပိုင်း ဒေါ်လာ ၁ ဘီလီယံကျော်သွားခဲ့တဲ့ ပထမဆုံး DC ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။

တတိယနေရာမှာရှိနေတာက “A Dog’s Way Home” ရုပ်ရှင်ဖြစ်ပြီး ပွဲဦးထွက်သီတင်းပတ်မှာတင် ဒေါ်လာ ၁၁ သန်း ရရှိခဲ့ပါတယ်။ “Spider-Man: Into the Multi-Verse” ရုပ်ရှင်က ဒေါ်လာ ၉ သန်းနဲ့ စတုတ္ထနေရာမှာရှိပြီး “Escape Room” ရုပ်ရှင်ကတော့ ဒေါ်လာ ၈ ဒဿမ ၉ သန်းနဲ့ ပဉ္စမနေရာမှာရှိနေပါတယ်။

Ref: etcanada

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထင်ထားတာထက် ဝင်ငွေပိုကောင်းတဲ့ “The Upside” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...