Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကုသိုလ်တွေရချင်လို့ ဘုရားဖူးခရီးတွေသွားနေတဲ့ သူထူးစံတို့ ဇနီးမောင်နှံ

$
0
0

သရုပ်ဆောင်သူထူးစံက သရုပ်ဆောင်ထိုက်ဆုဝင်းနဲ့ လက်ထပ်ပွဲပြုလုပ်ပြီးနောက်မှာ မင်္ဂလာဦးကို အလှူများနဲ့ ဖြတ်သန်း ခဲ့တဲ့အပြင် အခုအချိန်ထိလည်း ဘုရားစေတီများ လှည့်လည်ဖူးမြော်ကုသိုလ်ယူရင်း ဘဝသစ်ကိုစတင်နေတယ်လို့ ဆိုပါတယ်။

“အဲဒါကတော့ သာမန်လူတွေ လုပ်တဲ့အတိုင်းပါပဲ။ ရိုးရိုးလေးပါပဲ။ ကျနော်တို့ ဘုရားစေတီတွေလိုက်ဖူးတယ်။ အဲဒါက ကောင်းတာပေါ့ဗျာ။ စိတ်အေးချမ်းတာပေါ့”လို့ သူထူးစံက ဧရာဝတီကို ပြောပါတယ်။

သူထူးစံက မင်္ဂလာဦးဘုရားဖူး ခရီးစဉ်များနဲ့စိတ်ခံစားမှုကိုလည်း အခုလိုပြောပြပါတယ်။

“အရင်တုန်းကတော့ ငယ်ငယ်တုန်းကတော့ တမျိုးပေါ့နော်။ အခုကျနော်က ကမ္ဘာမှာ အလှဆုံးနေရာတွေဆိုတာက ဒီနေရာတွေလို့ပဲ ကျနော်ခံစားရတယ်။ ပြီးတော့ ကျနော် ခင်ပွန်းကြီးဆယ်ပါးကို လိုက်ကန်တော့တယ်။ အဲဒီလိုသွားရင်း ပရိသတ်တွေနဲ့တွေ့တယ်။ ရင်းရင်းနှီးနှီးပြန်နှုတ်ဆက်တယ်။ စိတ်ချမ်းသာတယ်။ ဒီလောက်ပါပဲ။ ရည်ရွယ်ချက်ကတော့ ဒီထက်ပိုတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ကုသိုလ်ရချင်တယ်။ ဒါလောက်ပါပဲ”လို့ သူထူးစံက ဧရာဝတီကိုဆိုပါတယ်။

သူထူးစံက ပြီးခဲ့တဲ့ဒီဇင်ဘာလက ဘုရားဖူးခရီးစဉ်နဲ့အတူ သရုပ်ဆောင် ၊ အဆိုတော် ဗိုလ်မှုးစောမိုးကျော် ရဲ့ထီးတင်ပွဲမှာ ပါဝင်ပြီးထီးတော်တင်ဖြစ်ခဲ့သလို သီချင်းများ၊ အနုပညာများနဲ့လည်း ကုသိုလ်ယူခဲ့သေးတယ်လို့ ဆိုပါတယ်။

“မနှစ်ကလည်း ကျနော်တို့သူငယ်ချင်းတွေ ကိုစောမိုးကျော်တည်တဲ့ ဘုရားပွဲမှာဝင်ပါခဲ့ဖူးပါတယ်။ ကိုစောမိုးကျော်နဲ့တွဲပြီး ဝိုင်းလုပ်ဖြစ်တယ်။ အခုလည်း တိုက်ဆိုင်တာနဲ့ ဝင်လုပ်ပေးဖြစ်တာပါ။ ပြီးတော့ကျနော်က ဗိုလ်မှုးစောမိုးကျော်နဲ့တွဲပြီးတော့ ဗွီဒီယိုနှစ်ကားရိုက်ထားသေးတယ်”လို့လည်း သူထူးစံက ပြောပြပါတယ်။

အသစ်တွေကိုလက်တွဲခေါ်ပြီး ရိုက်ပေးဖြစ်တာနဲ့ပတ်သက်ပြီးလည်း သူထူးစံကအခုလိုဆိုပါတယ်။

“အဓိကစေတနာပါပဲ။ ကျနော့်ကိုယ်ကျနော် အဲဒီလိုပဲထင်ပါတယ်။ သူတို့ကို ဘယ်လိုအားပေးချင်လဲဆိုတော့ အနုပညာ ဆိုတာက တချို့ကထုတ်ဖော်ပြကြတယ်။ တချို့ကတော့ ရင်ထဲမှာပဲ ရှိကြတယ်။ တချို့ကြတော့လည်း ခံစားတတ်ကြတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာကို ဝါသနာပါသည်ဖြစ်စေ၊ စိတ်ဝင်စားသည် ဖြစ်စေ ကျနော်က လေးစားပါတယ်။ ကျနော်က အနုပညာသမားဆိုတော့ အနုပညာချစ်တဲ့သူတွေကို ကျနော်ချစ်ပါတယ်”လို့ ဆိုပါတယ်။

ရုတ်တရက် အိမ်ထောင်ပြုလိုက်တဲ့အပေါ်ကိုလည်း သူထူးစံက “သိုင်းလောကက ခဏအနားယူလိုက်တဲ့အချိန်လေးမှာ မိန်းမရသွားတာပေါ့ဗျာ”လို့ ဆိုပါတယ်။

သူထူးစံက ရိုက်ကူးရေးတွေခဏနားထားပေမယ့် နယ်ရှိုးတွေမှာ သီချင်းတွေဆိုဖြစ်နေပြီး ဘုရားဖူးခရီးစဉ်တွေအပြီးမှာ ခင်မင်ရသူတွေနဲ့ မင်္ဂလာပွဲလေးလုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

The post ကုသိုလ်တွေရချင်လို့ ဘုရားဖူးခရီးတွေသွားနေတဲ့ သူထူးစံတို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...