Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လာမယ့် ဖေဖော်ဝါရီလမှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ Justin Bieber နဲ့ Hailey Baldwin

$
0
0

Justin Bieber နဲ့ Hailey Baldwin တို့ဟာ လက်ထပ်ဖို့ရက်ကို ရွေးချယ်ပြီးပြီလို့ သိရပါတယ်။ အဆိုတော် Bieber နဲ့ မော်ဒယ် Baldwin တို့ဟာ သူတို့ရဲ့ လက်ထပ်ပွဲအတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို သတ်မှတ်ထားတဲ့အကြောင်း မိသားစုနဲ့ သူငယ်ချင်းတွေဆီကို ပေးပို့ခဲ့တယ်လို့ အတွင်းသတင်းတခုက Page Six မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်နေရာမှာ ကျင်းပမယ်ဆိုတဲ့ အကြောင်းတော့မပါခဲ့ဘူးလို့ ဆိုပါတယ်။ ပြီးတော့ လက်ထပ်ပွဲအတွက် ပြင်ဆင်ပုံစံတွေနဲ့ ဖျော်ဖြေမှုအတွက် အကသမားတွေကလည်း လက်ရှိမှာ ကြိုတင်ပြင်ဆင် နေပြီလို့သိထားရပါတယ်။ ဒါ့အပြင် Bieber ရဲ့ ကိုယ်ပိုင် ဒီဂျေ Tay James ဟာလည်း အဲဒီမင်္ဂလာပွဲမှာ တီးခတ်ပေးဦးမှာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် Bieber နဲ့ အသက် ၂၂ နှစ်အရွယ် Baldwin တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တရားရုံးမှာ လက်ထပ်ပြီးစီးကြောင်း မှတ်ပုံတင်ခဲ့ကြပြီးဖြစ်လို့ အကြင်လင်မယား ဖြစ်ခဲ့ကြပေမယ့် မင်္ဂလာပွဲကိုတော့ အခုအချိန်အထိ မကျင်းပရသေးတာ ဖြစ်ပါတယ်။

နယူးယောက်မှာရှိတဲ့ တရားရုံးမှာ လက်ထပ်မှတ်ပုံံလာတင်နေတဲ့အချိန်သူတို့ကို တွေ့ခဲ့ရတဲ့အချိန်မှာတော့ လက်ထပ်တာ မဟုတ်ဘူးလို့ မော်ဒယ် Baldwin က ပြန်ငြင်းခဲ့ပေမယ့် အဲဒီနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှပဲ သူ့ရဲ့ Instagram နာမည်ကို Hailey Bieber လို့ ပြောင်းလဲလိုက်ပြီ လက်ထပ်လိုက်ပြီဆိုတာကို အတည်ပြုခဲ့ပါတယ်။

အဆိုတော် Bieber ကတော့ အဲဒီ့အချိန်ကတည်းကစလို့ Baldwin ကို သူ့ရဲ့ ဇနီးအဖြစ် ညွှန်းဆိုပြောကြားခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လတုန်းက ဘဟားမားနိုင်ငံသို့ ပျော်ပွဲစားထွက်တဲ့အချိန်မှာပဲ Bieber က လက်ထပ်ခွင့် တောင်းခဲ့တာပါ။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ ကိုယ်စားလှယ်တွေကတော့ မင်္ဂလာပွဲသတင်းနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်မပေးသေးပါဘူး။

လက်ထပ်တာကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့ပေမယ့် မင်္ဂလာပွဲကို မကျင်းပဖြစ်ဘဲ ရွှေ့ဆိုင်းနေရတာဟာ Bieber က သူ့ရဲ့ ချစ်သူဟောင်း Selena Gomez ကြောင့် ဖြစ်တဲ့အကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

Ref: PageSix

The post လာမယ့် ဖေဖော်ဝါရီလမှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ Justin Bieber နဲ့ Hailey Baldwin appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...