Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိန်းမလျာဇာတ်ရုပ်အတွက် ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ အများကြီးပြင်ဆင်ခဲ့ရတဲ့ ဒေါင်းဝေ

$
0
0

လတ်တလော MRTV 4 ရုပ်သံဇာတ်လမ်းတွဲမှာ ပြသနေတဲ့ “ရွှေဖူးစာ ဆုံရာမြေ” ဇာတ်လမ်းတွဲထဲမှာ ဗစ်တိုးရီးယားဆိုတဲ့ မိန်းမလျာ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားတဲ့ ဒေါင်းဝေကတော့ မိန်းမလျာဇာတ်ရုပ်အတွက် ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့အများကြီး ပြင်ဆင်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဒီကားထဲက ဗစ်တိုးရီးယားဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့အတွက်ကို ၃ လလောက်ကြိုပြီးတော့ ဇာတ်ညွှန်းတွေ ပေးခဲ့တယ်။ မိန်းကလေး ဇာတ်ရုပ်အတွက် ကျနော့်ဒီဇိုင်နာ အစ်ကိုနဲ့ တိုင်ပင်ပြီးတော့ အဝတ်အစားကို ဘယ်လိုဝတ်ရမလဲ ဆိုတာကို တိုင်ပင်ဖြစ်တယ်။ ပြီးတော့ ဂေးတယောက်လို သရုပ်ဆောင်ရတာဆိုတော့ တခြားသူတွေကို ထိခိုက်မှုမရှိအောင်တော့ ဒိုင်ယာလော့လေးတွေတော့ ပြင်ပေးခိုင်းတယ်”

“အဝတ်အစားဆိုရင် မိန်းမလိုပုံစံကိုမှ ဟောဟော့ရမ်းရမ်း ပုံစံကြီး မဝတ်ချင်ဘူး။ အဲဒါကြောင့် အဝတ်အစားပိုင်းကိုလည်း သေချာပြင်ဆင်ခဲ့တယ်။ ဒီဇာတ်ကားက အချိန်လည်း ရတယ်။ ပရိသတ် အားပေးမှုလည်း တော်တော်လေး ရလိုက်တယ်”လို့ ဒေါင်းဝေက ပြောပါတယ်။

“ရွှေဖူးစာဆုံရာမြေ” ဇာတ်လမ်းတွဲမှာတော့ ဗစ်တိုးရီးယားဆိုတဲ့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ မိန်းမလျာတယောက်အနေနဲ့ အဝတ်အစား ၊ မိတ်ကပ်ပြင်ဆင်မှု၊ စကားပြောဆိုပုံများအစ တည်ငြိမ်တဲ့မိန်းမလျာတယောက်အနေနဲ့ သရုပ်ဆောင် ထားတဲ့အတွက် ပရိသတ်များက ကြိုက်နှစ်သက်လျက်ရှိပါတယ်။

“ကျနော့် သရုပ်ဆောင်တဲ့ နေရာမှာ ဒိုင်ယာလော့တခုပေးရင် ကျနော်ပြောရမယ့် ဒိုင်ယာလော့က ပတ်ဝန်းကျင် ဘယ်သူ့ကို ထိခိုက်သွားနိုင်မလဲ။ ဒီ ဒိုင်ယာလော့မျိုး ဆိုရင် မဖြစ်သင့်ဘူး။ တကယ်လို့ပြင်ပေးလို့ရရင် ပြင်ပေးပါပေါ့။ ရိုက်တဲ့ ဒါရိုက်တာကလည်း ထိုင်းက ဒါရိုက်တာဆိုတော့ တချို့စကားလုံးတွေဆို ပတ်ဝန်းကျင်ကို ထိခိုက်သွားနိုင်တယ်။ အဝတ်အစားပိုင်းတွေဆိုရင်လည်း ကိုယ်ဝတ်ပြသလိုအပြင်မှာ တကယ် မဟုတ်ရင် ထိခိုက်သွားနိုင်တဲ့အတွက် အများကြီးပြင်ဆင်ခဲ့ရပါတယ်” လို့ ဒေါင်းဝေက ပြောပါတယ်။

မိန်းမလျာတယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ဒေါင်းဝေက LGBT များအပေါ်သူ့ရဲ့အမြင်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“လူဆိုတာကတော့ အားလုံးက ကိုယ်ကြိုက်တာကိုယ် လုပ်နေကြတာပါပဲ။ ဒီခေတ် ဒီအခါမှာတော့ ဒါကိုလည်း ပြစ်ချက်တခုလို ပြောလို့ မရဘူး။ အဓိကကတော့ ကောင်းတယ်လုပ်ရင် ကောင်းတာဖြစ်မှာပဲ။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မှာပဲ။ ကိုယ်စိတ်ပျော်ရွှင်ဖို့အတွက် ကိုယ်ကြိုက်တာလုပ်တဲ့ခေတ်မှာ ဒါကိုလည်း ကျနော်တို့ဝေဖန်လို့ မရဘူး” လို့ ဒေါင်းဝေက ပြောပါတယ်။

ဒေါင်းဝေကတော့ သရုပ်ဆောင် တယောက်အနေနဲ့ ဇာတ်ရုပ်ရွေးချယ်တာတွေ မရှိဘဲ လာကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

“ဇာတ်ရုပ် ရွေးချယ်တာတော့ မရှိဘူး။ ကျနော်က မြန်မာပြည်ရဲ့ သရုပ်ဆောင်တယောက်ဆိုတော့ ကျနော့်ကို လာကမ်းလှမ်းတဲ့နေရာ ဘယ်နေရာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ပါတယ်။ ရွှေဖူးစာဆုံရာမြေမှာ ဗစ်တိုးရီးယားဆိုပြီးတော့ မိန်းကလေးတယောက်လို သရုပ်ဆောင်ထားတယ်။ အခု တတိယမြောက်ဆုံမှတ်မှာ ဒုရဲအုပ်နေရာကနေ သရုပ်ဆောင်ထားပါတယ်” လို့ ဒေါင်းဝေက ပြောပါတယ်။

The post မိန်းမလျာဇာတ်ရုပ်အတွက် ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ အများကြီးပြင်ဆင်ခဲ့ရတဲ့ ဒေါင်းဝေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...