Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်တော်ဖြစ်မြောက်ရေး ရန်ပုံငွေဂီတပွဲ ကျင်းပမည်

$
0
0

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်တော် ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေ ဂီတပဒေသာပွဲကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးတောင်ခြေရှိ Yadanarbon Event park တွင် ကျင်းပသွားမည်ဟု သိရသည်။

“ဗိုလ်ချုပ်ကို မြို့တကာ နယ်တကာက ဂုဏ်ပြုတဲ့အနေနဲ့ ထုကြဆစ်ကြတဲ့အထဲမှာ ကြေးနဲ့ များပါတယ်။ အဲဒီလို ကြေးနဲ့ ထုဆစ်မှု များတဲ့အထဲမှာ ကျနော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မြက်တောထဲမှာ နေပူလှန်းထားကြတာကို ကျနော့်စိတ်ထဲမှာ အတော်ကို ရင်နာရတဲ့အတွက် ကျနော်တို့ မန္တလေးက လုပ်တယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတဲ့အနေနဲ့ ပထမဆုံး ကျောက်ဆစ်နဲ့ထုဆစ်ပါတယ်”

“စကျင်ကျောက်ဆစ်နဲ့ ထုခြင်းရဲ့အဓိပ္ပာယ်ကတော့ စကျင်က ဖြူစင်တယ်၊ မာကျောတယ်၊ သန့်ရှင်တယ်။ အဲဒါက ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကို ဖော်ကျူးတဲ့ အဓိပ္ပာယ်နဲ့ ထုဆစ်တာ ဖြစ်ပါတယ်။ ရုပ်တုပြီးသွားရင် အမိုးနဲ့ အကာနဲ့ ဗိမာန်တခု လုပ်ပြီး ရင်ပြင်တခုအနေနဲ့ လုပ်ဆောင်သွားမှာပါ”ဟု ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်၊ ပြည်သူ့အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်တော်ဖြစ်မြောက်ရေး ရန်ပုံငွေဂီတပွဲအကြောင်း သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ – ဒီလှိုင်းဝင်း/ဧရာဝတီ)

အဆိုပါ ဂီတပဒေသာပွဲကို လက်ရှိ ထုဆစ်နေသည့် ဗိုလ်ချုပ်ကျောက်ဆစ်ရုပ်တုလုပ်ငန်းတွင် ရံပုံငွေအားဖြည့်စေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်၊ ပြည်သူ့အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်သည်။

“မန္တလေးမှာ မြို့လူထုက ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနဲ့ ဗိမာန် တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ၊ အာဇာနည်အမျိုးသားခေါင်းဆောင်၊ တပ်မတော်၏ ဖခင်ဆိုတာ ပြည်သူအားလုံးရဲ့ ရင်ထဲ ထာဝရကိန်းအောင်း စွဲမြဲနေရေး၊ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကို အနာဂတ် ပိုင်စိုးမယ့် လူငယ်တိုင်းရဲ့ နှလုံးသားထဲ လေးစား ဂုဏ်ယူစိတ်နဲ့ အတုယူနိုင်ရေး၊ နိုင်ငံရေးအရ ယဉ်ကျေးမှုအရ ထင်ရှားတဲ့ မန္တလေးမှာ လူထုနဲ့ သက်ဆိုင်တဲ့ နေရာတနေရာအဖြစ်သာမက ပြည်တွင်း ပြည်ပ ဧည့်သည်တွေအတွက် ဂါရဝပြု လေ့လာစရာ နေရာတနေရာအဖြစ် ဂုဏ်ယူစွာ တည်ရှိရေးဆိုတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်”ဟု စာရေးဆရာဆူးငှက်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်တော်ဖြစ်မြောက်ရေး ရန်ပုံငွေဂီတပွဲအကြောင်း သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ – ဒီလှိုင်းဝင်း/ဧရာဝတီ)

ရန်ပုံငွေ ဂီတပဒေသာပွဲပြုလုပ်မည့် အစီအစဉ်များနှင့် ပက်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့က မန္တလေးတောင်ခြေ စန္ဒာမုနိ ဘုရားအရှေ့မုဒ်ဦးရှိ ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ဆစ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

“ဗိုလ်ချုပ်ရုပ်တုဆိုတာ ကျနော်တို့နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစရာ တခုပါ။ နောက်ပြီးတော့ အခုလို ဗိုလ်ချုပ်ရုပ်တုကို ကြည့်ပြီးတော့ ကျနော်တို့ အပါအဝင် ပြည်သူတွေဟာ ဇာတိသွေး ဇာတိမာန်တက်ကြွစေမှာပါ။ မြန်မာကိုလည်း ကမ္ဘာမှာ ဂုဏ်ယူဝင့်ကြွားစေမှာပါလို့ မြင်ပါတယ်။ အခုလို သမိုင်းဝင်မယ့်ပွဲကြီးမှာ ပါဝင် ဖျော်ဖြေခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်”ဟု အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိုးသူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်တော်ဖြစ်မြောက်ရေး ရန်ပုံငွေဂီတပွဲအကြောင်း သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ – ဒီလှိုင်းဝင်း/ဧရာဝတီ)

ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် စိုးသူ၊ ချစ်ကောင်း ၊ စောဖိုးခွား၊ သာဒီးလူ၊ ဖိုးပြည့်၊ ကော်နီ၊ စန္ဒီမြင့်လွင်၊ mary၊ ဂျေဖိုင်းယား၊ ပြုံးမြသွယ်နှင့် လူငယ်အနုပညာရှင်များစွာ ပါဝင်ပြီး လက်မှတ်နှုန်းထားများကို ကျပ် ၅၀၀၀၊ ၁၀၀၀၀၊ ၁၅၀၀၀၊ ၂၅၀၀၀ သတ်မှတ်ထားပြီး ဖော်ဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ရောင်းချပေးသွားမည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုကို စကျင် ကျောက်အရိုင်းတုံး တန်ချိန် ၅၀ ခန့် အသုံးပြု၍ အမြင့် ၁၃ ပေ၊ အောက်ခံခုံအမြင့် ၂ ပေ၊ စုစုပေါင်း အမြင့် ၁၅ ပေ ထုဆစ်သွားမည်ဟု သိရသည်။

The post ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်တော်ဖြစ်မြောက်ရေး ရန်ပုံငွေဂီတပွဲ ကျင်းပမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...