Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုရီးယားရုပ်ရှင် ‘The Villainess’ကို အမေရိကန်ရုပ်သံစီးရီးအဖြစ် ပြန်လည်ရိုက်ကူးမည်

$
0
0

၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Villainess” ရုပ်ရှင်ကို အမေရိကန်နိုင်ငံရုပ်သံစီးရီးအဖြစ် ပြန်လည် အသွင်ပြောင်း ရိုက်ကူးမှာဖြစ်ပါတယ်။

ဒါရိုက်တာ Jung Byung Gil ရိုက်ကူးခဲ့တဲ့ အဲဒီ့ရုပ်ရှင်ဟာ အမေရိကန်မှာ ပထမဆုံး စီးရီးအဖြစ် ရိုက်ကူးရတဲ့ ကိုရီးယားရုပ်ရှင်ဖြစ်လာမှာပါလို့ ထုတ်လုပ်ရေးကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။

အဲဒီ့ရုပ်ရှင်ဖြန့်ချိရေး နိုင်ငံခြားရောင်းချမှုကို တာဝန်ယူထားတဲ့ Contents Panda ကတော့ Beverly Hills မှာ အခြေစိုက်တဲ့ Skybound Entertainment နဲ့ အမေရိကန်ဗားရှင်းအဖြစ် ပြန်လည်ရိုက်ကူးဖို့ ပူးပေါင်းဆောင်ရွက်မှုအတွက် လက်မှတ်ရေးထိုးထားတယ်လို့ ဆိုပါတယ်။

ကိုရီးယားဒရာမာစီးရီးတွေကို အမေရိကန်ဒရာမာစီးရီးအဖြစ် အသွင်ပြောင်း ရိုက်ကူးတာ ရှိခဲ့ပေမယ့် “The Villainess” ရုပ်ရှင်ဟာ ပထမဆုံးဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမယ့် ကိုရီးယားရုပ်ရှင်ဖြစ်လာတာပါ။ မင်းသမီး Kim Ok-bin ပါဝင်ထားတဲ့ အဲဒီ့ရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်အကြိမ် (၇၀) မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ပွဲဦးထွက်အဖြစ် ပြသခဲ့ပါတယ်။

အမျိုးသမီးလူသတ်သမားတဦးအဖြစ် ကြီးပြင်းခဲ့တဲ့ Sook Hee ရဲ့ ဘဝအကြောင်း ဇာတ်အိမ်တည်ရိုက်ကူး ထားတာဖြစ်ပါတယ်။

“Villainess” လို့ပဲ နာမည်ပေးထားတဲ့ အမေရိကန်ဗားရှင်းမှာဆိုရင်တော့ လော့စ်အင်ဂျလိစ် လျှို့ဝှက်အသိုက်အဝန်းမှာ လူသတ်ကောင်ဖြစ်လာဖို့ ကြီးပြင်းခဲ့ရတဲ့ အမျိုးသမီးတွေအကြောင်းကို အဓိကထားရိုက်ကူးမှာဖြစ်ပါတယ်။

ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေကို ရွေးချယ်ပြီးစီးမယ်ဆိုရင်တော့ ရိုက်ကူးရေးကို စတင်မှာဖြစ်တယ်လို့ ကိုရီးယားကုမ္ပဏီ ကဆိုပါတယ်။

အမေရိကန်စီးရီးရဲ့ ထုတ်လုပ်ရေး အဖွဲ့မှာ ပါဝင်တဲ့ ဒါရိုက်တာ Jung က “အမေရိကန်ဗားရှင်းဟာ အက်ရှင်တွေ၊ စဉ်ဆက်မပြတ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ရောက်ရှိလာမှာပါ” လို့ ပြောဆိုထားပါတယ်။

Ref:Yonhap

The post ကိုရီးယားရုပ်ရှင် ‘The Villainess’ ကို အမေရိကန်ရုပ်သံစီးရီးအဖြစ် ပြန်လည်ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles