Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာလောကနဲ့ ၇ နှစ်ကြာ ဝေးကွာခဲ့ပြီး သီချင်းတွေ ပြန်လုပ်နေတဲ့ ပြည့်ဖူးခိုင်

$
0
0

အနုပညာလောကနဲ့ ၇ နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီး တချိန်က သရုပ်ဆောင် တယောက်ဖြစ်တဲ့ ပြည့်ဖူးခိုင်က အခုချိန်မှာ အနုပညာလောကထဲ တကျော့ပြန် ဝင်ရောက်လာခဲ့ပြီး သီချင်းတွေ လုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။

“လတ်တလောမှာ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေ ရိုက်တယ်။ ပြီးတော့ သီချင်းလုပ်နေတယ်။ အခွေ အနေနဲ့ ကတော့ ကြာဦးမှာပေါ့နော်။ အဲဒါကြောင့် အွန်လိုင်းမှာ တင်ဖို့ ၁ ပုဒ် ၂ပုဒ် အရင်လုပ်နေတယ်။ R&B နဲ့ Hip Hop ပုံစံလေးပါပဲ။ လောလောဆယ်တော့ တယောက်တည်းပဲ လုပ်ဖြစ်မှာပါ။ ဘယ်တော့ထွက်မှာလဲ ဆိုတာကတော့ ပြောရခက်ပါတယ်။ လုပ်ပြီးတဲ့အချိန်မှ စောင့်ကြည့်ပါ”လို့ ပြည့်ဖူးခိုင်က ပြောပါတယ်။

ပြည့်ဖူးခိုင်ကတော့ ယခင်က အဆိုတော် စန္ဒီမြင့်လွင်နဲ့ အတူ Girl Band တခုဖွဲ့ပြီး Rap သီချင်းများသီဆိုခဲ့တဲ့သူ တယောက်ဖြစ်ပြီး လက်ရှိမှာတော့ သီချင်းများ ဖန်တီးကာ သီချင်းခွေ အရင်မထွက်ဘဲ သီချင်းတပုဒ်စီ အွန်လိုင်းပေါ်မှာတင်ဖို့ ရည်ရွယ်ထားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

“အွန်လိုင်းတင်တယ် ဆိုတာကတော့ သီးသန့်ပေးတာပေါ့။ ကိုယ့်အတွက် အကျိုးအမြတ်ဆိုတာထက် ပရိသတ်အတွက် ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားထားတဲ့အရာတွေကို ပရိသတ်တွေကို ပေးတာလို့ မြင်ပါတယ်။ အနုပညာသက်သက်ကို တင်ဆက်တဲ့ သဘောပါ”လို့ ပြည့်ဖူးခိုင်က ပြောပါတယ်။

အနုပညာအလုပ်များ မလုပ်တော့တဲ့ အချိန်ကာလအတွင်းမှာ သူမရဲ့ကိုယ်အလေးချိန်မှာ အတိုင်းအတာတခုထိ တက်သွားခဲ့ပြီး အခုချိန်မှာတော့ ဝိတ်ကို ပြန်လည်လျော့ခဲ့ပြီး သရုပ်ဆောင်အလုပ် ပြန်လုပ်ဖို့အတွက် ကမ်းလှမ်းမှုများ ရှိနေပေမယ့် လက်မခံဖြစ်သေးဘူးလို့ ဆိုပါတယ်။

“သရုပ်ဆောင်ပိုင်းကတော့ ကမ်းလှမ်းတာ ရှိတယ်။ သိပ်ပြီးတော့ စိတ်တိုင်း မကျတဲ့အတွက် ငြင်းလိုက်တာပါ။ နောက်ပိုင်းမှာလည်း ကမ်းလှမ်းတဲ့အပေါ်မှာ စိစစ်ပြီးတော့ လက်ခံဖို့ရှိပါတယ်။ ပါဝင်ရတဲ့ဇာတ်လမ်းတခုမှာ ကာရိုက်တာ တခုအနေနဲ့ ကောင်းတယ်။ ကာရိုက်တာ တခုအနေနဲ့ ရှိတယ် ဆိုရင် လက်ခံပြီး ရိုက်သွားမှာပါ”လို့ ပြည့်ဖူးခိုင်က ပြောပါတယ်။

သူမရဲ့ ပရိသတ်များက သူမကို ပုံစံအသစ်နဲ့ ပြန်လည်ထွက်ပေါ်လာတဲ့အခါ ရင့်ကျက်သွားတဲ့ အလှနဲ့ ပြည့်စုံသွားတယ်လို့ ပြောတဲ့အပေါ် ပြည့်ဖူးခိုင်က အခုလိုပဲ ဆိုပါတယ်။

“အဲဒါကတော့ ပရိသတ်တွေက ကိုယ့်ကို ချစ်တဲ့မျက်စိနဲ့ ကြည့်လို့ပေါ့။ ပြီးတော့ ကိုယ့်ကို မေတ္တာထားပေးလို့လည်း ဒီလိုမျိုး ထင်ကြတာပါ။ ရင့်ကျက်တဲ့အလှလို့တော့ ကိုယ့်ဘာသာ မခံယူပါဘူး။ မိန်းကလေး သဘာဝအရ ရောက်ရှိနေတဲ့ အသက်အရွယ်တခုမှာ ကျန်းမာရေး လိုက်စားတယ်။ ကိုယ့်ကိုယ်ကိုယ် လှအောင်ပဲ နေတယ်။ လှအောင်ပဲ စားတယ်။ အဲဒီလိုမျိုး အစားအသောက်ကအစ အဆီတက်မယ့် အစာတွေ မစားဘူး။ ကိုယ့်အတွက် အသားအရေ လှမယ်။ ပြီးရင် အားကစားလုပ်ဖို့ အတွက် ခွန်အားဖြစ်မယ့် အစားအသောက်တွေကို ရွေးစားဖြစ်တယ်”လို့ ပြည့်ဖူးခိုင်က ပြောပါတယ်။

ပြည့်ဖူးခိုင်ကတော့ တချိန်က ပရိသတ် နှစ်သက် သဘောကျခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော် Rapper မလေးတယောက်ဖြစ်ပြီး ရှေ့နေတယောက်လည်း ဖြစ်ပါတယ်။

The post အနုပညာလောကနဲ့ ၇ နှစ်ကြာ ဝေးကွာခဲ့ပြီး သီချင်းတွေ ပြန်လုပ်နေတဲ့ ပြည့်ဖူးခိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”