Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကွယ်လွန်သူ ခင်ပွန်းသည်အတွက် ဂုဏ်ပြုတေးသီဆိုခဲ့တဲ့ စလင်းဒီယွန်

$
0
0

ကမ္ဘာကျော်အဆိုတော် စလင်းဒီယွန်ဟာ ကွယ်လွန်သူ ခင်ပွန်းသည် René Angélil ရဲ့ အသက် ၇၇ နှစ်ပြည့် မွေးနေ့မှာ ဂုဏ်ပြုတေးကို သီဆိုခဲ့ပါတယ်။ အသက် ၅ဝ အရွယ် အဆိုတော် စလင်းဟာ ၂၀၁၆ ခုနှစ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့သူ ခင်ပွန်းအတွက် မွေးနေ့လက်ဆောင်တေးတပုဒ်ကို အခုသီတင်းပတ်ထဲမှာပဲ ပြုလုပ်ခဲ့တဲ့ Las Vegas ဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေခဲ့တာပါ။

စလင်းဒီယွန်က သြစတြေးလျအဆိုတော် John Farnham ရဲ့ “You’re The Voice” လို့ အမည်ရတဲ့ သီချင်းနဲ့ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ သီချင်းမဆိုခင်မှာ သူက “ဒါဟာ သူ့ရဲ့ မွေးနေ့အတွက် ကျမပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပါ။ ဘာကြောင့်လဲ ဆိုတော့ သူက ကမ္ဘာပေါ်မှာအချစ်ဆုံးက ပရိသတ်တွေ၊ ဂီတနဲ့ ကျမ ပရိသတ်တွေကို ဖျော်ဖြေတာကို မြင်ချင်တာ ဖြစ်ပါတယ်။ Rene အတွက် သီချင်းဆိုဖို့ အဆင်သင့်ဖြစ်ပြီလား” ဆိုပြီး ပရိသတ်ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

သီချင်းဆိုပြီးတဲ့နောက်တော့ “ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ၊ အချစ်ရေ” လို့ ပြောခဲ့ပါတယ်။ အခုလို စိတ်ထိခိုက်စရာ အကြောင်းလေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ခင်ပွန်းကွယ်လွန်ခဲ့တဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်အတွက် Twitter မှာ အမှတ်တရစကားတင်ပြီးတဲ့နောက် ကြားသိလိုက်ရတာဖြစ်ပါတယ်။

အင်္ဂလိပ်လိုရော ပြင်သစ်လိုရော ရေးထားတဲ့စာထဲမှာဆိုရင် သူက “ကျမရဲ့ ချစ်ရတဲ့ Rene၊ ကျမနဲ့ အမြဲတမ်းရှိနေပေးပါ။ ချစ်ရတဲ့ အမှတ်တရထဲမှာ” စသဖြင့် ရေးသားထားတာပါ။ အသက် ၁၇ နှစ်အရွယ် Rene-Charles နဲ့ အသက် ၈ နှစ်အရွယ် အမြွှာလေးတွေ ဖြစ်တဲ့ Eddy နဲ့ Nelson တို့ရဲ့ မိခင် စလင်းဟာ သူချစ်ရတဲ့ တဦးတည်းသော ပုဂ္ဂိုလ်ဟာ Rene ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ခင်ပွန်းသည် ကင်ဆာ ရောဂါကိုခံစားနေရချိန်အတွင်းမှာ နာကျင်ခံစားနေရတာကို မြင်ရတဲ့အခါ နှလုံးထိခိုက်ကြေကွဲ ရတယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။

Ref: contactmusic

The post ကွယ်လွန်သူ ခင်ပွန်းသည်အတွက် ဂုဏ်ပြုတေးသီဆိုခဲ့တဲ့ စလင်းဒီယွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...