Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြေးဖြစ်သူ ခေတ်နဲ့ သစ်တို့ရဲ့ မွေးနေ့အတွက် “အနှစ်”ပန်းချီပြပွဲ လုပ်မယ့် ဘိုးဘိုး ဦးဇော်ဝင်း

$
0
0

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး အမြွှာနှစ်ယောက် မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ အဘိုးဖြစ်သူ ဦးဇော်ဝင်း (Metal Zone) က မြေးလေးနှစ်ယောက်ရဲ့ မွေးနေ့ အမှတ်တရ ပန်းချီပြပွဲကို မြေးနှစ်ယောက်ရဲ့ မွေးနေ့၊ ယနေ့၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

အဆိုပါ ပန်းချီပြပွဲကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းဟောင်းရှိ အလှသစ် ပန်းချီပြခန်းမှာ ပြသမှာ ဖြစ်ပါတယ်။ “အနှစ်”ဆိုတဲ့ ပန်းချီ ပြပွဲနဲ့ပတ်သက်ပြီး အဆိုတော် ချစ်သုဝေရဲ့ ဖခင်ဖြစ်သူ၊ အမြွှာ မြေးနှစ်ယောက် ခေတ်နဲ့ သစ်တို့ရဲ့ ဘိုးဘိုး ဦးဇော်ဝင်းက အခုလိုပဲ ပြောပါတယ်။

“၁၉ ရက်နေ့မှာ ပန်းချီပြပွဲလုပ်မယ် ဆိုတာက ဒီပန်းချီပြပွဲ လုပ်ဖို့ ကြိုးစားနေတာ ဒီကလေးတွေ မမွေးခင်ကတည်းကပဲ။ တခါမှတော့ မလုပ်ဖြစ်ဘူး။ ပန်းချီကားတွေ ဝယ်စုလိုက်၊ အဆင်ပြေရင် ရောင်းလိုက်၊ မြတ်တဲ့ကားလေး တွေ့ရင်ရောင်းလိုက်၊ ကြိုက်တဲ့ကားလေးတွေ့ရင် ဝယ်စုထားလိုက်နဲ့ အဲဒီလိုနေလာခဲ့တာ ဒီနှစ်တော့ လုပ်မယ်လို့ စိတ်ကူးတဲ့အချိန်နဲ့ ဒီမြေးလေးတွေ မွေးနေ့ကို သွားတွေ့တာ”

“အဲဒီတော့ ငါ့မြေးလေးတွေ မွေးနေ့မှာ အမှတ်တရ တခုတော့ လုပ်မယ်။ ငါလုပ်ချင်တဲ့ ပန်းချီပြပွဲကို မြေးလေးတွေ မွေးနေ့မှာလုပ်မယ်ဆိုပြီး ဘာနာမည်ပေးရမလဲ စဉ်းစားရင်းနဲ့ သားသမီးအချစ်၊ မြေးအနှစ်ဆိုတဲ့ အနှစ်နဲ့ စုဆောင်းထားတဲ့ အနုပညာ ပန်းချီကားတွေကလည်း အနှစ်တွေပဲဆိုပြီး အဲဒါလေးကို စိတ်ထဲဝင်သွားပြီး အနှစ်ဆိုပြီး နာမည်ပေးလိုက်တာ”လို့ ဦးဇော်ဝင်းက ပြောပါတယ်။

အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် ချစ်သုဝေတို့ မိသားစု

အမြွှာမြေးနှစ်ယောက်ရဲ့ မွေးနေ့ အမှတ်တရ ပန်းချီပြပွဲမှာ ကိုယ်တိုင် ဖန်တီးထားတဲ့ ပန်းချီကားတွေကော ပါဦးမလားဆိုတဲ့ မေးခွန်းကို ဦးဇော်ဝင်းက အခုလိုပဲ ဖြေပါတယ်။

“အဲဒါကို မေးမေးနေကြတာ။ ဦးက အပျော်ပဲရေးတာ။ ကိုယ်ကိုလည်း ပန်းချီဆရာတယောက်လို့ မသတ်မှတ်ပါဘူး။ ကိုယ့်ဝါသနာလေးနဲ့ပဲ ကိုယ်ရေးတာပါ။ ကောင်းတဲ့ဟာလည်း လူတွေ သဘောကျလို့ ချီးမွမ်းကြတယ် ဆိုတော့လည်း ဝမ်းသာပါတယ်။ ဦးကတော့ ဒီပန်းချီ အနုပညာကြီးကို ဆွဲပြီး ဘဝကိုရပ်တည်ရမယ့် အရွယ်လည်း မဟုတ်တော့ပါဘူး”

