Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၉ခုနှစ်မှာ ထွက်ရှိမယ့် ဇာတ်ကားကောင်းများ

$
0
0

ရုပ်ရှင်နဲ့ ဂီတဟာ လူတွေကို ပျော်ရွှင်မှုပေးနိုင်တဲ့ အဓိကအရာတွေ ဖြစ်ပါတယ်။ တချို့ရုပ်ရှင်တွေဆိုရင် ထွက်ရှိလာဖို့ နှစ်တွေအများကြီး ပရိသတ်တွေက စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ ၂၀၁၉ခုနှစ် မှာ ထွက်ရှိပြီး ရုံတင်မယ့် ဇာတ်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Glass

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထွက်ရှိမယ့် Glass ဇာတ်ကားဟာ ဒါရိုက်တာ M. Night Shyamalan ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အရင်က ထွက်ရှိထားဖူးတဲ့ စုံထောက်ကား Unbreakble နဲ့ စိတ္တဇကား Split တို့နဲ့ ပြန်ပြီး ချိတ်ဆက်မယ့် ဇာတ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေ ဖြစ်တဲ့ Mr.Glass ၊ David Dunn ၊ Kevin တို့ ပါဝင်မှာ ဖြစ်တယ်လို့ Trailer တွေ အရ သိရပါတယ်။

ဒီဇာတ်ကားကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့က ရုပ်ရှင်ရုံတွေမှာ တင်မယ်လို့ သိရပါတယ်။

(၂) How to Train Your Dragon: The Hidden World

ချစ်စရာကောင်းတဲ့ နဂါးလေး Toothless ကို မှတ်မိဦးမယ် ထင်ပါတယ်။ How To Train Your Dragon ရဲ့ နောက်ထပ်တပိုင်းဖြစ်တဲ့ The Hidden World ကို ဇန်နဝါရီလ ၁၁ရက်နေ့က ရုပ်ရှင်ရုံတွေမှာ စတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ မင်းသား ဟစ်ကပ်ရဲ့ နဂါးလေး Toothless ဟာ Light Fury တကောင်ကို တွေ့မှာ ဖြစ်ပြီး အဲဒီ Light Fury က အမ လေးဖြစ်နေတာပါ။ ပျော်စရာတွေ ဝမ်းနည်းစရာတွေ အပြည့်နဲ့ ဒီဇာတ်ကားဟာ ၂၀၁၉ ခုနှစ်မှာ တကယ်ရုံတင်ပြီ ဖြစ်ပါတယ်။

(၃) Shazam

DC ပရိသတ်တွေကတော့ ပျော်ပြီး ပျော်ရင်းပါပဲ။ မကြာသေးခင်က Aquaman ရုံတင်ပြီးနောက် ထပ်မံရုံတင်တဲ့ DCEU ရဲ့ စူပါဟီးရိုး ကားဖြစ်ပါတယ်။ ကာတွန်းဖတ်သူတွေသာ သိတဲ့ ဟီးရိုးကို ပထမဆုံး လိုက်ဖ်အက်ရှင်အနေနဲ့ မိတ်ဆက် ပေးမယ့် ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဧပြီလ မှာရုံတင်မယ်လို့ သိရပါတယ်။

(၄) Dumbo

ငယ်ငယ်က ကာတွန်းကားအဖြစ်ရိုက်ကူးခဲ့တဲ့ ဆင်ကလေး Dumbo ကို အကြောင်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီကာတွန်းကားကို လိုက်ဖ်အက်ရှင်အနေနဲ့ ရိုက်ကူးထားတဲ့ Dumbo ကိုတော့ မတ်လထဲမှာ ရုံတင်မယ်လို့ သိရပါတယ်။

(၅) Aladdin

၂၀၁၉ခုနှစ် ဟာ Disney ရဲ့ လိုက်ဖ်အက်ရှင်တွေ တော်တော်ထွက်တဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။ စွန့်စားခန်းတွေ ရိုမန်တစ်ဆန်တဲ့ ရိုက်ကွက်တွေနဲ့ Musical ရုပ်ရှင်အနေနဲ့ ထွက်မယ့် ဇာတ်ကားဖြစ်လို့ ပရိသတ်တွေကလည်း အရမ်းကို မျှော်လင့်စောင့်စားနေတာကို တွေ့ရပါတယ်။

Trailer ကိုတော့ နည်းနည်းလေးသာ ထွက်ရှိထားပြီး ရိုက်ကွင်းဓာတ်ပုံတွေကလည်း သေချာတိကျတဲ့ ပုံတွေ မဖြစ်သေးတော့ ခန့်မှန်းရခက်နေသေးမယ့် Disney က ပရိသတ်ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူးလို့ ပရိသတ်တွေ မျှော်လင့်ထားကြပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် နှစ်လယ်လောက်မှာ ထွက်ရှိမယ်လို့ Disney က ကြေငြာထားပါတယ်။

(၆) Captain Marvel

မတ်လမှာ ထွက်ရှိမယ့် Captain Marvel ကိုတော့ အမေရိကန်ဒေါ်လာ ၁၅၂ မီလီယံ ကုန်ကျခံကာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ Captain Marvel ဟာလည်း MCU က ပထမဆုံး ကာရိုက်တာ မိတ်ဆက်အနေနဲ့ ရိုက်ကူးထားတဲ့ ကားဖြစ်ပြီး ဇာတ်ာကား ကြာမြင့်ချိန်ကတော့ ၂နာရီနဲ့ ၈မိနစ်ကြာတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ Infinity War ရဲ့ မျှော်လင့်ချက်တခုဖြစ်လာ မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ Marvel ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

ဒီဇာတ်ကားတွေ အားလုံးဟာ ရိုက်ကူးချိန် ၃နှစ်ထက်မနည်း ကြာမြင့်ထားတဲ့ ကားတွေ ဖြစ်ပြီး ပရိသတ်တွေ စောင့်မျှော်နေတဲ့ ကားတွေလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရုံတင်တဲ့ အချိန်အတိုင်း မြန်မာနိုင်ငံမှာလည်း ရုံတင်ပါစေလို့ ဆုတောင်းရင်း ၂၀၁၉ ခုနှစ်မှာ ထွက်ရှိမယ့် ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

The post ၂၀၁၉ခုနှစ်မှာ ထွက်ရှိမယ့် ဇာတ်ကားကောင်းများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...