မင်းသမီး Sophie Turner ဟာ “Game of Thrones” ရုပ်သံစီးရီးကို ရိုက်ကူးနေစဉ်မှာ ဆံပင်လျှော်ဖို့ ခွင့်ပြုချက် မရခဲ့ဘူးလို့ ဆိုပါတယ်။
အသက် ၂၂ နှစ်အရွယ် မင်းသမီးဟာ အဲဒီ ဇာတ်လမ်းတွဲထဲမှာ Sansa Stark အဖြစ် ပါဝင်ထားသူဖြစ်ပြီး ထုတ်လုပ်သူတွေက သူ့ရဲ့ ပုံပန်းသွင်ပြင်ကို ဂရုစိုက်ဖို့ တောင်းဆိုချက်ကို သဘောတူခဲ့ရပေမယ့် သရုပ်ပီပြင်စေဖို့ ညစ်ပတ်တဲ့ ဆံပင်ပုံစံအတိုင်း သီတင်းပတ်ပေါင်းများစွာကြာ နေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအတိုင်း နောက်ဆုံး ဇာတ်သိမ်းအထိ ပြီးစီးအောင် ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။
သူက “ပထမဆုံး Season အနည်းငယ်လောက်မှာ ကျမက ငယ်ရွယ်တက်ကြွတဲ့ မိန်းကလေးဖြစ်လို့ ခေါင်းလျှော်ခွင့် ရခဲ့ပါတယ်။ Season 5 လောက် ရောက်တဲ့အခါမှာ သူတို့က ကျမကို ခေါင်းမလျှော်ခိုင်း တော့ပါဘူး။ ပြီးတော့ အဲဒါကတော်တော်လေးကို မသတီစရာ ကောင်းပါတယ်”
“အခုတော့ ကျမ ဆံပင်တု တပ်ထားပြီဖြစ်လို့ ကျမလျှော်ချင်တဲ့ အချိန်အတိုင်း ခေါင်းလျှော်လို့ ရနေပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆီတွေနဲ့ လှပနေတဲ့ ဆံပင်နဲ့ နေထိုင်ခဲ့ရပါတယ်။ တော်တော်လေးကို ယားယံခဲ့တာပါ။ ပြီးတော့ နှင်းမှုတ်တဲ့ စက်တွေနဲ့ နှင်းခဲမှုန်လေးတွေကို မှုတ်ခဲ့အခါမှာ ခေါင်းမှာလာကပ်ကုန်တာက တော်တော်လေး စိတ်ကုန်ဖု့ိကောင်းပါတယ်”လို့လည်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်ညီမယ့် အနီရောင် ဆံပင်တုကို ဖုံးအုပ်ရတာ တခြားသူတွေထက်တွေ အဆင်သင့် အနေအထားရောက်ဖို့ အချိန်ယူရပါတယ်။
မင်းသမီး Sophie ဟာ Joe Jonas နဲ့ စေ့စပ်ထားသူ ဖြစ်ပြီး ဆံပင်ကို သန့်သန့်ရှင်းရှင်းထားရတာ ပိုကြိုက်တဲ့သူပါ။ ဒါပေမဲ့ သူက ရိုက်ကွင်းမှာ Jon Snow အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kit Harington လောက်တော့ ဆံပင်ပြင်ဆင်ချိန် သိပ်အချိန် မယူရဘူးလို့ ဆိုပါတယ်။
Ref : contactmusic
The post “Game of Thrones” ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်မှာ ခေါင်းမလျှော်ခဲ့ရတဲ့ Sophie Turner appeared first on ဧရာဝတီ.