Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

‘Ghostbusters’ ရုပ်ရှင်အသစ်ကို ရိုက်ကူးဖို့ရှိ

$
0
0

မူရင်း “Ghostbusters” ရုပ်ရှင်ရဲ့ ဒါရိုက်တာ Ivan Reitman ရဲ့ သားဖြစ်သူက အဲဒီ့ရုပ်ရှင်ရဲ့ နောက်ထပ်အသစ် ဇာတ်လမ်းကို ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Sony Pictures ကနေ ထုတ်လုပ်မယ့် “Ghostbusters” ရုပ်ရှင်အသစ်ကို ၂၀၂၀ ပြည့်နှစ် နွေရာဦကာလမှာ ဖြန့်ချိဖို့ စီစဉ်ထားပြီး ဒါရိုက်တာ Jason Reitman က ရိုက်ကူးမှာဖြစ်ပါတယ်။

ဒါရိုက်တာ Reitman က “ကျနော် အသက် ၆ နှစ်အရွယ်လောက်တုန်းက ရိုက်ကွင်းကို ရောက်ခဲ့တဲ့အခါ ‘Ghostbusters’ ရဲ့ ပထမဆုံး ပရိသတ်တယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ထင်ခဲ့တာပါ။ နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ကတော့ မူရင်းရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ပြန်ရိုက်မှာမဟုတ်ပါဘူး။ ဒီနေ့ခေတ် အချိန်ကာလမှာ ဇာတ်အိမ်တည်မှာပါ” လို့ ဆိုပါတယ်။

ထူးခြားအံ့သြဖွယ်ရာ အများအပြားပါဝင်ပြီး ပရိသတ်တွေ တွေ့ဆုံဖို့ ဇာတ်ကောင်အသစ်တွေလည်းရှိနေတယ်လို့ သိရပါတယ်။

ပြီးတော့ ဒါရိုက်တာ Reitman ကိုယ်တိုင်က “Monster House” ရုပ်ရှင်ဒါရိုက်တာ Gil Kenan နဲ့အတူ ဇာတ်ညွှန်းကို ရေးသားဖန်တီးမှာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ကိုလည်း သူ့နှလုံးသားနဲ့ နီးနီးစပ်စပ်တူအောင် ဖန်တီးမှာဖြစ်တယ်လို့ ဒါရိုက်တာ Reitman က ဆိုပါတယ်။

အသက် ၄၁ နှစ်အရွယ် ဒါရိုက်တာ Reitman က ပရိသတ်တွေအနေနဲ့ တူညီတဲ့အရာကိုပဲ ထပ်ကြည့််ရမှာကို မစိုးရိမ်ဖို့ ပြောကြားခဲ့ပါတယ်။ ‘Ghostbusters’ ရုပ်ရှင်ဟာ မူရင်းဇာတ်လမ်းကျောရိုးထဲမှာရှိပေမယ့် မတူခြားနားတဲ့ ဇာတ်လမ်းနဲ့ လာမှာဖြစ်တယ်လို့ဆိုပါတယ်။

၁၉၈၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ‘Ghostbusters’ ရုပ်ရှင်ဟာ လူမှုပတ်ဝန်းကျင်မှ တစ္ဆေသရဲတွေကို ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းလုပ်ကိုင်တဲ့ သသာဝလွန်သရဲနှိမ်နှင်းသူ ပရော်ဖက်ဆာဟောင်း ၃ ဦးအကြောင်း ဇာတ်အိမ်တည်ထား တာဖြစ်ပါတယ်။

Ref: etcanada

The post ‘Ghostbusters’ ရုပ်ရှင်အသစ်ကို ရိုက်ကူးဖို့ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...