Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရော်ဖက်ရှင်နယ် အလုပ်အဖြစ် Presenter အလုပ်ကို ရွေးချယ်ခဲ့တဲ့ မော်ဒယ် အေးချမ်းမိုး

$
0
0

Miss ပြိုင်ပွဲများကို ဝင်ရောက်ခဲ့ပြီး ဆေးပညာဘွဲ့ကို ရရှိပိုင်ဆိုင်ထားခဲ့တဲ့ မော်ဒယ် အေးချမ်းမိုးကတော့ သူမရဲ့ Professional Career (အသက်မွေးဝမ်းကြောင်း အလုပ်)အဖြစ် Presenter အလုပ်ကို ရွေးချယ်ခဲ့တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“တချို့တွေကတော့ ရုပ်ရှင်ရိုက်ဖို့အတွက် ပြောကြတယ်။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်တွေကပဲဖြစ်ဖြစ် သူတို့က ရုပ်ရှင်ရိုက်စေချင်တဲ့သူတွေ ရှိတယ်။ တချို့ကလည်း Presenter ပဲ ဆက်လုပ်စေချင်တယ်။ အမျိုးမျိုးတော့ အမျိုးမျိုးပါပဲ။ ဒါပေမဲ့ အဓိကကတော့ ကိုယ်သွားမယ့် Professional Career ကတော့ Presenter ပါ”လို့ အေးချမ်းမိုးက ဧရာဝတီကို ပြောပါတယ်။

မော်ဒယ်လုပ်ဖို့အတွက် တင်မိုးလွင်ဆီမှာ မော်ဒယ်သင်တန် းတက်ခဲ့ပြီး ၂၀၁၂ ၊ ၂၀၁၃ ခုနှစ်မှာတော့ နိုင်ငံတကာပြိုင်ပွဲများဖြစ်တဲ့ Miss Myanmar International နဲ့ Miss Universe Myanmar ပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

“စစချင်းကတော့ မော်ဒယ်အနေနဲ့ တီချယ်တင်မိုးလွင်ဆီမှာ သင်တန်းတွေ တက်တယ်။ သင်တန်းတွေတက်ရင်းနဲ့ Miss ပြိုင်ပွဲတွေ ဝင်တယ်။ အဲဒီတုန်းက နိုင်ငံတကာပြိုင်ပွဲတွေ မရှိသေးဘူး။ ပြည်တွင်းပွဲတွေ စင်တာပွဲတွေ အများကြီးကို ပြိုင်ခဲ့တယ်။ ၂၀၁၂ ၊ ၂၀၁၃ မှာမှ နိုင်ငံတကာပြိုင်ပွဲတွေ Join လာတာကြောင့် Miss Myanmar International နဲ့ Miss Universe Myanmar ၂ခုကို Join ဖြစ်ခဲ့တယ်”

“အဲဒီကနေတဆင့် ဘာဆက်လုပ်မလဲဆိုတာကို စဉ်းစားတယ်။ တချို့ကျတော့လည်း အနုပညာအလုပ်ကို မော်ဒယ်လုပ်နေရာကနေ သရုပ်ဆောင်လိုင်းကို ကူးသွားကြတာများတယ်။ ကိုယ်တိုင်လည်း ကူးမလားလို့ စဉ်းစားပေမယ့် ကျောင်းတက်နေတုန်းဆိုတော့ အချိန်မရဘူး။ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် စိတ်မကောင်းစွာနဲ့ ငြင်းခဲ့တာတွေရှိတယ်”လို့ အေးချမ်းမိုးက ဆိုပါတယ်။

မော်ဒယ်အလုပ်ကို လုပ်ကိုင်နေရင်း တဖက်မှာလည်း အနုပညာကြေး ရရှိတဲ့ငွေကြေးနဲ့ ဆေးကျောင်းတက်ခဲ့ပြီး အခုချိန်မှာတော့ ဆရာဝန်ဘွဲ့ ရရှိခဲ့ပေမယ့် အနုပညာအလုပ်များ လုပ်နေတဲ့အတွက် ဆရာဝန်အလုပ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ အေးချမ်းမိုးကပြောပါတယ်။

