Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာဆန်တဲ့ မိန်းကလေးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့် ထွန်းကိုကို

$
0
0

မော်ဒယ်၊ သရုပ်ဆောင် ထွန်းကိုကိုက ချစ်သူရွေးချယ်ရင် မြန်မာဆန်ဆန် မိန်းကလေးမျိုးကို ရွေးချယ်မယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အချစ်ရေးကတော့ လိုပါသေးတယ်။ ကြာဦးမှာပါ။ အခုတော့ အနုပညာအလုပ်တွေနဲ့ ကျနော်ချစ်တဲ့ Fan တွေနဲ့ ချစ်သူမရွေးနိုင်သေးဘူး။ ကျနော်လုပ်တဲ့ ပရဟိတအလုပ်တွေရော အနုပညာအလုပ်တွေပါ နားလည်ပေးနိုင်ရမယ်။ ကျနော်နဲ့ တသားတည်း ကျမယ်။ ကျနော့်ကိုလည်း အရမ်းချစ်ရမယ်။ မြန်မာဆန်ဆန် မိန်းကလေးမျိုးကို သဘောကျပါတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

ထွန်းကိုကိုက ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပြီး လတ်တလောပြီးသွားတဲ့ မွေးနေ့ပွဲမှာလည်း လာရောက်ကြတဲ့ သူများကို ငါးချဉ်သုပ်ကျွေးခဲ့ပါသေးတယ်။

“မွေးနေ့မှာတုန်းက ငါးချဉ်သုပ်ကျွေးခဲ့တယ်။ ပဲခူးမှာ ငါးချဉ်က နာမည်ကြီးတယ်။ ကျနော်နဲ့ဆုံတဲ့ သူများလည်း ငါးချဉ်စားရတယ်။ ကျနော့်ကို မြင်ရင်တောင် ငါးချဉ်လို့ ခေါ်နေတယ်။ မွေးနေ့မှာ ထူးထူးခြားခြားလေးဖြစ်အောင် သုပ်ကျွေးခဲ့ပြီး လက်ဆောင်ပေးခဲ့တယ်။ ကိုယ်တိုင်စီးပွားဖြစ် လုပ်ကိုင်ဖို့တော့ မရှိပါဘူး”လို့ ထွန်းကိုကိုက ပြောပါတယ်။

သီချင်းဆိုတာလည်း ဝါသနာပါတဲ့ ထွန်းကိုကိုက အွန်လိုင်းကနေ သူကိုယ်တိုင် သီဆိုထားတဲ့ မြန်မာသီချင်းကို တင်ဖို့ရှိကြောင်း ပြောပါတယ်။

ထွန်းကိုကိုနဲ့ သူ့ ပရိသတ်များ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“သီချင်းဆိုတာ ဝါသနာပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတောလည်း အကုန်လုံး ဝါသနာပါတယ်။ ကျနော့် မွေးနေ့မှာလည်း သီချင်းတွေ ဆိုဖြစ်တယ်။ ကျနော် မြန်မာသံစဉ်လေးတွေ ဆိုဖြစ်တယ်။ မြန်မာသံစဉ်တွေထက် မြန်မာတူရိယာကို သဘောကျတယ်။ ငယ်ငယ်ကတည်း မယ်ဒလင် အရမ်းတီးချင်ခဲ့တာ။ ငယ်ငယ်က အမေက မဝယ်ပေးဘူး”

“မဝယ်ပေးတော့ မတီးခဲ့ရဘူး။ အခု ကိုယ့်ဟာကို မယ်ဒလင် ဝယ်လိုက်တယ်။ မယ်ဒလင် သင်တယ်။ စောင်းသင်တယ်။ တယော သင်တယ်။ ဂစ်တာ သင်တယ်။ ကီးဘုတ် သင်တယ်။ သင်ပြီး တီးတယ်။ သင်ရင် အဆိုပါ သင်ပေးတော့ မြန်မာသံစဉ်တွေကို စိတ်ဝင်စားပြီး ကြိုက်လာတယ်။ တချို့ မကြိုက်တဲ့သူတွေက အေးတယ် ခံစားလို့ရမှာ မဟုတ်ဘူး”

“ကျနော်ကတော့ မြန်မာသံစဉ်တွေ ကြိုက်တယ်။ ခံစားတတ်ရင် မြန်မာသံစဉ်တွေရဲ့ အဓိပ္ပာယ်က အရမ်းကောင်းတယ်။ သီချင်းခွေထုတ်ဖို့ စဉ်းစားနေတုန်း။ တပုဒ် နှစ်ပုဒ်လောက် ကျနော်ဆိုထားတာလေးတွေ တင်ဖို့ ရှိတယ်။ ကျနော် နောက်လလောက်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

ထွန်းကိုကိုဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေသလို၊ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ဖြစ်နေပါတယ်။ “၁၀၁၄” ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ထားပြီး ဦးကျော်သူရဲ့ “ဝရဇိန်”ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ်နဲ့ ရတနာဗိုလ်တို့ အဓိကပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ထပ် အနုပညာရှင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

The post မြန်မာဆန်တဲ့ မိန်းကလေးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့် ထွန်းကိုကို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...