Quantcast
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ‘Glass’ရုပ်ရှင်

အမေရိကန်နိုင်ငံတဝန်း မာတင်လူသာကင်းဂျူနီယာ ပိတ်ရက်အတွင်းမှာ “Glass” ရုပ်ရှင်ဟာ ရုံဝင်ငွေ ထိပ်ဆုံးနေရာကို လေးရက်ဝင်ငွေဒေါ်လာ ၄၇ သန်းရောက်ရှိ နေရာယူခဲ့တာကိုတွေ့ရပါတယ်။

ဇန်နဝါရီလနဲ့ မာတင်လူသာကင်း ပိတ်ရင်မှာ ပြသခဲ့ဖူးတဲ့ ရုပ်ရှင်တွေအထဲ ဒေါ်လာ ၁၀၇ သန်းရဖူးတဲ့ “American Sniper” နဲ့ ဒေါ်လာ ၄၈ သန်းရဖူးတဲ့ “Ride Along” ရုပ်ရှင်တို့ရဲ့ အနောက်တတိယနေရာကနေ လိုက်နေပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ “Unbreakable” နဲ့ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Split” ရုပ်ရှင်တို့ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း သဘာဝလွန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဟာ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀ ပဲရှိပေမယ့် အခုလိုမျိုး တာထွက်ကောင်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြီးတော့ “Unbreakable” နဲ့ “Split” ရုပ်ရှင်တွေရဲ့ အောင်မြင်မှုကြောင့် ဒီရုပ်ရှင်က အစကောင်းခဲ့တာလို့ သုံးသပ်ကြပါတယ်။

ဒါရိုက်တာ Shyamalan ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ထားတဲ့ “Glass” ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ Universal စတူဒီယိုကနေ ဖြန့်ချိပြီး ကမ္ဘာတဝန်းမှာတော့ Buena Vista International ကနေ ဦးစီးတာဖြစ်ပါတယ်။ အခုလိုမျိုး အမေရိကန်နိုင်ငံရဲ့ ထူးခြားတဲ့ ပိတ်ရက်မှာတော့ ပြသတဲ့ရုပ်ရှင်တွေ အနေနဲ့ ဝင်ငွေကောင်းတတ်ကြပေမယ့် စတူဒီယိုကတော့ “Glass” ရုပ်ရှင်အတွက် သိပ်ပြီးတော့ မျှော်မှန်းထားတာ မရှိဘူးလို့လည်း ဆိုပါတယ်။

STX Films နဲ့ Lantern ဖျော်ဖြေရေးကုမ္ပဏီတို့ရဲ့ “The Upside” ရုပ်ရှင်တို့ဟာ ပြီးခဲ့တဲ့ ဒုတိယမြောက် သီတင်းပတ်ကုန်ပိုင်း ဝင်ငွေမှာလည်း ဒေါ်လာ ၁၅ ဒဿမ ၆၇ သန်းနဲ့ ဝင်ငွေကောင်းခဲ့တာကိုလည်း တွေ့ရပါတယ်။ လေးရက်ရှိခဲ့တဲ့ ပိတ်ရက်မှာ ဒေါ်လာ ၁၉ ဒဿမ ၅ သန်းရရှိခဲ့ပါတယ်။

Warner Bros ရဲ့ “Aquaman” ရုပ်ရှင်ကတော့ DC ရဲ့ ပဉ္စမမြောက်သီတင်းပတ်မှာပဲ ဒေါ်လာ ၁၀ သန်းရခဲ့လို့ အခု မြောက်အမေရိက ဒေသတခုတည်းမှာပဲ ဒေါ်လာ သန်း ၃၀၀ ရသွားပြီဖြစ်ပါတယ်။ စုစုပေါင်း ဝင်ငွေကတော့ ဒေါ်လာ ၁ ဘီလီယံကျော်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဂျပန်အန်နီမေးရှင်းရုပ်ရှင် “Dragon Ball Super: Broly” ကတော့ အခု ဇန်နဝါရီလ ၂၁ ရက်နေ့လောက်ဆိုရင် တော့ တတိယနေရာအတွက် “Aquaman” ရုပ်ရှင်ကို ကျော်တက်သွားနိုင်ပါတယ်။ ပွဲဦးထွက်နေ့တုန်းက ဝင်ငွေ ဒေါ်လာ ၇ သန်းရရှိခဲ့ပြီး ပိတ်ရက်ကာလမှာ ဒေါ်လာ သန်း ၂၀ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: reuters

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ‘Glass’ ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...