Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သမီးလေးအတွက်”သီချင်းကို ပရိသတ်တွေကြိုက်လို့ ပျော်ရွှင်နေတဲ့ အေသင်ချိုဆွေ

$
0
0

အဆိုတော် အေသင်ချိုတွေက မကြာသေးခင်က Single Mom များအတွက် သီချင်းတပုဒ် သီဆိုခဲ့ပြီး အဲဒီသီချင်းကို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒီသီချင်းက အေသင်ချိုဆွေအတွက် အဆိုတော် အိမ့်ချစ်က ရေးသားပေးထားတဲ့ သီချင်း ဖြစ်ပါတယ်။

“သမီးလေးအတွက် သီချင်းလေး ဖန်တီးဖြစ်တာက သူ့အတွက် ရည်ရွယ်ပြီး တင်လိုက်တာ။ ပရိသတ်တွေက အားပေးကြတယ်၊ လက်ခံကြတယ်။ ကိုယ့်ကိုလည်း ကရုဏာ ဖြစ်သွားကြတယ်။ အရမ်း ပျော်ပါတယ်။ သီချင်းသွင်းတုန်းက တယောက်တည်း သွားသွင်းခဲ့တာ စိတ်ကို မနည်း ကြိုးစားပြီးတော့ သွင်းတာပေါ့။ အဲ့အတွက် မနည်းစိတ်ကို တင်းပြီး ဆိုထားတာ လိုအပ်ချက်လေးတွေ ရှိပေမယ့် ပရိသတ်တွေက ကြိုက်ကြတော့ ပျော်တယ်”လို့ အေသင်ချိုဆွေက ပြောပါတယ်။

“သမီးလေး နားလည်မယ်ဆိုရင် သူဘယ်လိုတွေးမလဲ မသိဘူး။ မိခင်တယောက်ရဲ့ မေတ္တာကို နားလည်လာမှာပါ။ အခုကတော့ အမေကို အရမ်းချစ်တယ်။ အရမ်းကပ်တယ်။ သူလိမ္မာမယ်လို့တော့ မျှော်လင့်ပါတယ်။ အေသင်အခု ခရီးသိပ်မထွက်ဘဲ သမီးလေးနားမှာပဲ နေဖြစ်တော့ သူပြောင်းလဲလာတာလေးတွေကို ပိုသိလာတယ်”

“သူ့အမူအရာ လေးတွေက ချစ်ဖို့ ကာင်းတယ်။ တဖြည်းဖြည်းနဲ့ ကြီးလာတော့ အရမ်းလည် အရမ်းတတ် အရမ်းချစ်ဖို့ ကောင်းတယ်။ ဦးလေးနဲ့ အဘွားကိုတောင် သိပ်မကပ်တော့ဘူး။ အမေကို အရမ်းကပ်နေတယ်”လို့ အေသင်ချိုဆွေက ပြောပါတယ်။

အေသင်ချိုဆွေ သီဆိုထားတဲ့ သမီးဖြစ်သူအတွက် သီချင်းနာမည်ကတော့ “သမီးလေးအတွက်” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ ဂီတနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားကာ သီချင်းတွေ ထပ်လုပ်ဖို့ ရှိတယ်လို့ဆိုပြီး ဂီတဆုများလည်း ရရှိအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူနဲ့ ပတ်သက်လို့လည်း အေသင်ချိုဆွေက အခုလိုဆိုပါတယ်။ “သမီးနဲ့ ဓာတ်ပုံလေးတွေ ရိုက်ဖို့ရှိတယ်။ ပရိသတ်တွေကို တွေ့စေချင်တယ်။ အမှတ်တရလေးလည်း ဖြစ်အောင် ရိုက်တာပါ။ သူသိပ်မသိတတ်သေးတဲ့ အရွယ်မလို့ ရိုက်ပြီး ပုံလေးတွေ တင်ဖြစ်တာပါ။ အသက် နည်းနည်းကြီးရင် မတင်တော့ဘူး။ အေသင်နဲ့ သမီးလေးကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်တယ်”

“အေသင် Single Mom ဖြစ်တည်မှုကို လက်ခံပေးကြတယ်။ မကောင်းတာပြောတဲ့ သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အေသင့်ကို ချစ်တဲ့သူတွေအတွက် အကောင်းဆုံးကြိုးစားပြီး ရှေ့ဆက်သွားမယ်လို့ ဆုံးဖြတ်ထားတယ်”လို့ အေသင်ချိုဆွေက ဆိုပါတယ်။

သမီးဖြစ်သူ Ivy လေးက အသက် ၁ နှစ်ကျော် အရွယ်ကို ရောက်နေပြီး ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ကလေးလည်းဖြစ်ပါတယ်။ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက “အသည်းကွဲသီချင်းတွေ မဆိုတော့ဘူး”နဲ့ “ကမ္ဘာကြီးလောက်” ဆိုတဲ့ သီချင်းသစ်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အထူး ရရှိခဲ့ပါတယ်။

လက်ရှိမှာလည်း အေသင်ချိုဆွေ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ရှိနေပြီး သမီးလေးအတွက် သီချင်းကို ပရိသတ်တွေက အထူးနှစ်သက် အားပေးခဲ့ကြပါတယ်။

The post “သမီးလေးအတွက်” သီချင်းကို ပရိသတ်တွေကြိုက်လို့ ပျော်ရွှင်နေတဲ့ အေသင်ချိုဆွေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...