Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရန်သူ”ရုပ်ရှင် Star Award က နုတ်ထွက်လိုက်တာ နစ်နာမှု မရှိဘူးလို့ နေမင်းပြော

$
0
0

မကြာခင်ကျင်းပမယ့် အကယ်ဒမီမှာ စာနယ်ဇင်းများက ပေးအပ်မယ့် Star Award စာရင်းမှ “ရန်သူ” ရုပ်ရှင်က နုတ်ထွက်ခဲ့ပါတယ်။ ဒီလို နုတ်ထွက်တဲ့အတွက် ဒီဇာတ်ကားမှ ာပါဝင်တဲ့ သရုပ်ဆောင် နေမင်းက သရုပ်ဆောင်များ အနေနဲ့ နစ်နာမှု မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ရန်သူဇာတ်ကား နုတ်ထွက်လိုက်တဲ့အတွက် သရုပ်ဆောင်တွေ နစ်နာတယ်လို့တော့ မဟုတ်ပါဘူး။ အစောကြီးကတည်းက ဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့အတွက် ပရိသတ်အားပေးမှု ရရှိခဲ့ကြပြီးပါပြီ။ ဆုတို့ ဘာတို့က ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ရှုမြင်သုံးသပ်ပြီး ရွေးချယ်ကြတာ ဆိုတော့ အဲ့အပေါ်မှာ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး”လို့ သရုပ်ဆောင် နေမင်းက ပြောပါတယ်။

“အစက အကယ်ဒမီမှာလည်း ဇာတ်ကားများနေတော့ အကယ်ဒမီ လွဲခဲ့သည်ရှိသော်ဆိုပြီး မျှော်လင့်စရာလေးရှိတယ်လို့ ပီတိလေးဖြစ်မိတာပေါ့။ နုတ်ထွက်တာကို ကျနော် မသိဘူး။ ကျနော့် အစ်ကို ထုတ်လုပ်ရေးက နုတ်ထွက်လိုက်တာလည်း ကောင်းတယ်။ ဒါကျနော် အမြင်ပေါ့” လို့ နေမင်းက ဆိုပါတယ်။

ဘာကြောင့် နုတ်ထွက်ဖြစ်တယ်ဆိုတာကိုတော့ နေမင်းက မသိဘူးလို့ ဆိုပြီး “ရွှေစင်ဦး” ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကား ၃ ကားလုံး နုတ်ထွက်ခဲ့တဲ့အပေါ်လည်း အခုလို ဆိုပါတယ်။

သရုပ်ဆောင် နေမင်း (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“ကျနော် မေးတော့ မမေးကြည့်ရသေးဘူး။ ကျနော့် ကုမ္ပဏီကနေ ရုပ်ရှင် ၃ ကားရှိတယ်။ မုန်းလို့ရရင် မုန်းချင်တယ်၊ ကမ္ဘာကျော် ရွာရယ်၊ ရန်သူရယ်ပေါ့။ အဲ့ထဲမှာ ရန်သူကို ရွေးတော့ ကိုနေတိုးကားက ၂ ကား၊ ကိုနေတိုးထက် ကျနော်က ပရိသတ်အားပေးမှုလည်း နည်းတယ်။ ကိုနေတိုးကား မပါဘဲ ကျနော်ကားပါတော့ တမျိုးကြီးဖြစ်နေတယ်ထင်လို့ ကျနော့် အစ်ကိုက နုတ်ထွက်လိုက်တာလို့ ထင်တယ်”လို့ နေမင်းက ဧရာဝတီကို ပြောပါတယ်။

“ဇာတ်ကား ၃ကားလုံးရွေးရင်တော့ ကောင်းတယ်။ ဒါမှမဟုတ် ရန်သူထားပြီး ကျန်နှစ်ကားကို ရွေးရင်လည်း ကောင်းတာပေါ့။ အမြင်ကလည်း မကောင်းဘူး။ ကျနော်တို့က ပရိုဂျူဆာဖြစ်နေတော့ မကောင်းလို့ထွက် လိုက်တယ်လို့ ထင်တယ်။ သေချာတော့ မသိဘူး ကျနော့်စိတ်က ဖြစ်နေတာကိုပြောပြတာပါ”လို့ နေမင်းက ပြောပါတယ်။

ဒီနှစ်အတွက် အကယ်ဒမီစာရင်းမှာ ဇာတ်ကားနှစ်ကား ပါဝင်နေပေမယ့် အကယ်ဒမီအပေါ် ရင်မခုန်ထားဘူးလို့ နေမင်းက ဆိုပါတယ်။

“ဒီနှစ် အကယ်ဒမီစာရင်းမှာ ကျနော့်ကား ၂ ကားပါတယ်။ “ပြည်ထောင်စုသစ္စာ” ဇာတ်ကားနဲ့ “ရန်သူ”။ သို့ပေမယ့် ကျနော် မျှော်လင့်ခွင့် မရှိလောက်ဘူးတော့ ထင်တာပဲ။ ကျနော်ကတော့ မရနိုင်ဘူးထင်ပါတယ်။ ရင်တော့ သိပ်မခုန်ပါဘူး။ ရွေးချယ်တဲ့ ပုံစံတွေမှာ အမျိုးမျိုးရှိကြမှာပဲ။ နောက်တက်လာတဲ့ သူတွေကိုပေးရင် ကောင်းတယ်။ နောက် ကြိုးစားနေတဲ့သူတွေ အရမ်း ကြိုးစားချင်စိတ်တွေ ရှိမယ်လို့ ထင်တယ်”လို့ နေမင်းက ပြောပါတယ်။

သရုပ်ဆောင် နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။

The post “ရန်သူ” ရုပ်ရှင် Star Award က နုတ်ထွက်လိုက်တာ နစ်နာမှု မရှိဘူးလို့ နေမင်းပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


မြန်မာစစ်တပ်ရဲ့...


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...