“နှမြောတာပေါ့နော်။ ၇ နှစ်တောင်အချိန်တွေ ပေးခဲ့ရတယ်။ စာတွေ ကျက်ခဲ့ရတယ်။ တဖက်မှာလည်း အနုပညာအလုပ်တွေ မလစ်ဟင်းအောင် စာမေးပွဲ ရှိတဲ့ရက်တွေမှာဆို အလုပ်တွေ ကြားထဲမှာ စာတွေ ကျက်ခဲ့ရတယ်။ မျက်ရည်ပေါင်းများစွာ ကျခဲ့ရတဲ့ စာမေးပွဲတွေ အများကြီး ရှိတယ်။ ရင်းနှီးခဲ့ရတာတွေ အများကြီးှ ရှိတယ်။ ကိုယ်တိုင်ကလည်း ရတဲ့အနုပညာကြေးနဲ့ ကျောင်းတက်ခဲ့ရတာဆိုတော့ အများကြီး ရင်းနှီးမြှုပ်နှံထားတဲ့ အရာတခုပေါ့” လို့ အေးချမ်းမိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာလည်း Miss Grand International 2017 ပြိုင်ပွဲကြီးမှာ အလှမယ် ရွှေအိမ်စည်ကိုယ်စား သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဝေဖန်တိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး သူမအနေနဲ့တော့ အကောင်းဆုံး ဆုံးဖြတ်ခဲ့တာပါလို့ ဆိုပါတယ်။

“တဖက်ကနေကြည့်ရင် တချို့ကလည်း ကိုယ်မှားတယ်လို့ သတ်မှတ်ကြတဲ့သူတွေရှိတယ်။ မှားတယ်ပြောတဲ့သူတွေလည်း ရှိတယ်။ အများကြီးပါပဲ။ လူတွေဟာ ကိုယ့်ဘာသာတော့ မှန်တယ်ထင်ကြတဲ့သူတွေပဲပေါ့။ ကိုယ့်ဘက်က ကြည့်ရင်မှန်တယ်။ သူများဘက်ကကြည့်ရင် မှားတယ် ဆိုတာမျိုးဖြစ်နိုင်ပါတယ်။ ဘာမှတော့ ထွေထွေထူးထူး ဘယ်သူမှားတယ် ဆိုပြီး မပြောချင်ဘူး။ ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံး ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်။ ကိုယ်တယောက်တည်းအတွက် မဟုတ်ပါဘူး” လို့ အေးချမ်းမိုးက ပြောပါတယ်။

သူမဆုံးဖြတ်ခဲ့တဲ့ အရာအားလုံးအတွက် နောင်တဆိုတာမျိုး မရခဲ့ဘဲ ဘဝတလျှောက်လုံးမှာ လုပ်ခဲ့တာတွေအတွက်လည်း လိပ်ပြာလုံတယ်လို့ ပြောပါတယ်။

“ဘယ်အရာမှ နောင်တမရခဲ့ဘူး။ ကိုယ်အကောင်းဆုံးလုပ်ခဲ့တယ်။ ဖြတ်သန်းလာတဲ့ ဘဝတလျှောက်မှာ ကိုယ်လုပ်တာတွေ အားလုံးအတွက်လည်း လိပ်ပြာလုံတယ်။ ကိုယ့်မိသားစုကိုလည်း အကောင်းဆုံး ဦးဆောင်ဦးရွက် ပြုနိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်” လို့အေးချမ်းမိုးက ပြောပါတယ်။

အေးချမ်းမိုးကတော့ လက်ရှိမှာတခြားသော အနုပညာအလုပ်များကို မလုပ်တော့ဘဲ MC (အခမ်းအနားမှူး) အလုပ်ကိုသာ လုပ်နေပြီး သူမ တတ်ကျွမ်းထားတဲ့ ဆေးပညာရပ်ဆိုင်ရာပွဲများမှာ ဝင်ရောက်ဆွေးနွေးတာမျိုးတွေ လုပ်ဖြစ်တယ်လို့ သိရပါတယ်။

The post ပရော်ဖက်ရှင်နယ် အလုပ်အဖြစ် Presenter အလုပ်ကို ရွေးချယ်ခဲ့တဲ့ မော်ဒယ် အေးချမ်းမိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...