“သမီးအငယ် (ချစ်သုဝေ)ပြောသလိုပဲ။ ဒယ်ဒီ နားနားနေနေ နေတော့။ ဘာမှမလုပ်နဲ့တော့ ဆိုပေမယ့် လှုပ်ရှားနေတယ်။ ပန်းချီကားတွေ ဝယ်လိုက်၊ ရောင်းလိုက်၊ လုပ်ချင်ရာ လုပ်လိုက်၊ ခရီးထွက်သွားလိုက်၊ နိုင်ငံခြား ရောက်သွားလိုက်၊ အဲဒီလိုလေးပေါ့။ ကိုယ်လုပ်ချင်တာ ကိုယ့်ဝါသနာထဲမှာ ပျော်မွေ့နေတာပေါ့။ သမီးငယ်လေး ပြောသလို ဒယ်ဒီဘာမှ မလုပ်နဲ့ ရပ်လိုက်ရင် ဦးထိုင်သွားမှာ။ ကျန်းမာရေးရော၊ စိတ်ဓာတ်ပါ ထိုင်သွားမှာ။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ နေချင်သေးတယ်”

“အခုမြေးလေးတွေ ရတော့ ပိုပြီးတော့တောင် နေချင်လာတယ်။ အခုက ဦးဆွဲထားတဲ့ ပန်းချီကား တကားတော့ ရှိတယ်။ ထည့်ရမလား၊ မထည့်ရမလား စဉ်းစားနေတယ်”လို့ ဦးဇော်ဝင်းက ဆိုပါတယ်။

“အနှစ်”လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲမှာ ဦးဇော်ဝင်း စိတ်ကြိုက်စုဆောင်းထားတဲ့ ပန်းချီ ဦးခင်မောင်ရင်၊ ဦးဝင်းဖေ စတဲ့ ပန်းချီဆရာကြီးများရဲ့ ပန်းချီကားများအပြင် ပန်းချီကားပေါင်း ၁၆၀ ကျော်နဲ့ ခင်းကျင်းပြသမယ်လို့ သိရပါတယ်။

“ခေတ်သစ်” ဖောင်ဒေးရှင်း စာနယ်ဇင်း မိတ်ဆက်ပွဲ

မြေးလေးတွေရဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းအတွက် ကျေနပ် ဝမ်းသာနေတဲ့ ဦးဇော်ဝင်းက အဘိုးတယောက်အနေနဲ့ ဒီဖောင်ဒေးရှင်းကို ပံ့ပိုးဖြစ်ဦးမလားဆိုတဲ့ အမေးကိုလည်း အခုလိုပဲ ပြန်ဖြေပါတယ်။

“ဒီ ဖောင်ဒေးရှင်းကို အဘိုးတယောက် အနေနဲ့တော့ မပံ့ပိုးနိုင်တော့ဘူး။ ကိုယ့်ရဲ့ သမီး၊ သူတို့ရဲ့ အမေဖြစ်တဲ့ ထရီဇာကပဲ ဆရာဝန်လည်းဖြစ်တော့ သူရဲ့ဆရာတွေ ဒေါက်တာ တင်မျိုးဝင်းတို့၊ ဆရာဒေါက်တာ ပါမောက္ခကြီး ဦးမြင့်သိန်းတို့ ပါတယ်။ သူတို့ဆရာဝန်တွေ ဒီအလုပ်တွေ ပိုပြီးအကျွမ်းဝင်ပါတယ်။ အန်ကယ်တို့ကတော့ အဲဒီဘက်မှာ အကျွမ်းမဝင်ဘူးလေ။ အန်ကယ်တို့က အနုပညာဘက်မှာ ပိုပြီးကျွမ်းဝင်တယ်။ အန်ကယ့်ကို အနုပညာနဲ့ ပတ်သက်လို့ အကူအညီတောင်းရင်လည်း အများကြီးလုပ်ခဲ့ပေးပါတယ်”လို့ ဦးဇော်ဝင်းက ပြောပါတယ်။

အမြွှာမြေးနှစ်ယောက် ခေတ်နဲ့ သစ်မှာ ဘယ်တယောက်က သူ့မေမေ ထရီဇာ ငယ်ငယ်ကနဲ့ ပိုတူလဲ ဆိုတာကိုလည်း ဦးဇော်ဝင်းက အခုလိုပဲ ဆိုပါတယ်။

“ထရီဇာနဲ့ ဘယ်သူက ပိုတူလဲဆိုတော့ သစ်က ပိုတူတယ်လို့ ပြောရမယ်။ သစ်က ဘာမဆို သူကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့ သူတယောက်၊ စိတ်လည်း ထက်တယ်။ အကြောက်အရွံ့လည်း မရှိဘူး။ ယုံကြည်တဲ့ စိတ်လည်း ရှိတယ်။ ခေတ်ကျတော့ အားလုံးနဲ့ နွေးထွေးအောင် နေတတ်တယ်။ လူချစ်လူခင် သူ့ကို ပိုများတယ်ပေါ့။ တယောက်ကို တမျိုးစီပေါ့။ ချစ်စရာတော့ အလွန်ကောင်းပါတယ်”လို့ ဦးဇော်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

The post မြေးဖြစ်သူ ခေတ်နဲ့ သစ်တို့ရဲ့ မွေးနေ့အတွက် “အနှစ်” ပန်းချီပြပွဲ လုပ်မယ့် ဘိုးဘိုး ဦးဇော်ဝင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...