နာမည်ကျော် ဟောလိဝုဒ်မင်းသား Brad Pitt ဟာ မင်းသမီး Charlize Theron နဲ့ တွဲနေတယ်လို့ သတင်းထွက် ပေါ်လာပါတယ်။
အသက် ၅၅ နှစ်အရွယ် မင်းသားနဲ့ အော်စကာဆုရမင်းသမီးတို့ဟာ မင်းသမီးရဲ့ ခင်ပွန်းလောင်း ဖြစ်ခဲ့ဖူးတဲ့ Sean Penn ရဲ့မိတ်ဆက်ပေးမှုနဲ့ သိကျွမ်းခဲ့ကြပြီးတဲ့နောက် တွဲနေတာ တလနီးပါးလောက် ရှိပြီလို့ဆိုပါတယ်။
သတင်းရင်းမြစ်တခုရဲ့အဆိုအရ သူတို့ဟာ အခုဆို တလနီးပါးလောက်ရှိတဲ့ အချိန်ကာလအတွင်းမှာ တွဲနေကြပြီ ဖြစ်တဲ့အကြောင်း Sean ကနေတဆင့်နှစ်ဦးသားသိကျွမ်းခဲ့ကြတာ ဖြစ်ပေမယ့် တချို့အရာတွေမှာ တိုးတက်မှုရှိလာ ခဲ့တဲ့အကြောင်း သိရပါတယ်။
သူတို့နှစ်ယောက်ရဲ့ ကောလာဟလအချစ်ဇာတ်လမ်းဟာဆိုရင် ဇနီးဟောင်း Angelina Jolieနဲ့ လမ်းခွဲပြီးတဲ့ အချိန်ကစလို့ မင်းသား Pitt ရဲ့ ပထမဆုံးအချစ်ရေးဇာတ်လမ်းတခုလည်းဖြစ်ပါတယ်။ မင်းသမီး Jennifer Anistonနဲ့ လက်ထပ်ခဲ့ဖူးတဲ့ မင်းသားဟာ အသက် ၄၃ နှစ်အရွယ် မင်းသမီး Charlizeနဲ့ ရုပ်ရှင်အထူးပွဲ တခုကို တက်ရောက်ခဲ့ပြီးတဲ့နောက် လော့စ်အင်ဂျလိစ်မြို့မှာ ပျော်ပျော်ပါးပါး တွဲနေခဲ့ကြတာကို မြင်တွေ့ခဲ့ကြရပါတယ်။
အတွင်းသတင်းတခုရဲ့အဆိုအရ မင်းသား Pitt ဟာ Chateau အိမ်ကြီးကို လာခဲ့ပြီး အဝတ်အစားလဲပြီးတော့ ဘားတခုမှာ မင်းသမီး Charlize နဲ့အတူ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
မင်းသားက သတ္တုဆားရည်ကိုသောက်ပြီး မင်းသမီးက ဗို့ဒ်ကာကော့တေးကို သောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ်ပဲ အချင်းချင်း အနီးကပ်ရှိခဲ့ကြပြီး မင်းသားရဲ့ လက်မောင်းက မင်းသမီးရဲ့ကျောကို သိုင်းဖက်ထားခဲ့ပါတယ်။ မင်းသား Pitt ဟာ တော်တော်လေး အခြေအနေကောင်းပြီး သူတို့နှစ်ဦးဟာ တော်တော်လေး ပျော်နေပုံရတယ်လို့ ဆိုပါတယ်။
အခုလိုမျိုးသတင်းတွေ ထွက်လာခဲ့ပေမယ့် မင်းသားဟာ တခြားနာမည်ကျော်တယောက်နဲ့ တွဲဆိုတာ မဖြစ်နိုင်သေးဘူးလို့ သူနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
၂၀၁၈ ခုနှစ်မှာ အချစ်ရေးကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဟောလိဝုဒ်မင်းသားဟာ နာမည်ကျော် မဟုတ်တဲ့ အမျိုးသမီးတဦးကိုသာ ချစ်လိုတယ်လို့ ဆိုကြပါတယ်။
Ref:asiaone
The post မင်းသမီး Charlize Theron နဲ့ တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသား Brad Pitt appeared first on ဧရာဝတီ.