Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမေရိကန် Super Bowl ပြိုင်ပွဲ နားချိန်ဖျော်ဖြေမှုတွင် Maroon 5 ပါဝင်မည်

$
0
0

Pop တီးဝိုင်း Maroon 5 အဖွဲ့ဟာ လာမယ့်ဖေဖော်ဝါရီလ Atlanta မြို့မှာ ပြုလုပ်မယ့် Super Bowl ဘောလုံးပြိုင်ပွဲ နားချိန်ဖျော်ဖြေမှုမှာ Rap အဆိုတော် Travis Scott ၊ Big Boi တို့နဲ့အတူ ပါဝင်မှာ ဖြစ်တယ်လို့ အမျိုးသားဘောလုံးအဖွဲ့ချုပ်က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

Adam Levine ဦးဆောင်တဲ့ ဂရမ်မီ ၃ ဆုရ Maroon 5 အဖွဲ့ဟာ တက်သစ်စ အဆိုတော် Scott နဲ့ ဂျော်ဂျီယာမြို့ဖွား Big Boi တို့နဲ့အတူ ပါဝင်လာမှာပါ။ Pepsi ကနေ စပွန်ဆာပေးထားတဲ့ အဲဒီပွဲမှာ ပြုလုပ်မယ့် Super Bowl ရဲ့ စင်မြင့်ထက်မှာ ဂီတအမျိုးအစား အစုံအလင်ကို ချပြဖို့ စီစဉ်နေတယ်လို့ ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

အဆိုတော် Levine ကတော့ ဖျော်ဖြေမှုအတွင် သူတို့တီးဝိုင်းပြင်ဆင်နေတဲ့ ဗီဒီယိုတခုကို Twitter မှာ တင်ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံတွေထဲမှာ Scott နဲ့ Big Boi တို့ ပါဝင်ပါတယ်။ အမေရိကန် မီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ Pop စူပါစတား Rihanna ဟာ လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကို ဆန္ဒပြခဲ့တဲ့ဘောလုံးသမား Colin Kaepernick ကို ထောက်ခံတဲ့အနေနဲ့ အဲဒီကမ္ဘာကျော်ဖျော်ဖြေမှုအစီအစဉ်မှာ ဖျော်ဖြေဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

စီစဉ်ကျင်းပနေကျ Super Bowl ပွဲဟာ အမေရိကန်မှာ ပြုလုပ်တဲ့ဖျော်ဖြေရေး အခမ်းအနားတွေထဲ လူကြည့်အများဆုံးအခမ်းအနားတခုဖြစ်ပြီးရုပ်မြင်သံကြားကနေ ကြည့်ရှုသူ သန်းနဲ့ချီပြီး ရှိပါတယ်။

အရင်တုန်းက ဖျော်ဖြေခဲ့သူတွေထဲမှာဆိုရင် Beyonce, Lady Gaga, Katy Perry, Madonna,Bruce Springsteen နဲ့ Prince တို့ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ Super Bowl အစီအစဉ်မှာ Justin Timberlake ပါဝင်ခဲ့ပြီး ရုပ်သံကနေ ကြည့်ရှုသူ ပရိသတ် ၁၀၃ သန်းရှိခဲ့ပါတယ်။

CBS ရုပ်သံကနေ ၂၀၁၉ ခုနှစ်ရဲ့ Super Bowl ပွဲကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ အဆိုတော် Levine ကတော့ NBCကထုတ်လွှင့်နေတဲ့ “The Voice” အစီအစဉ်မှာ ဒိုင်အဖြစ် ပါဝင်လျက်ရှိနေပါတယ်။

Ref: asiaone

The post အမေရိကန် Super Bowl ပြိုင်ပွဲ နားချိန်ဖျော်ဖြေမှုတွင် Maroon 5 ပါဝင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...