Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အနုပညာလောကမှာ ဘယ်သူမှ နှိုင်းယှဉ်ခံရတာကို မကြိုက်ကြဘူး”လို့ ဇဏ်ခီပြော

$
0
0

မြန်မာ့ရုပ်ရှင်လောကကို အရှိန်တခုကို ဝင်ရောက်လာခဲ့တဲ့ “ဥပါယ်တံမျဉ်”ဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင်များဖြစ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နှစ်ဦးကို ရုပ်ရှင်ကြည့်ပရိသတ်များရဲ့ တခဲနက်အားပေးမှုများနဲ့အတူ လက်ရှိလုပ်ကိုင်နေတဲ့ ရုပ်ရှင်နယ်ပယ်မှလူအများနဲ့လည်း နှိုင်းယှဉ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုနှိုင်းယှဉ်မှုများပြုလုပ်တာနဲ့ ပတ်သက်ပြီး ဇဏ်ခီက အခုလိုပြောပြခဲ့ပါတယ်။

“အဲဒီတုန်းက ဖြစ်ခဲ့တာတွေက အွန်လိုင်းဆိုရှယ်မီဒီယာပေါ်မှာ ဖြစ်သွားတာပိုများပါတယ်။ ကျနော်တို့စိတ်ထဲမှာလည်း ဘာမှသိပ်မရှိပါဘူး။ ဘယ်သူမှနှိုင်းယှဉ်ခံရတာ မကြိုက်ဘူးလေ။ နှိုင်းယှဉ်ပြီး ပြောခံရတဲ့အချိန်မှာ တချို့မခံနိုင်လို့ ပြန်ပြောရင်းနဲ့ မဖြစ်သင့်ဘဲနဲ့ အများကြီးဖြစ်သွားတယ်ပေါ့။ မတုန့်ပြန်တာကလည်း စိတ်ထဲမှာတကယ်ကို သိပ်မရှိလို့” လို့ ဇဏ်ခီက ပြောပါတယ်။

မကြာခင်မှာလည်း ပထမဆုံးအနေနဲ့ သတင်းစာဆရာကြီးများအသင်းက ရုပ်ရှင်နယ်ပယ်မှာ ထူးချွန်သူများကို Star Awards ဆိုတဲ့ဆုကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး အဆိုပါဆုချီးမြှင့်မှာနဲ့ ပတ်သက်ပြီး ဇဏ်ခီရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။

“Award တွေကတော့ ရှိတာကောင်းပါတယ်။ မြန်မာပြည်မှာကတော့ အကယ်ဒမီလောက်ပဲရှိတာပေါ့။ နိုင်ငံခြားမှာဆိုရင် Award ပေါင်းများစွာရှိတယ်။ Award တွေရှိတာက Artist တွေအတွက်လည်း စိတ်ဓာတ်ခွန်အားဖြစ်စေတယ်။ အဓိကအရေးကြီးတာက Award ပေးတဲ့အဖွဲ့အစည်းက ဘယ်လမ်းကြောင်းကိုသွားမှာလဲ။ ဆုပေးတာက တကယ်တော့ ပုဂ္ဂလိက သိပ်မဆန်ဘူးပေါ့။ ဘယ်လမ်းကြောင်းကို မီးမောင်းထိုးမှာလဲ။ ဒီဆုက အခုပထမဆုံးပေးမှာဆိုတော့ ဘယ်လိုမျိုးလဲတော့မသိသေးဘူး” လို့ ဇဏ်ခီက ပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်းထဲသာမက သတင်းစာဆရာကြီးများအသင်းရဲ့ ဆန်ခါတင်ရုပ်ရှင်ကားများထဲမှာလည်း “ဥပါယ်တံမျဉ်” နဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားများ ပါဝင်လျက်ရှိပါတယ်။

“သူတို့ဘယ်လိုစံချိန်စံညွှန်းတွေနဲ့ ရွေးကြလဲကျနော်မသိဘူး။ အကယ်ဒမီကတော့ ထုံးစံအတိုင်း ရွေးချယ်မှုလမ်းကြောင်းရှိပြီးသားပေါ့။ ဒါပေမယ့် သတင်းစာဆရာကြီးများအသင်းကတော့ ဘယ်လိုပေးမလဲဆိုတာ မပြောတတ်ဘူး။ ဘယ်လိုရွေးကြလဲဆိုတာတော့ ကျနော်မသိဘူး။ ၂ကားလုံးက ၂ဖွဲ့စလုံးမှာ ဆန်ခါတင်ရွေးချယ်ခံရတယ်ဆိုတော့ ဝမ်းသာပါတယ်” လို့ ဇဏ်ခီက ပြောပါတယ်။

အကယ်ဒမီနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေဘယ်လိုရှိလဲဆိုတာကိုတော့ နားမလည်ဘဲ ပြီးခဲ့တဲ့နှစ် အကယ်ဒမီပေးပွဲမှာ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ဇာတ်ကား ဆန်ခါတင်စာရင်းထဲ မပါဝင်လာခြင်းကြောင့် ပိုပြီးတော့ နားမလြည်ဖစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အကယ်ဒမီစည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုရှိလဲတော့ ကျနော်သိပ်နားမလည်ဘူးပေါ့လေ။ ပြီးခဲ့တဲ့နှစ် အကယ်ဒမီမှာတော့ “ည” မပါတဲ့ကိစ္စမှာတော့ ပိုတောင်နားမလည်ဘူးဖြစ်သွားတယ်။ ဆန်ခါတင်ကိုမပါတာဆိုတော့ တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီတုန်းကတော့ ပြောလိုက်တာက လူငယ်တွေရဲ့ကြိုးစားချင်တဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သလိုပဲလို့။ ဒီနှစ်မှာတော့ အဲဒီလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ တကယ်ကြိုးစားတဲ့သူတွေကို တကယ်အသိအမှတ်ပြုသင့်တယ်။ နောက်ဆုံးဆုမပေးရင်တောင် ဆန်ခါတင်အနေနဲ့တော့ အသိအမှတ်ပြုသင့်တယ်။” လို့ဇဏ်ခီက ပြောပါတယ်။

ဇဏ်ခီတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ရိုက်ကူးနေတဲ့အတွက် အကယ်ဒမီကို တက်ရောက်ဖို့အတွက် မသေချာသေးဘူးလို့ သိရပါတယ်။

The post “အနုပညာလောကမှာ ဘယ်သူမှ နှိုင်းယှဉ်ခံရတာကို မကြိုက်ကြဘူး”လို့ ဇဏ်ခီပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...